သူ့ဘဝရဲ့ အကြီးမားဆုံးပြောင်းလဲမှုတွေအကြောင်း အသိပေးလာတဲ့ နေတိုး
သဘာဝဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့အဝှမ်း ပရိသတ်တွေအားလုံးချစ်ကြရတဲ့ သရုပ်ဆောင် မင်းသား နေတိုးကိုတော့ အားလုံးချစ်ကြမယ်ထင်ပါတယ်။ အခု အားလုံးချစ်ကြရတဲ့ သူ့အကြောင်းတွေကို Myanmar Celebrity နဲ့အင်တာဗျူးမှာ ပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။
နေတိုးက သူ့ရဲ့ ပြောင်းလာမှု အပေါ်မှာ သူရဲ့ရင်ခုန်သံတွေကို “အဆင့်ဆင့် ပြောင်းလဲမှုတွေကတော့ရှိတယ် ဒါပေမယ့် သိသိသာသာပြောင်းလဲလာတာကတော့ ကျနော်စပြီး အလုပ်လုပ်တဲ့အချိန်တုန်းက ဆံပင်အလယ်ခွဲကနေစပြီး ခေတ်အလိုက် သူ့ဟာနဲ့သူပြောင်းလဲသွားတာ ပေါ့ ။ တကယ်ကတော့ ယှဉ်ကြည့်မှာ ပဲ ဘယ်လောက်ထိပြောင်းလဲသွားဆိုတာ သိနိုင်တယ် ။ ဟိုတလောကလည်း နှစ်နှစ်ဆယ်ကျော်လောက်က ပုံလေးတွေ ကျနော်တင်ဖြစ်တယ် ပေါ့ ။ အဲ့ဒီအချိန်တုန်းကတော့ အဲ့ဒီပုံစံပေါ့ အခုချိန်မှာတော့ ပြန်လည်း မရနိုင်တော့ဘူး ဆိုတော့ နုပျိုခြင်း ဆိုတာကတော့ အဲ့ဒီအချိန်တုန်းက နဲ့အခုဆိုရင် အရမ်းလည်းကွာဟ သွားတယ် ပေါ့နော် ။
ဒါပေမယ့် ကံကောင်း တာတစ်ခုကတော့ ပရိသတ်ရဲ့ အားပေးမှုအရှိန်အဟုန်ကတော့ ရှိနေတုန်းပဲဆိုတော့ အဲ့ဒါလေးတစ်ခုကတော့ ကျနော့်ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ တော်တော်လေးကံ ကောင်းတဲ့ ဆုတစ်ခုလို့ပြောရမှာ ။ မိမိ ကိုယ်ကိုယ် မိမိ ပရိသတ်ကို အနုပညာရှင်တစ်ယောက် အနုပညာစိတ်ရှိတဲ့သူတစ်ယောက် က အနုပညာဖန်တီးခွင့်ကို အခုချိန်ထိ ပရိသတ်လိုလိုလားလား တောင့်တနေတုန်းပဲဆိုတဲ့ဟာက ကျနော့်အတွက် အင်အားအရမ်းဖြစ်စေတာပေါ့ ။ ဆက်လက်ပြီးတော့လည်း အခုလိုမျိုး အင်အားတွေအမြဲတမ်းရနိုင်အောင် ပရိသတ်လက်ခံတဲ့ ၊ ပရိသတ်ချစ်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်အောင်လည်း အမြဲတမ်းကြိုးစားသွားမှာပါ ။” ဆိုပြီးပြောပြသွားပါတယ် ။
Live လွှင့်ခဲ့တဲ့ အပေါ်က သူရဲ့ရှင်းပြချက်ကတော့ “ Promotion Team က တော်တော်လေး အိုင်ဒီယာကောင်းတယ် လို့ပြောရမယ် ကျနော်တို့ကလည်း Promotion Team တွေနဲ့ အလုပ်လုပ်နေတဲ့အခါကျတော့ ဒီစကားလုံးလေးကို ရွေးပေးတာပေါ့ တကယ်တမ်း ဆိုရင်တော့ ဒီနှစ်ပါးသွား Update ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးက ဒီလိုမျိုးဖြစ်အောင်လုပ်တာ လို့တော့မဟုတ်ဘူး ဒါပေမယ့် ကျနော်တို့က Introduce အနေနဲ့ ဒီလိုမျိုးလေးပေါ့ နော် Update ဆိုတာကကျ စကားလုံးက အခု ဗန်းစကားလိုမျိုးလည်း ဖြစ်နေတော့ ဒီစကားလုံးလေးကို ကျနော်တို့ သုံးပြီးတော့မှ ကျနော် ပိုစ့်လုပ်လိုက်တာပါ ။
ပရိသတ်က နားလည်မှုတစ်မျိုးဖြစ်ပြီးတော့ ရင်ခုန်သံ မျိုးဖြစ်သွားတဲ့အခါကျတော့ တကယ်တန်းဆိုရင်တော့ ဘယ်လိုပြောရမလဲ ပရိသတ် ရင်ခုန်မှုဆိုတာလည်း ရှင်သန်မှုတစ်ခုပါဆိုတော့ ကောင်းပါတယ် ။ ကျနော်တို့ အခုရင်ခုန်အောင် လုပ်ပေးနိုင်တဲ့ အတွက်လည်း ဘာပဲဖြစ်ဖြစ်လေ ကျနော့်အနေနဲ့ ပျော်စရာကောင်းတယ် ။ ပရိသတ်တွေအနေနဲ့ ရင်ခုန်စရာတစ်ခု အနေနနဲ့သော်လည်းကောင်း စိတ်ဝင်စားစရာ တစ်ခုအနေနဲ့သော်လည်းကောင်း ရင်ခုစိတ်လှုပ်ရှားမှုတွေ အသစ်ဖြစ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဘဝမှာနေထိုင်ရတာ နည်းနည်းလေး အနိမ့်အမြင့်လေးရှိတာပေါ့ ။(သဘောကျလျက်)”ပြောပြသွားပါတယ်။
Credit \\ original



