သရဲကားဆို သိပ္မၾကည့္ရဲဘူးဆိုတဲ့ ရဲရင့္ေအာင္




ဂီတေလာကမွာ လူငယ္ပရိသတ္ေတြ အားေပးျခင္းခံရသူက အဆိုေတာ္ ရဲရင့္ေအာင္ ျဖစ္ပါတယ္။ ခ်ာတိတ္ေလးဘဝကေန သီခ်င္းေတြဖန္တီးလာၿပီး တျဖည္းျဖည္းရင့္က်က္လာေလ သီခ်င္းေတြကလည္း အသက္ဝင္လာေလ ျဖစ္ပါတယ္။

ဂီတမွာတင္မက အႏုပညာလိုင္းဘက္ ေပါင္းကူးခ်ိန္မွာလည္း ဦးဝင္းဦးေပါက္စနလို႔ မွတ္ခ်က္အေပးခံရပါတယ္။ လတ္တေလာမွာ ရဲရင့္ေအာင္က သီခ်င္းသစ္ေတြ ဖန္တီးေနသလို သရဲကားတစ္ခုမွာလည္း သ႐ုပ္ေဆာင္ထားပါတယ္။



“ေခၚသံ” သရဲ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ျဖစ္ပုံကို ရဲရင့္ေအာင္က ခုလိုေျပာပါတယ္။ “ဒီကားက ကိုဘိုဆန္းတို႔ဆီက ႐ိုက္တဲ့ကားလည္း ျဖစ္တယ္။ ၿပီးေတာ့ စီနီယာအကိုေတြလည္းပါတယ္။



ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္စရာေကာင္းမယ္လို႔လည္း ထင္တယ္။ ဇာတ္ကားပုံစံက ကြၽန္ေတာ္ကိုယ္တိုင္ ပရိသတ္အေနနဲ႔ ႀကိဳက္တယ္။ ကြၽန္ေတာ္က သရဲကားဆိုရင္ တစ္ကားလုံး ေၾကာက္စရာေကာင္းေနတာမ်ိဳး မၾကည့္ရဲဘူး။

ေပ်ာ္စရာေလး နည္းနည္းပါးပါးပါတာကို ႀကိဳက္တယ္။ အဲ့ဒါေၾကာင့္ လက္ခံျဖစ္တာပါ” ဆိုၿပီး ေျပာျပသြားပါတယ္။ စီနီယာေတြဆီက ပညာရတဲ့အေၾကာင္း ရဲရင့္ေအာင္က ခုလို ေျပာပါတယ္။



“ဇာတ္ကား႐ိုက္ကူးမႈအပိုင္းက တစ္ခါ႐ိုက္လိုက္တိုင္း ဒီထဲမွာပါတဲ့ အႏုပညာရွင္ေတြ စီနီယာေတြဆီကေန ရသင့္ရထိုက္တာေလးေတြ ျမင္တယ္။ ကြၽန္ေတာ့္အားနည္းခ်က္ကို ကြၽန္ေတာ္ ျပင္လို႔ရတယ္။

အခုလည္း အဲ့လိုပဲ ျဖစ္လာမယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္က အငယ္ဆုံးဆိုေတာ့ အကုန္လုံးဆီက ပညာရမယ္ထင္ပါတယ္” လို႔ ဆိုပါတယ္။ ဇာတ္ကားၾကည့္တိုင္း ေဖ်ာ္ေျဖေရးအေနနဲ႔ ၾကည့္တဲ့အေၾကာင္းလည္း ရဲရင့္ေအာင္က ခုလို ေျပာပါတယ္။

“ေရွ႕မွာ မွားခဲ့တဲ့အမွားေလးေတြ ထပ္မမွားေအာင္ ျပင္ဆင္ရတယ္။ ကြၽန္ေတာ္ ႀကိဳက္ႏွစ္သက္တဲ့ကားေလးေတြကို ၾကည့္ျဖစ္တဲ့အခါ ေဖ်ာ္ေျဖေရးအေနနဲ႔ ၾကည့္တယ္။

ကြၽန္ေတာ္က သီခ်င္းကို လြန္ခဲ့တဲ့ ေလးငါးႏွစ္က ေဖ်ာ္ေျဖေရးအေနနဲ႔ နားေထာင္ခဲ့တာ။ ေနာက္ပိုင္း သီခ်င္းကို စိတ္ႏွစ္ၿပီးလုပ္တဲ့အခ်ိန္မွာ ဘယ္သူ႔သီခ်င္းကိုမဆို serious ျဖစ္သြားေတာ့ ေပ်ာ္ဖို႔မေကာင္းေတာ့ဘူး။

အဲ့ဒါေၾကာင့္ အခုလည္း ဇာတ္ကားကို ေဖ်ာ္ေျဖေရးအေနနဲ႔ပဲ ၾကည့္ပါတယ္” ဆိုၿပီး ေျဖၾကားသြားပါတယ္။

ခရက္ဒစ္နာမည္ႀကီး

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဂီတလောကမှာ လူငယ်ပရိသတ်တွေ အားပေးခြင်းခံရသူက အဆိုတော် ရဲရင့်အောင် ဖြစ်ပါတယ်။ ချာတိတ်လေးဘဝကနေ သီချင်းတွေဖန်တီးလာပြီး တဖြည်းဖြည်းရင့်ကျက်လာလေ သီချင်းတွေကလည်း အသက်ဝင်လာလေ ဖြစ်ပါတယ်။

ဂီတမှာတင်မက အနုပညာလိုင်းဘက် ပေါင်းကူးချိန်မှာလည်း ဦးဝင်းဦးပေါက်စနလို့ မှတ်ချက်အပေးခံရပါတယ်။ လတ်တလောမှာ ရဲရင့်အောင်က သီချင်းသစ်တွေ ဖန်တီးနေသလို သရဲကားတစ်ခုမှာလည်း သရုပ်ဆောင်ထားပါတယ်။

“ခေါ်သံ” သရဲ ဇာတ်ကားမှာ သရုပ်ဆောင်ဖြစ်ပုံကို ရဲရင့်အောင်က ခုလိုပြောပါတယ်။ “ဒီကားက ကိုဘိုဆန်းတို့ဆီက ရိုက်တဲ့ကားလည်း ဖြစ်တယ်။ ပြီးတော့ စီနီယာအကိုတွေလည်းပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းမယ်လို့လည်း ထင်တယ်။ ဇာတ်ကားပုံစံက ကျွန်တော်ကိုယ်တိုင် ပရိသတ်အနေနဲ့ ကြိုက်တယ်။ ကျွန်တော်က သရဲကားဆိုရင် တစ်ကားလုံး ကြောက်စရာကောင်းနေတာမျိုး မကြည့်ရဲဘူး။

ပျော်စရာလေး နည်းနည်းပါးပါးပါတာကို ကြိုက်တယ်။ အဲ့ဒါကြောင့် လက်ခံဖြစ်တာပါ” ဆိုပြီး ပြောပြသွားပါတယ်။ စီနီယာတွေဆီက ပညာရတဲ့အကြောင်း ရဲရင့်အောင်က ခုလို ပြောပါတယ်။

“ဇာတ်ကားရိုက်ကူးမှုအပိုင်းက တစ်ခါရိုက်လိုက်တိုင်း ဒီထဲမှာပါတဲ့ အနုပညာရှင်တွေ စီနီယာတွေဆီကနေ ရသင့်ရထိုက်တာလေးတွေ မြင်တယ်။ ကျွန်တော့်အားနည်းချက်ကို ကျွန်တော် ပြင်လို့ရတယ်။

အခုလည်း အဲ့လိုပဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်က အငယ်ဆုံးဆိုတော့ အကုန်လုံးဆီက ပညာရမယ်ထင်ပါတယ်” လို့ ဆိုပါတယ်။ ဇာတ်ကားကြည့်တိုင်း ဖျော်ဖြေရေးအနေနဲ့ ကြည့်တဲ့အကြောင်းလည်း ရဲရင့်အောင်က ခုလို ပြောပါတယ်။

“ရှေ့မှာ မှားခဲ့တဲ့အမှားလေးတွေ ထပ်မမှားအောင် ပြင်ဆင်ရတယ်။ ကျွန်တော် ကြိုက်နှစ်သက်တဲ့ကားလေးတွေကို ကြည့်ဖြစ်တဲ့အခါ ဖျော်ဖြေရေးအနေနဲ့ ကြည့်တယ်။

ကျွန်တော်က သီချင်းကို လွန်ခဲ့တဲ့ လေးငါးနှစ်က ဖျော်ဖြေရေးအနေနဲ့ နားထောင်ခဲ့တာ။ နောက်ပိုင်း သီချင်းကို စိတ်နှစ်ပြီးလုပ်တဲ့အချိန်မှာ ဘယ်သူ့သီချင်းကိုမဆို serious ဖြစ်သွားတော့ ပျော်ဖို့မကောင်းတော့ဘူး။

အဲ့ဒါကြောင့် အခုလည်း ဇာတ်ကားကို ဖျော်ဖြေရေးအနေနဲ့ပဲ ကြည့်ပါတယ်” ဆိုပြီး ဖြေကြားသွားပါတယ်။

ခရက်ဒစ်နာမည်ကြီး

Recent Updates

Recent Posts Widget