“အကိုျဖစ္သူမွ ညီမရင္းကို အဓမၼျပဳက်င့္ရန္ ႀကံစည္မႈျဖစ္ပြား”
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ ေရႊျပည္သာ ေက်းရြာ၌ အသက္ ၁၂ ႏွစ္ ညီမအရင္းကို ၎၏ အစ္ကိုရင္း လက္ရွိအိမ္ေထာင္သည္ကေလး ၂ ဦးဖခင္က အဓမၼျပဳက်င့္ရန္ႀကံစည္မႈ ျဖစ္ပြားေၾကာင္း စုံစမ္းသိရွိ ရသည္။
“၂၀၁၉ ဇူလိုင္လ ၂ ရက္ေန႔ ညည့္အခ်ိန္တြင္ ေနအိမ္တြင္ ျပစ္မႈက်ဴးလြန္သူ မိုးေအာင္ေက်ာ္ႏွင့္ ၎၏ဇနီး (တရားလို) တို႔လင္မယားႏွင့္အတူ ကေလးႏွစ္ဦးအျပင္ တစ္အိမ္တည္းအတူေန က်ဴးလြန္ခံရသည့္ ၁၂ ႏွစ္အရြယ္ ညီမရင္းတို႔မွာေနအိမ္၌ အိပ္ေပ်ာ္၍ေနၾကစဥ္တြင္ ညီမရင္းကိုႀကံစည္သြားခဲ့ျခင္းျဖစ္ေၾကာင္း” ရဲမွတ္တမ္း အရ သိရွိရသည္။
ျပစ္မႈက်ဴးလြန္သူ၏ဇနီးမွ “ဇူလိုင္လ ၂ ရက္ေန႔ ညအခ်ိန္မွာျဖစ္ပြားတာကို မနက္ေရာက္ေတာ့ ဇႏွီးမွ မသကၤာတဲ့အတြက္ ခင္ပြန္းအလုပ္သြားေနခ်ိန္မွာ ေယာက္မကို မသကၤာသျဖင့္ မ—- ၁၂ ႏွစ္ ကို ေမးျမန္းရာ အစ္ကိုျဖစ္သူမိုးေအာင္ေက်ာ္က ညည့္တုန္းက အဓမၼျပဳက်င့္ရန္ႀကံစည္ခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္မတိုင္ခင္လြန္ခဲ့ေသာ ၁ လခန္႔ကလည္း အလားတူ ၂ ႀကိမ္ခန္႔ ျပဳက်င့္ရန္ႀကံစည္ဖူးေၾကာင္း စသျဖင့္ ေျပာဆိုခဲ့သည္ဟု သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ျပစ္မႈက်ဴးလြန္သူ၏ ဇႏွီးမွ ခင္ပြန္းျဖစ္သူ မိုးေအာင္ေက်ာ္တြင္ ညီမရင္းရွာ ၎၏ ေယာက္မအား အဓမၼျပဳက်င့္ရန္ႀကံစည္မႈသျဖင့္ အေရးယူေပးရန္ တိုင္တန္းေသာေၾကာင္း ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၅၁၁ ျဖင့္ ကသာၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူထားေၾကာင္း စုံစမ္းသိရွိရသည္။
Credit: RND
Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ရွှေပြည်သာ ကျေးရွာ၌ အသက် ၁၂ နှစ် ညီမအရင်းကို ၎င်း၏ အစ်ကိုရင်း လက်ရှိအိမ်ထောင်သည်ကလေး ၂ ဦးဖခင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိ ရသည်။
“၂၀၁၉ ဇူလိုင်လ ၂ ရက်နေ့ ညည့်အချိန်တွင် နေအိမ်တွင် ပြစ်မှုကျူးလွန်သူ မိုးအောင်ကျော်နှင့် ၎င်း၏ဇနီး (တရားလို) တို့လင်မယားနှင့်အတူ ကလေးနှစ်ဦးအပြင် တစ်အိမ်တည်းအတူနေ ကျူးလွန်ခံရသည့် ၁၂ နှစ်အရွယ် ညီမရင်းတို့မှာနေအိမ်၌ အိပ်ပျော်၍နေကြစဉ်တွင် ညီမရင်းကိုကြံစည်သွားခဲ့ခြင်းဖြစ်ကြောင်း” ရဲမှတ်တမ်း အရ သိရှိရသည်။
ပြစ်မှုကျူးလွန်သူ၏ဇနီးမှ “ဇူလိုင်လ ၂ ရက်နေ့ ညအချိန်မှာဖြစ်ပွားတာကို မနက်ရောက်တော့ ဇနှီးမှ မသင်္ကာတဲ့အတွက် ခင်ပွန်းအလုပ်သွားနေချိန်မှာ ယောက်မကို မသင်္ကာသဖြင့် မ—- ၁၂ နှစ် ကို မေးမြန်းရာ အစ်ကိုဖြစ်သူမိုးအောင်ကျော်က ညည့်တုန်းက အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်မတိုင်ခင်လွန်ခဲ့သော ၁ လခန့်ကလည်း အလားတူ ၂ ကြိမ်ခန့် ပြုကျင့်ရန်ကြံစည်ဖူးကြောင်း စသဖြင့် ပြောဆိုခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ၏ ဇနှီးမှ ခင်ပွန်းဖြစ်သူ မိုးအောင်ကျော်တွင် ညီမရင်းရှာ ၎င်း၏ ယောက်မအား အဓမ္မပြုကျင့်ရန်ကြံစည်မှုသဖြင့် အရေးယူပေးရန် တိုင်တန်းသောကြောင်း ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ ဖြင့် ကသာမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။
Credit: RND


