“ေ႐ႊစည္းခုံေစတီေတာ္ႀကီးအတြက္ ခိုင္သင္းၾကည္တို႔ မိသားစု အလႉ”





ေညာင္ဦးၿမိဳ႕မွာရွိတဲ့ ေရႊစည္းခုံေစတီေတာ္ႀကီးမွာ သရုပ္ေဆာင္ခုိင္သင္းၾကည္က မိသားစုနဲ႔အတူကုသုိလ္ေကာင္းမႈေလး လုပ္ခဲ့တာကုိ ေတြ႔ရပါတယ္။



ခုိင္သင္းၾကည္က သူမရဲ႕ မိသားစုေလးနဲ႔ အတူ ေရႊစည္းခုံေစတီေတာ္မွာ ကုသုိလ္ယူခဲ့တယ္လုိ႔ ဆုိပါတယ္။ သူမဟာ မၾကာခဏ ဆုိသလုိ အလွဴအတန္းေတြ လုပ္ရတာ ဝါသနာပါတဲ့သူတစ္ေယာက္ပါ။

‘’ပဌာန္းရြတ္ဖတ္ပူေဇာ္၊ ေရႊသကၤန္းကပ္လွဴပူေဇာ္’’ ဆုိၿပီးေတာ့ ဇူလုိင္လ ၁ ရက္ေန႔ မနက္ ၉ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခ့ဲပါတယ္။ အဲဒီေနာက္ ေညာင္ဦးၿမိဳ႕ ေရႊစည္းခုံ ေစတီေတာ္ႀကီးမွာ ကုိခန္႔ႏုိင္+ ခုိင္သင္းၾကည္ မိသားစု ေကာင္းမႈ အလွဴေငြ တစ္သိန္းက်ပ္ ဆုိတဲ့ အလွဴမွတ္တမ္းေလးကုိလည္း တင္ခဲ့တာ ေတြ႔ရပါတယ္။ ဒီအလွဴအတြက္ အႏုပညာေမာင္ႏွမေတြနဲ႕ အတူ ပရိသတ္ေတြကလည္း သာဓု ၃ ႀကိမ္ ေခၚဆုိခဲ့ၾကပါေသးတယ္။



သူတုိ႔မိသားစုေလးဟာ မၾကာခဏဆုိသလို ေပ်ာ္ေပ်ာ္ပါးပါး ခရီးေတြ ထြက္ေနတာကုိ ေတြ႔ရပါတယ္။ လက္ရွိမွာလည္း နယ္မွာ ရုပ္ရွင္ဇာတ္ကားေတြ ဆက္တုိက္ရုိက္ကူူးေနတယ္လုိ႔ သိရပါတယ္။ အလုပ္လည္း လုပ္ရင္း ခရီးလည္း ထြက္ရင္း ကုသုိလ္ေရးအလုပ္ေတြကုိ ေဆာင္ရြက္တတ္သူပါ။ တစ္ခါတေလမွာလည္း နယ္မွာဇာတ္ကားရုိက္ေနရခ်ိန္ေတြဆုိ သူမတည္းခိုတဲ့ အိမ္မွာရွိတဲ့ ဘုရားေဝရာဝစၥေတြကုိလည္း လုပ္ေပးတတ္တယ္လုိ႔ သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။



သရုပ္ေဆာင္အကယ္ဒမီ ခုိင္သင္းၾကည္နဲ႕ ခ်စ္ရတဲ့ခင္ပြန္း ကုိခန္႔ႏုိင္တုိ႕မွာ အသက္ ၁၆ ႏွစ္အရြယ္ ခ်စ္စရာေကာင္းတဲ့ တစ္ဦးတည္းေသာ သမီးေလး စံထိပ္ထားဦးတုိ႔ကုိ ပုိင္ဆုိင္ထားပါတယ္။ စံထိပ္ထားဦးက လက္ရွိမွာ ေမေမ ခုိင္သင္းၾကည္နဲ႔ျဖစ္ေစ၊ တစ္ေယာက္တည္းျဖစ္ေစ တီဗီေၾကာ္ျငာေတြရုိက္ကူးေနတာေတြ႔ရပါတယ္။ ဒါေပမယ့္ ခုိင္သင္းၾကည္ကေတာ့ သမီးေလးကို ပညာေရးကုိသာ ဦးစားေပးေစခ်င္တယ္လုိ႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။



ခိုင္သင္းၾကည္ဟာ က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ဦးျဖစ္ၿပီ ့ပရိသတ္မ်ားရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။၂၀၁၃ခုႏွစ္က စုန္းျပဴး ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ရုပ္ရွင္ဇာတ္ကား နဲ႕ ေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ညောင်ဦးမြို့မှာရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီးမှာ သရုပ်ဆောင်ခိုင်သင်းကြည်က မိသားစုနဲ့အတူကုသိုလ်ကောင်းမှုလေး လုပ်ခဲ့တာကို တွေ့ရပါတယ်။
ခိုင်သင်းကြည်က သူမရဲ့ မိသားစုလေးနဲ့ အတူ ရွှေစည်းခုံစေတီတော်မှာ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ မကြာခဏ ဆိုသလို အလှူအတန်းတွေ လုပ်ရတာ ဝါသနာပါတဲ့သူတစ်ယောက်ပါ။

‘’ပဌာန်းရွတ်ဖတ်ပူဇော်၊ ရွှေသင်္ကန်းကပ်လှူပူဇော်’’ ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ညောင်ဦးမြို့ ရွှေစည်းခုံ စေတီတော်ကြီးမှာ ကိုခန့်နိုင်+ ခိုင်သင်းကြည် မိသားစု ကောင်းမှု အလှူငွေ တစ်သိန်းကျပ် ဆိုတဲ့ အလှူမှတ်တမ်းလေးကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဒီအလှူအတွက် အနုပညာမောင်နှမတွေနဲ့ အတူ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။
သူတို့မိသားစုလေးဟာ မကြာခဏဆိုသလို ပျော်ပျော်ပါးပါး ခရီးတွေ ထွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း နယ်မှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူူးနေတယ်လို့ သိရပါတယ်။ အလုပ်လည်း လုပ်ရင်း ခရီးလည်း ထွက်ရင်း ကုသိုလ်ရေးအလုပ်တွေကို ဆောင်ရွက်တတ်သူပါ။ တစ်ခါတလေမှာလည်း နယ်မှာဇာတ်ကားရိုက်နေရချိန်တွေဆို သူမတည်းခိုတဲ့ အိမ်မှာရှိတဲ့ ဘုရားဝေရာဝစ္စတွေကိုလည်း လုပ်ပေးတတ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။
သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်နဲ့ ချစ်ရတဲ့ခင်ပွန်း ကိုခန့်နိုင်တို့မှာ အသက် ၁၆ နှစ်အရွယ် ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးတို့ကို ပိုင်ဆိုင်ထားပါတယ်။ စံထိပ်ထားဦးက လက်ရှိမှာ မေမေ ခိုင်သင်းကြည်နဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ တီဗီကြော်ငြာတွေရိုက်ကူးနေတာတွေ့ရပါတယ်။ ဒါပေမယ့် ခိုင်သင်းကြည်ကတော့ သမီးလေးကို ပညာရေးကိုသာ ဦးစားပေးစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget