ဖတ္လိုက္တိုင္းၿပဳံးမိသြားေစမယ့္ မေအးေသာင္းရဲ႕ အမိုက္စား စကားလုံးေတြ
အပ်ိဳႀကီးမေအးေသာင္းတို႔ကေတာ့ ပုံေလးေတြတင္လိုက္တိုင္း အၿမဲတမ္းရင္ခုန္ခ်င္စရာ စကားလုံးေတြကိုေရးသားတတ္သူတစ္ေယာက္ပါ။ အသက္သုံးဆယ္ေက်ာ္လာေပမယ့္ ႏွလုံးသားကေတာ့ ႏုႏုေလးဆိုတာ သူမရဲ႕စကားလုံးေတြက သက္ေသပါပဲ။ ခ်စ္ဖို႔ေကာင္း လြန္းတဲ့ မႏၲလာသူ ညိဳေခ်ာေလးရဲ႕စကားလုံးေတြေအာက္မွာ အတုန္းအ႐ုံးက်ရႈံးသူ ေတြ အမ်ားအျပားပါ။ သိပ္ကိုစကားတတ္တဲ့ အပ်ိဳႀကီးမမက သူမရဲ႕ရင္ခုန္ဖြယ္ရာ ပုံရိပ္ေတြ နဲ႔ဖမ္းစားလို႔ အားမရတဲ့အျပင္ စကားလုံးအလန္းစားေတြနဲ႔ပါ အျပတ္အသတ္ကိုခ်ဳပ္လြန္း ပါတယ္။
ငယ္စဥ္ကတည္းက အႏုပညာအလုပ္ကို ႐ူးသြပ္စြာလုပ္ခဲ့ၿပီး ေခတၱအနားယူၿပီး ေနာက္ပိုင္းမွာေတာ့ ျပန္လည္ဝင္ေရာက္လာခဲ့တာပဲျဖစ္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးျဖစ္ တဲ့ ” ေ႐ႊလြန္းသံ ” ပိုးထည္ကိုလည္း ဦးေဆာင္ေနၿပီး သူမရဲ႕အႏုပညာအလုပ္ေတြကို လည္း မလစ္ဟင္းရေအာင္ အၿမဲတမ္းေစ့စပ္သူတစ္ေယာက္ပါ။ ခ်စ္ရတဲ့ မႏၲလာသား ေလးကိုလည္း လြမ္းေၾကာင္းအၿမဲလိုလို ေရးဖြဲ႕တတ္တဲ့ အပ်ိဳႀကီးရဲ႕အခ်စ္စကားလုံးေတြ ေအာက္မွာ ခ်စ္သူတစ္ေယာက္ေတာ့ အျပတ္အသတ္ကိုေႂကြဆင္းေနမွာ အေသအခ်ာ ပါပဲ။
သူမရဲ႕ျမန္မာဆန္ဆန္ပုံရိပ္ေတြကို ” မင္းနဲ႔အတူမသြားဖူးတဲ့ေနရာမွာ မင္းကိုလြမ္းရတာ လည္း အရသာတမ်ိဳးပါ ခ်စ္သူ။ 11:11 ေရာက္တိုင္း 1 မိနစ္အတြင္းဆုေတာင္းပါတယ္။ မင္းလည္းကိုယ့္လိုသတိရပါေစ။ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ဘယ္အခ်ိန္ၾကည့္ ၾကည့္ က်က္သေရရွိရွိ လွလြန္းေနတဲ့ အပ်ိဳႀကီးရဲ႕ လုံးႀကီးေပါက္လွပုံရိပ္ေတြကို တင္ဆက္ေပးလိုက္ၿပီေနာ္။
Photo – Aye Thaung,CRD-Myanmar Load
UNICODE
ဖတ်လိုက်တိုင်းပြုံးမိသွားစေမယ့် မအေးသောင်းရဲ့ အမိုက်စား စကားလုံးတွေ
အပျိုကြီးမအေးသောင်းတို့ကတော့ ပုံလေးတွေတင်လိုက်တိုင်း အမြဲတမ်းရင်ခုန်ချင်စရာ စကားလုံးတွေကိုရေးသားတတ်သူတစ်ယောက်ပါ။ အသက်သုံးဆယ်ကျော်လာပေမယ့် နှလုံးသားကတော့ နုနုလေးဆိုတာ သူမရဲ့စကားလုံးတွေက သက်သေပါပဲ။ ချစ်ဖို့ကောင်း လွန်းတဲ့ မန္တလာသူ ညိုချောလေးရဲ့စကားလုံးတွေအောက်မှာ အတုန်းအရုံးကျရှုံးသူ တွေ အများအပြားပါ။ သိပ်ကိုစကားတတ်တဲ့ အပျိုကြီးမမက သူမရဲ့ရင်ခုန်ဖွယ်ရာ ပုံရိပ်တွေ နဲ့ဖမ်းစားလို့ အားမရတဲ့အပြင် စကားလုံးအလန်းစားတွေနဲ့ပါ အပြတ်အသတ်ကိုချုပ်လွန်း ပါတယ်။
ငယ်စဉ်ကတည်းက အနုပညာအလုပ်ကို ရူးသွပ်စွာလုပ်ခဲ့ပြီး ခေတ္တအနားယူပြီး နောက်ပိုင်းမှာတော့ ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ ” ရွှေလွန်းသံ ” ပိုးထည်ကိုလည်း ဦးဆောင်နေပြီး သူမရဲ့အနုပညာအလုပ်တွေကို လည်း မလစ်ဟင်းရအောင် အမြဲတမ်းစေ့စပ်သူတစ်ယောက်ပါ။ ချစ်ရတဲ့ မန္တလာသား လေးကိုလည်း လွမ်းကြောင်းအမြဲလိုလို ရေးဖွဲ့တတ်တဲ့ အပျိုကြီးရဲ့အချစ်စကားလုံးတွေ အောက်မှာ ချစ်သူတစ်ယောက်တော့ အပြတ်အသတ်ကိုကြွေဆင်းနေမှာ အသေအချာ ပါပဲ။
သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်တွေကို ” မင်းနဲ့အတူမသွားဖူးတဲ့နေရာမှာ မင်းကိုလွမ်းရတာ လည်း အရသာတမျိုးပါ ချစ်သူ။ 11:11 ရောက်တိုင်း 1 မိနစ်အတွင်းဆုတောင်းပါတယ်။ မင်းလည်းကိုယ့်လိုသတိရပါစေ။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့် ကြည့် ကျက်သရေရှိရှိ လှလွန်းနေတဲ့ အပျိုကြီးရဲ့ လုံးကြီးပေါက်လှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။
Photo – Aye Thaung,CRD-Myanmar Load





