လက်သံပြောင်တဲ့ရွှေဘိုသား စိန်ဗေဒါ (သို့မဟုတ်) လူမိုက်ကြောက်ရင်ရဲမလုပ်ဘူးဆိုတဲ့ရဲအုပ်အောင်နိုင်ဦး





မူးယစ်ဆေးပြား ပဲလှော်ရောင်းသလိုရောင်းတဲ့ တနသာင်္ရီနယ်မှာ အမြစ်ပြတ်ချေမုန်းနိုင်ပါစေ…

မြန်မာနိုင်ငံတစ်ဝှမ်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမှုများ မကြာခဏတွေ့ရသော်လည်း ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိရမှုများအတွက် ပြည်သူများမှ အားမလိုအားမရဖြစ်နေရခြင်းအပေါ် စိတ်ကျေနပ်စေရန် လက်သံပြောင်တဲ့ ရဲအုပ်အောင်နိုင်ဦး ထွက်ပေါ်လာပါပြီ ။



(၁.၆.၂၀၁၉) မြိတ် ၊ မြတ်သူစိုး (သ) ၃၅ နှစ်အား WY (၃၈၇) ပြား နှင့် စည်သူစိုး (သ) ၁၉ နှစ်အား WY (၃၇၀) ပြား ၊ စုစုပေါင်း WY (၇၅၇) ပြား အတွက် မယ(ပ)၁၁၉/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့်၎င်း ။



(၅.၆.၂၀၁၉) မြိတ် ၊ ထက်ဇော်ဦး (ခ) နူမတ် (သ) ၂၆ နှစ်အား WY (၆၁၀) ပြားအတွက် မယ(ပ)၅/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့်၎င်း ။

(၁၀.၆.၂၀၁၉) မြိတ် ၊ ဒေါ်မြသောင်း (ခ) ဒေါ်ဝိုင်းအား WY (၁၂၀၀) ပြားအတွက် မယ(ပ)၁၂၉/၂၀၁၉ ၊ မူး/စိတ် ၁၉(က) ဖြင့်၎င်း ။



(၂၁.၆.၂၀၁၉) မြိတ် ၊ သန်းထိုက် (သ) ၄၃ နှစ် နှင့် ကျော်သူရထွန်း (ခ) ဝတုတ် (သ) ၂၂ နှစ်တို့အား WY (၂၀၀၀၀၀) နှစ်သိန်းပြားအတွက် မယ(ပ)၁၃၁/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့်၎င်း (၃) ပတ်အတွင်း ဖမ်းဆီး အမှုဖွင့်နိုင်ခဲ့သည် ။

ရဲအုပ်အောင်နိုင်ဦး ( ခေတ်သစ်စိန်ဗေဒါကြီး ) သည် ရွှေဘိုသားဖြစ်ပြီး မြိတ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသည်မှာ မကြာသေးပေ ။

သူ့ရင်ဘတ်ထည်းတွင် နိုင်ငံရေး အသိစိတ်ကြွယ်ဝသော်လည်း ပါတီစွဲ ကင်းရှင်းစွာဖြင့် ပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံအောင် ကာကွယ်စောင့်ရှောက်ရေး ၊ တစ်မျိုးသားလုံး၏ အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးပပျောက် ကင်းစင်ရေးကို ဖြောင့်မတ် တည်မှန်စွာ ဆောင်ရွက်နေသည့် ပြည်သူ့ ဝန်ထမ်းကောင်း တစ်ယောက်ပါပေ ။

သူငယ်ချင်း သူ့အတွက် စိတ်ပူသဖြင့် အစစ အရာရာ သတိထားရန် သတိပေးသော်လည်း ( လူဆိုး လူမိုက်ကိုသာ ကြောက်နေရင် ပြည်သူ့ရဲ မလုပ်ဘူး ) ဟု ဂျစ်ကန်ကန် ပြောတတ်သည့် ရွှေဘို ဦးအောင်ဇေယျ အမျိုးအရင်းကြီးဖြစ်ပေသည် ။

ထို့ကြောင့် သူငယ်ချင်း ရဲအုပ်အောင်နိုင်ဦး၏ ပြည့်သူ့ရဲပီသစွာ ဆောင်ရွက်မှုများအား ဂုဏ်ပြူရင်း လူဆိုးလူမိုက်နှင့် လူကောင်းဟန်ဆောင်ထားသော လူမိုက်များ ရန်မှ ကင်းဝေးပြီး ပြည်သူ့အကျိုးကို သည်ပိုးနိင်ပါစေ

Credit  \\   original

Recent Updates

Recent Posts Widget