အလိုလိုက်အကြိုက်သိတဲ့ခင်ပွန်းကြောင့် အရမ်းကိုကြည်နူးနေရတဲ့ မိုးယုစံ





ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာနေပေမယ့်လည်း သူမရဲ့ တစ်ချိန်က ကြိုးစားအားထုတ်ထားတဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေဆဲပဲ ဖြစ်ပါတယ်။ မိုးယုစံရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူ ဟာဆိုရင်လည်း အမေတူလေးမို့ ပရိသတ်တွေက အရမ်းကိုအချစ်ပိုနေကြတာပါ။



ပရိသတ်အချစ်တော်မေမေမိုးယုစံရဲ့ တစ်ဦးတည်းသောချစ်မဝတဲ့သားသားလေး ကောင်းသိင်္ခမိုးသူကတော့ ငယ်ငယ်လေးရှိသေးပေမယ့် တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားသူလေးပါ။ ဒီအရွယ်လေးနဲ့ တည်ငြိမ်လွန်းတဲ့ သားလေးကိုတော့ မိသားစုတွေကသာမက ပရိသတ်တွေကလည်း အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေမိုးယုစံက ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ ကြည်ကြည်နူးနူးရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။



ချစ်ရတဲ့ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး ညစာစားထွက်ခဲ့ကြတဲ့ မိုးယုတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်တွေကလည်း အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးစရာကောင်းတဲ့ မိုးယုစံတို့ မိသားစုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒယ်ဒီအားတုန်း Dinner အတူသွားစားခဲ့တဲ့အကြောင်းကိုတော့ မိုးယုက ” ဒယ်ဒီ အားတုန်းလေး အစားအသောက်ကြိုက်တဲ့ မာမီ့ကိုလိုက်ကျွေးတာ😘😘😘 ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။



မိုးယုရဲ့ သားသားလေး ကောင်းသိင်္ခမိုးသူကတော့ ယခုဆိုရင် အသက် (၁)နှစ် (၁၀) လအရွယ်ကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သားလေးကတော့ အသက်အရွယ်လေးနဲ့မမျှအောင် တစ်နေ့တစ်ခြားကို ချစ်စရာကောင်းလာခဲ့တာပါနော်။

မိုးယုစံတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ယခုဆိုရင် အိမ်ထောင်သက် (၂) နှစ် (၃) နှစ်နီးနီး ရှိခဲ့ပါပြီ။ မိုးယုရဲ့ ချစ်မဝတဲ့သားသားလေးဖြစ်တဲ့ ဖိုးပြုံးချိုလေး ကောင်းသိင်္ခမိုးသူကတော့ မိသားစုတွေအားလုံးအပြင် ပရိသတ်တွေကပါ အချစ်ပိုနေကြရသူလေးပါ။ ချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှန်းထားတဲ့ မိုးယုစံတို့ရဲ့အိမ်ထောင်ရေးက တကယ့်ကိုပဲ အားကျစရာကောင်းလှပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မိုးယုစံတို့မိသားစုလေးကိုချစ်ရင် သူတို့မိသားစုရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မျှဝေပေးသွားကြပါဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credi  \\  original

Recent Updates

Recent Posts Widget