ေမြးေန႔မွာ အတူမရွိေပးနိုင္လို႕ အေမ့ကို အၾကိဳေမြးေန႕လုပ္ေပးခဲ့တဲ့ ဦးေက်ာ္သူ
ေက်ာ္သူကေတာ႕ တစ္ေခတ္တခါက ေအာင္ျမင္ေက်ာ္ၾကားခဲ႕တဲ႕ ျမန္မာနိုင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္ဦးပဲျဖစ္ျပီး ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည္႕အ၀ရရွိထားနိုင္ခဲ႕တဲ႕ မင္းသားေခ်ာတစ္လက္ပဲျဖစ္ပါတယ္။ေက်ာ္သူက ဥပဓိရုပ္ ခန္႕ညားတည္ၾကည္ ၾကည္႕ေကာင္းျပီး က်ရာဇာတ္ရုပ္ကိုလည္း ပီပီျပင္ျပင္ သရုပ္ေဆာင္နိုင္တာေၾကာင္႕လည္း ပရိသတ္အားေပးခ်စ္ခင္မႈကို အျပည္႕အ၀ရရွိခဲ႕တဲ႕ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္။
ေက်ာ္သူကအသက္အရြယ္ရလာတဲ႕ အခ်ိန္မွာေတာ႕ အနုပညာအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကိုပိုမိုလုပ္ကိုင္လာျပီးျမန္မာနိုင္ငံအႏွံ႕အျပားမွာ သာေရးနာေရး စတဲ႕ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို စိတ္ေရာကိုယ္ပါ အားက်ိဳးမာန္တက္လုပ္ေဆာင္ေနတာလည္း အမွန္ပါ။ေက်ာ္သူရဲ႕ဇနီးျဖစ္သူကလည္းပါရမီျဖည္႔ဖက္ေကာင္းလို႕ဆိုရေလာက္ေအာင္ ပရဟိတအလုပ္ေတြကို ေက်ာ္သူနဲ႕အတူတကြပူးေပါင္းလုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။
လတ္တေလာမွာေတာ႕ ေက်ာ္သူက မနက္ျဖန္ ဇူလိုင္လ (၇)ရက္ေန႕မွာ က်ေရာက္တဲ႕ သူရဲ႕ အေမေမြးေန႕မွာ တူတူရွိမေနနိုင္တဲ႕ အတြက္ ဒီေန႔မွာ ေမြးေန႕အၾကိဳပြဲေလးျပဳလုပ္ေပးခဲ႕တာပဲျဖစ္ျပီး”ယေန႔ည (၁:၃၀) ကြ်န္ေတာ္နဲ႔ေရႊဇီးကြက္ အေမရီကန္ႏိုင္ငံရွိသားႀကီးျပည္သိမ္းေက်ာ္နဲ႔သူ၏ခ်စ္ဇနီး ယမင္းခင္ေဇာ္တို႔ထံ ေခတၱ သြားလိုက္ပါဦးမည္။ မနက္ျဖန္ (၇)ဇူလိုင္ အေမ့ေမြးေန႔ျဖစ္သည္။အေမ အသက္(၈၂)ႏွစ္ျပည့္ၿပီျဖစ္သည္။ မနက္ျဖန္ ကြ်န္ေတာ္တို႔ ရန္ကုန္တြင္မရွိ ေလယာဥ္ပ်ံေပၚေရာက္ေနၾကၿပီျဖစ္သည့္အတြက္ ယေန႔နံနက္ အေမ့အိမ္သြား၍အေမ့ေမြးေန႔အတြက္ သီးသန္႔မွာထားသည့္ကိတ္မုန္႔အားသြားေရာက္ေပးကာ ကန္ေတာ့ခဲ့ၾကသည္။”လို႕ သူ႕ရဲ႕လူမႈကြန္ရက္ စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ၾကီးေရ ေက်ာ္သူရဲ႕ အေမ (၈၂)ျပည္႕ေမြးေန႕အတြက္ ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးပါဦးေနာ္။
credit – celegabar
Unicode ျဖင့္ဖတ္ရန္
ကျော်သူကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားနိုင်ခဲ့တဲ့ မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ကျော်သူက ဥပဓိရုပ် ခန့်ညားတည်ကြည် ကြည့်ကောင်းပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
ကျော်သူကအသက်အရွယ်ရလာတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကိုပိုမိုလုပ်ကိုင်လာပြီးမြန်မာနိုင်ငံအနှံ့အပြားမှာ သာရေးနာရေး စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ အားကျိုးမာန်တက်လုပ်ဆောင်နေတာလည်း အမှန်ပါ။ကျော်သူရဲ့ဇနီးဖြစ်သူကလည်းပါရမီဖြည့်ဖက်ကောင်းလို့ဆိုရလောက်အောင် ပရဟိတအလုပ်တွေကို ကျော်သူနဲ့အတူတကွပူးပေါင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ကျော်သူက မနက်ဖြန် ဇူလိုင်လ (၇)ရက်နေ့မှာ ကျရောက်တဲ့ သူရဲ့ အမေမွေးနေ့မှာ တူတူရှိမနေနိုင်တဲ့ အတွက် ဒီနေ့မှာ မွေးနေ့အကြိုပွဲလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပြီး”ယနေ့ည (၁:၃၀) ကျွန်တော်နဲ့ရွှေဇီးကွက် အမေရီကန်နိုင်ငံရှိသားကြီးပြည်သိမ်းကျော်နဲ့သူ၏ချစ်ဇနီး ယမင်းခင်ဇော်တို့ထံ ခေတ္တ သွားလိုက်ပါဦးမည်။ မနက်ဖြန် (၇)ဇူလိုင် အမေ့မွေးနေ့ဖြစ်သည်။အမေ အသက်(၈၂)နှစ်ပြည့်ပြီဖြစ်သည်။ မနက်ဖြန် ကျွန်တော်တို့ ရန်ကုန်တွင်မရှိ လေယာဉ်ပျံပေါ်ရောက်နေကြပြီဖြစ်သည့်အတွက် ယနေ့နံနက် အမေ့အိမ်သွား၍အမေ့မွေးနေ့အတွက် သီးသန့်မှာထားသည့်ကိတ်မုန့်အားသွားရောက်ပေးကာ ကန်တော့ခဲ့ကြသည်။”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ကျော်သူရဲ့ အမေ (၈၂)ပြည့်မွေးနေ့အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦးနော်။
credit – celegabar








