မီးသတ်ဝန်ထမ်းတဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ချောငက် ဇူလိုင် ၃
ရေနံမြေသားလေး
#မြေလတ်အသံ
Credit \\ original
Unicode ဖြင့်ဖတ်ရန်
မီးသတ်ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ချောငက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဂွေးချိုမီးသတ်စခန်း တွင် မီးသတ် ဝန်ထမ်းတစ်ဦး ယနေ့မနက်ပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ချောက်မြို့မ ရဲစခန်းက သိရပါတယ်။
ဂွေးချို မီးသတ်စခန်းရှေ့ တမာပင်က ၉ ပေအမြင့်ရှိ သစ်ကိုင်းမှာ သေဆုံးသူ မီးသတ်တပ်ကြပ်ကြီး သက်ပိုင်စိုး ကို ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ကြိုးဆွဲချ အနေအထားနှင့် သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အရက်အလွန်အကျွံ သောက်ရာက ရုတ်တရက် ဖြတ်လိုက်တာကြောင့် စိတ်ကစဥ့်ကလျားဖြစ်ပြီး ကြိုးဆွဲချသေဆုံးကြောင်း စစ်ဆေးတွေရပြီး သေမှုသခင်းအမှတ်ဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ချောက်မြို့မ စခန်းမှူး ဒုရဲမှူးလှနောင်က စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရေနံမြေားလေး
#မြေလတ်အသံ
Credit \\ original




