မြင်သူတကာ ငေးမောရလောက်တဲ့ အမိုက်စားဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ နန်းဆုရတီစိုး
သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ ပရိသတ်လက်ခံအားပေးနေကြတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သူမရဲ့စိတ်ကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေတိုးလာသူလေးဆိုလည်း မမှားပါဘူး။ အမြဲလိုလို ဖက်ရှင်ကျကျ ဝတ်စားတတ်တဲ့ နန်းဆုကတော့ လတ်တလောမှာလည်း L’Oréal ပွဲသို့ မြင်သူတကာ ငေးမောယူရလောက်တဲ့ ဖက်ရှင်နဲ့ အမိုက်စားတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အစိမ်းရောင် ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို နန်းဆန်နေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို လှရက်လွန်းနေတဲ့ နန်းဆုရတီစိုးရဲ့ အလန်းစားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နန်းဆုကတော့ “L’Oréal ပွဲတက်🧡💚A Golden Emerald Princess 💚🧡” ဆိုပြီး အစိမ်းရောင် ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။
“ပြည်သူတစ်ရပ်လုံးကို တရားဥပဒေက မုဒိမ်းကျင့်တယ်လို့ ထင်တယ်” လို့ ဆိုလာတဲ့ လင်းလင်း
လှရက်လိုက်တာ နန်းဆုရယ်❤
နန်းဆုကတော့ လတ်တလောမှာ သီချင်းအသစ်တွေ ဖန်တီးဖြစ်နေပြီး ရှိုးပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေတာပါ။
နန်းဆုသီဆိုထားတဲ့ ကမ်းမဲ့လှေ သီချင်းကလည်း ပရိသတ်တွေကြားမှာ တော်တော်လေးကို နာမည်ကြီးသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လှချင်တိုင်းလှနေတဲ့ အစိမ်းရောင် နတ်မိမယ်လေး နန်းဆုကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original






