မင်းခန့်ကို၊ မင်းခန့်ညီတို့ အမြွာညီအကိုနဲ့ စပ်တူထိုးထားတဲ့ ထီပေါက်လို့ ပျော်နေတဲ့ သဇင်ထူးမြင့်




ဝါရင့်သရုပ်ဆောင်ကြီး ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် စတင်ခဲ့ပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သဇင်ထူးမြင့်လေးက သူငယ်ချင်းတွေဖြစ်ကြတဲ့ မင်းခန့်ကို၊ မင်းခန့်ညီတို့ အမြွာညီအကိုနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ မကြာခဏဆိုသလိုလည်း အတူတွေ့ရလေ့ရှိပါတယ်။ ဒီနေ့လေးမှာတော့ သဇင်ထူးမြင့်က သူငယ်ချင်း အမြွာညီအကိုနဲ့ အတူ စပ်ထိုးခဲ့တဲ့ ထီလေးပေါက်တယ်လို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူငယ်ချင်းတွေဆုံတုန်း အတူစပ်ထိုးခဲ့တဲ့ ထီလေးပေါက်လို့ သဇင်ထူးမြင့်တစ်ယောက် အရမ်းကို ပျော်နေတာပါနော်။


ချစ်ပရိသတ်တွေအတွက် မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ အမြွာညီအကိုနဲ့ စပ်တူထိုးထားတဲ့ ထီလေး ပေါက်တဲ့အကြောင်း ပြောလာတဲ့ သဇင်ထူးမြင့်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



သဇင်ထူးမြင့်ကတော့ “ဟိုးတနေ့ က ကျောင်းကအပြန် …Short Film တွက်editခန်းမသွားခင် ကိုMin Khant Ko နေမကောင်းလို့ ဆေးခန်းအရင်သွားမယ်ဆိုလို့ လိုက်သွားကြတာ…ဆေးခန်းရှေ့ မှာ ထီလှည်းတွေ့ တာနဲ့  AFFECTION Short Filmအမှတ်တရ ဆိုပြီးစပ်ထိုးကြတာ ခုငါးသောင်းပေါက်တယ်!!!! တကယ်ကိုအမှတ်တရပါပဲ…….” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ပျော်ရွှင်စွာ ပြောထားတာပါ။



မင်းခန့်ကို၊ မင်းခန့်ညီတို့ ညီအကိုနှစ်ယောက်နဲ့ သဇင်ထူးမြင့်တို့ အတူရိုက်ကူးထားတဲ့ “AFFECTION” ဆိုတဲ့ Short Film လေးကလည်း အရမ်းကြည့်လို့ကောင်းတာမို့ ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးသွားပါသေးတယ်နော်။ သူတို့သူငယ်ချင်းသုံးယောက်ကတော့ မကြာခင်မှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကံစပ်တဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းသုံးယောက်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thazin Htoo Myint’s Facebook

Credit  \\   original

Recent Updates

Recent Posts Widget