အနီတောက်တောက်ဖက်ရှင်နဲ့ အခမ်းနားဆုံး ပွဲတက်ခဲ့တဲ့ နန်းဆုရတီစိုး
ပရိသတ်တွေဆီကို သီချင်းကောင်းလေးတွေ မျှဝေပေးလေ့ရှိတဲ့ ချစ်စရာမင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုရတီစိုးက ချစ်ရတဲ့ ပရိသတ်တွေအတွက် မြန်မာအမျိုးသမီးရေးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့ ဂီတဖျော်ဖြေပွဲကြီးကို တက်ရောက်ဖျော်ဖြေခဲ့တဲ့ သူမရဲ့ ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တမူထူးခြားတဲ့ ဖက်ရှင်လေးနဲ့ လှရက်လွန်းတဲ့ နန်းဆုရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းနေတာပါနော်။
းချစ်ပရိသတ်တွေအတွက် ရွှေမှုံတွေစားထားသလားလို့တောင် အထင်မှားရလောက်တဲ့ နန်းဆုရတီစိုးရဲ့ပွဲတက်အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်စရာမင်းသမီးလေး နန်းဆုရတီစိုးကတော့ “မြန်မာအမျိုးသမီးရေးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့ ဂီတဖျော်ဖြေပွဲကြီး ရဲ့ “ပုလဲကုံးသီ သံစဉ်ညီ ချိုမြတေးပန်းချီ” အစီအစဉ်မှာ ပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ် ……🌈💦☔️🎉🎤🎼” ဆိုပြီး အနီရောင်တောက်တောက် ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ ပွဲတက်ပုံရိပ်တွေကို ဝေမျှပေးထာားတာပါ။
အချစ်ရေးနဲ့ပတ်သတ်ပြီးလည်း ကံကောင်းလွန်းတဲ့ မမနန်းဆုကတော့ သူမကို အရမ်းချစ်ပြီး၊ ဂရုစိုက်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူလေးပါ။
တကယ့်ကို လှပသော မိန်းမပျိုလေးပါပဲနော်…
“ရူးအောင်ချစ်ရသူ” “မေမေဆူမှာစိုးလို့” “ကမ်းမဲံ့လှေ” အစရှိတဲ့ သီချင်းကောင်းလေးတွေကို ပရိသတ်လက်ထဲ ထည့်ထားပေးတဲ့ အဆိုတော် နန်းဆုရတီစိုးကတော့ လက်ရှိမှာလည်း ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ချစ်စရာမင်းသမီးလေး နန်းဆုရတီစိုးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original






