လက္ေရးအလွၿပိဳင္ပြဲမွာ ..လက္ႏွစ္ဖက္မပါတဲ့ ကေလးမေလးက.. အႏုိင္ရရွိ
ေမြး ရာ ပါ လက္ ႏွစ္ဘက္မပါတဲ့ ေကာင္မေလးတစ္ေယာက္ဟာ လက္ေရးလွၿပိဳင္ပြဲမွာ ပထမဆု ရရွိခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံ ေမရီလန္႔ျပည္နယ္က ဆယ္ႏွစ္အရြယ္ ဆာရာဆိုတဲ့ ေကာင္မေလးဟာ (၂၀၁၉)ခုႏွစ္၊ ဇာနာဘလိုဇာလက္ေရးအလွၿပိဳင္ပြဲမွာ ဒိုင္လူႀကီးမ်ား လက္ဖ်ားခါေလာက္ေအာင္ အ့ံအားသင့္ေစခဲ့ပါတယ္။
ဆု ကေ တာ့ ေက်ာင္းသားေတြရဲ႕ လိုအပ္ခ်က္ေတြကို ႏွစ္စဥ္ႏွစ္တိုင္း ျဖည့္ဆည္းေပးတဲ့ ဆုပဲျဖစ္ပါတယ္။ ဆာရာဟာ သူမရဲ႕ လက္ႏွစ္ဘက္ထဲမွာ ေဘာပင္ကို ညွပ္ၿပီးေတာ့ သူမရဲ႕ စာေရးနည္းစနစ္ကို ထုတ္ျပခဲ့ပါတယ္။ ဆာရာကို တရုတ္ျပည္မွာ ေမြးခဲ့ၿပီး (၆)ႏွစ္အရြယ္မွာ-
အေမ ရိ ကန္ မိသားစုတစ္စုက ေမြးစားခဲ့တာပါ။ “ကၽြန္မက စာေရးရတာကို ႀကိဳက္ပါတယ္ … စာေရးရတာက အႏုပညာတစ္ခုလိုပါပဲ” လုိ႔ ေျပာပါတယ္။ သူမရဲ႕အေမ Cathryn က “ကၽြန္မတို႔ ကေလးကို ဆုံးျဖတ္ခ်က္ မွန္မွန္ကန္ကန္ ခ်တတ္ဖို႔ ျမန္ျမန္ဆန္ဆန္ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ေအာင္-
သင္ေ ပး ခဲ့ၾကပါတယ္ … ကေလးကို ကိုယ္က လုပ္ခိုင္းတာထက္ သူလုပ္ခ်င္တာ ေတြကိုလည္း ဆုံးျဖတ္ခ်က္ခ်ခြင့္ ေပးထားပါတယ္ … သူမကိုေတြ႔ရင္ ရွင္တို႔ သူ႔ကို မသန္စြမ္းလို႔ ဘယ္ေတာ့မွ ျမင္ရမွာမဟုတ္ဘူး … ဘာလို႔လဲဆိုေတာ့ သမီးမွာ အသစ္အဆန္း ဖန္တီးခ်င္စိတ္ ျပင္းျပမႈေတြ၊ ဘာပဲျဖစ္ျဖစ္ လုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ဓာတ္ရွိလုိပါပဲ” လို႔ ေျပာပါတယ္။
ဆာ ရာ ဟာ စာေရးရတာအျပင္ စစ္တုရင္ထိုးတာ၊ ေရးကူးတာနဲ႔ ပန္းပုထုရတာကိုလည္း စိတ္ဝင္တစား ရွိပါတယ္။ ဆာရာရဲ႕ အရာရာကို အရႈံမေပးမႈ၊ အရာရာကို ဖန္းတီးလိုစိတ္ ျပင္းျပမႈ၊ အရာရာ ႀကိဳးစားလိုစိတ္ ျပင္းထန္မႈေတြက ဒီဆုကို ယူေပးတယ္ဆိုရင္ မွားပါဘူး။
Credit \\ original
Unicode Version
မွေး ရာ ပါ လက် နှစ်ဘက်မပါတဲ့ ကောင်မလေးတစ်ယောက်ဟာ လက်ရေးလှပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မေရီလန့်ပြည်နယ်က ဆယ်နှစ်အရွယ် ဆာရာဆိုတဲ့ ကောင်မလေးဟာ (၂၀၁၉)ခုနှစ်၊ ဇာနာဘလိုဇာလက်ရေးအလှပြိုင်ပွဲမှာ ဒိုင်လူကြီးများ လက်ဖျားခါလောက်အောင် အံ့အားသင့်စေခဲ့ပါတယ်။
ဆု ကေ တာ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို နှစ်စဉ်နှစ်တိုင်း ဖြည့်ဆည်းပေးတဲ့ ဆုပဲဖြစ်ပါတယ်။ ဆာရာဟာ သူမရဲ့ လက်နှစ်ဘက်ထဲမှာ ဘောပင်ကို ညှပ်ပြီးတော့ သူမရဲ့ စာရေးနည်းစနစ်ကို ထုတ်ပြခဲ့ပါတယ်။ ဆာရာကို တရုတ်ပြည်မှာ မွေးခဲ့ပြီး (၆)နှစ်အရွယ်မှာ-
အမေ ရိ ကန် မိသားစုတစ်စုက မွေးစားခဲ့တာပါ။ “ကျွန်မက စာရေးရတာကို ကြိုက်ပါတယ် … စာရေးရတာက အနုပညာတစ်ခုလိုပါပဲ” လို့ ပြောပါတယ်။ သူမရဲ့အမေ Cathryn က “ကျွန်မတို့ ကလေးကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချတတ်ဖို့ မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ဖြစ်အောင်-
သင်ေ ပး ခဲ့ကြပါတယ် … ကလေးကို ကိုယ်က လုပ်ခိုင်းတာထက် သူလုပ်ချင်တာ တွေကိုလည်း ဆုံးဖြတ်ချက်ချခွင့် ပေးထားပါတယ် … သူမကိုတွေ့ရင် ရှင်တို့ သူ့ကို မသန်စွမ်းလို့ ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူး … ဘာလို့လဲဆိုတော့ သမီးမှာ အသစ်အဆန်း ဖန်တီးချင်စိတ် ပြင်းပြမှုတွေ၊ ဘာပဲဖြစ်ဖြစ် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိလိုပါပဲ” လို့ ပြောပါတယ်။
ဆာ ရာ ဟာ စာရေးရတာအပြင် စစ်တုရင်ထိုးတာ၊ ရေးကူးတာနဲ့ ပန်းပုထုရတာကိုလည်း စိတ်ဝင်တစား ရှိပါတယ်။ ဆာရာရဲ့ အရာရာကို အရှုံမပေးမှု၊ အရာရာကို ဖန်းတီးလိုစိတ် ပြင်းပြမှု၊ အရာရာ ကြိုးစားလိုစိတ် ပြင်းထန်မှုတွေက ဒီဆုကို ယူပေးတယ်ဆိုရင် မှားပါဘူး။
Credit \\ original




