ဆရာဝန္ႀကီးမ်ားႏွင့္စမ္းသပ္ၾကည့္ရာ ဆရာေတာ္ႀကီး၏ က်န္ရွိ႐ုပ္ကလာပ္မွာ ထူးျခားေနေသာေၾကာင့္ မီးမသၿဂိဳဟ္ဘဲ ထာဝရကိုးကြယ္မည္





ပဲခူးၿမိဳ႕ ေအာင္သုခဓမၼရိပ္သာ ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား အႏၲိမအဂၢိ စ်ာပနမျပဳဘဲ ထာဝရပူေဇာ္ထားရွိမည္

ပဲခူးၿမိဳ႕၊ ဗိုလ္ကုန္းရပ္ကြက္၊ ေအာင္သုခဓမၼရိပ္သာ ဆရာေတာ္ႀကီးဘဒၵႏၱစႏိၵမာ၏ ႐ုပ္ကလာပ္ေတာ္အား အႏၱိမအဂၢိစ်ာပန မီးသၿဂိဳဟ္ျခင္း မျပဳလုပ္ေတာ့ဘဲ ႐ုပ္ေတာ္အတိုင္း ထာဝရပူေဇာ္သြားမည္ျဖစ္ေၾကာင္း စ်ာပနေတာ္ က်င္းပေရးေကာ္မတီထံမွ သိရသည္။


ဆရာေတာ္ႀကီးသည္ ဧၿပီ ၂၇ ရက္၊ ည ၁၁ နာရီက ရန္ကုန္ၿမိဳ႕၊ အာရွေတာ္ ဝင္ေဆး႐ံုတြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူ ခဲ့ၿပီး ေမလ ၅ ရက္တြင္ အႏၱိမအဂၢိစ်ာပန က်င္းပရန္စီစဥ္ခဲ့ေသာ္လည္း ဆရာေတာ္ႀကီး၏ က်န္ရွိ႐ုပ္ကလာပ္မွာ ထူးျခားေနေသာေၾကာင့္

ေမ ၅ ရက္တြင္ ကြၽမ္းက်င္ ဆရာဝန္ႀကီးမ်ားႏွင့္ စမ္းသပ္ၾကည့္ရာ၌ ကိုယ္ခႏၶာအပူခ်ိန္သည္ ၁၃ ဒီဂရီအထိ ပူေႏြးေနဆဲရွိေၾကာင္း သိရွိရသည္။ ထို႔ ေၾကာင့္ စ်ာပနက်င္းပမည့္ရက္ကို ေမ ၁၂ ရက္သို႔ေျပာင္းေရႊ႕ခဲ့သည္။

ထို႔သို႔ ရက္ေရႊ႕ခဲ့ၿပီးေနာက္ ဆရာေတာ္ႀကီး၏႐ုပ္ကလာပ္သည္ မပုပ္မသိုးသည့္အျပင္ ကိုယ္ေငြ႕အပူခ်ိန္တိုးလာျခင္း၊ ဆံပင္၊မုတ္ဆိတ္မ်ား ထြက္လာျခင္းတို႔ေၾကာင့္ ထာဝရကိုးကြယ္ရန္ ေကာ္မတီက ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။ ထို႔အျပင္ တိုင္းသံဃနာယကဥကၠ႒ ဆရာေတာ္ကလည္း မီးမသၿဂိဳဟ္ဘဲ ထာဝရကိုးကြယ္၍ရသည္ဟု မိန္႔ၾကားခဲ့ေၾကာင္း သိရသည္။

”လူေတြကေတာ့ ေသၿပီဆိုရင္ ခႏၶာကုိယ္ဟာ ေအးစက္သြားတယ္။ ရဟႏၱာမ်ားဆိုရင္ေတာ့ ပ်ံလြန္ေသာ္လည္း ၇ ရက္အထိ ခႏၶာကုိယ္က ပူေႏြးေနတတ္တယ္။ အဲဒါ ႏွာေခါင္းနဲ႔ အသက္မ႐ွဴေတာ့ဘဲ ေမြးညင္းေမြးေပါက္ေလးကေန အသက္႐ွဴေနတာ။

တဆယ့္ေလးရက္ေျမာက္မွသာ အသက္႐ွဴျခင္းမရွိေတာ့ဘဲ ခႏၶာကုိယ္ေအးသြားၿပီး ပ်ံလြန္ေတာ္မူျခင္းျဖစ္တယ္”ဟု ဆရာေတာ္ႀကီးက ပ်ံလြန္ေတာ္မမူခင္ ေနာက္ဆံုးမိန္႔ၾကားခဲ့သည္။ ဆရာေတာ္ႀကီးသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ ၉၆ ႏွစ္၊ ဝါေတာ္ ၄၃ ဝါရွိၿပီ ျဖစ္သည္။

Credit  \\  original

Unicode

ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိ ဈာပနမပြုဘဲ ထာဝရပူဇော်ထားရှိမည်

ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးဘဒ္ဒန္တစန္ဒိမာ၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးသဂြိုဟ်ခြင်း မပြုလုပ်တော့ဘဲ ရုပ်တော်အတိုင်း ထာဝရပူဇော်သွားမည်ဖြစ်ကြောင်း ဈာပနတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

ဆရာတော်ကြီးသည် ဧပြီ ၂၇ ရက်၊ ည ၁၁ နာရီက ရန်ကုန်မြို့၊ အာရှတော် ဝင်ဆေးရုံတွင် ဘဝနတ်ထံပျံလွန်တော်မူ ခဲ့ပြီး မေလ ၅ ရက်တွင် အန္တိမအဂ္ဂိဈာပန ကျင်းပရန်စီစဉ်ခဲ့သော်လည်း ဆရာတော်ကြီး၏ ကျန်ရှိရုပ်ကလာပ်မှာ ထူးခြားနေသောကြောင့်

မေ ၅ ရက်တွင် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် စမ်းသပ်ကြည့်ရာ၌ ကိုယ်ခန္ဓာအပူချိန်သည် ၁၃ ဒီဂရီအထိ ပူနွေးနေဆဲရှိကြောင်း သိရှိရသည်။ ထို့ ကြောင့် ဈာပနကျင်းပမည့်ရက်ကို မေ ၁၂ ရက်သို့ပြောင်းရွှေ့ခဲ့သည်။

ထို့သို့ ရက်ရွှေ့ခဲ့ပြီးနောက် ဆရာတော်ကြီး၏ရုပ်ကလာပ်သည် မပုပ်မသိုးသည့်အပြင် ကိုယ်ငွေ့အပူချိန်တိုးလာခြင်း၊ ဆံပင်၊မုတ်ဆိတ်များ ထွက်လာခြင်းတို့ကြောင့် ထာဝရကိုးကွယ်ရန် ကော်မတီက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော်ကလည်း မီးမသဂြိုဟ်ဘဲ ထာဝရကိုးကွယ်၍ရသည်ဟု မိန့်ကြားခဲ့ကြောင်း သိရသည်။

”လူတွေကတော့ သေပြီဆိုရင် ခန္ဓာကိုယ်ဟာ အေးစက်သွားတယ်။ ရဟန္တာများဆိုရင်တော့ ပျံလွန်သော်လည်း ၇ ရက်အထိ ခန္ဓာကိုယ်က ပူနွေးနေတတ်တယ်။ အဲဒါ နှာခေါင်းနဲ့ အသက်မရှူတော့ဘဲ မွေးညင်းမွေးပေါက်လေးကနေ အသက်ရှူနေတာ။

တဆယ့်လေးရက်မြောက်မှသာ အသက်ရှူခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်အေးသွားပြီး ပျံလွန်တော်မူခြင်းဖြစ်တယ်”ဟု ဆရာတော်ကြီးက ပျံလွန်တော်မမူခင် နောက်ဆုံးမိန့်ကြားခဲ့သည်။ ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် ၉၆ နှစ်၊ ဝါတော် ၄၃ ဝါရှိပြီ ဖြစ်သည်။

Credit  \\  original

Recent Updates

Recent Posts Widget