ကားထဲမှာ အမှိုက်တွေပြည့်နေပြီး၊ ဘရိတ်တောင် ဖမ်းမရတော့လို့ မတော်တဆမှုဖြစ်ခဲ့ရတဲ့ကား
ကားပိုင်ရှင်နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကားကို သားတွေသမီးတွေလို မိသားစုဝင်တစ်ယောက်လို ကြွရွနေအောင် သန့်ရှင်းရေးလုပ်ပြီး ရိုရိုသေသေ သုံးတဲ့သူ၊ တစ်မျိုးကတော့ ကားကို အမှိုက်ခြင်းတောင်းနဲ့မခြား ပေတိပေစုတ် အသုံးပြုသူဆိုပြီးတော့ပါ။
အခု ဒီမတော်တဆှုဖြစ်ခဲ့တဲ့ ကားပိုင်ရှင်ကတော့ ဒုတိယအမျိုးအစားထဲမှာ ပါပါတယ်။ သူဟာ ကားထဲကို ရှိသမျှအမှိုက်တွေထည့်ထားပြီး၊ သေချာရှင်းလင်းခြင်းမရှိဘဲ ကားကို ဖြစ်သလို မောင်းခဲ့တာပါ။ အရေးနဲ့အကြောင်း ကြုံလာတော့ ဘရိတ်နင်းလို့မမိတော့၊ ဟန်းဘရိတ်ကိုဆွဲ။
Hants Road Policing
ဟန်းဘရိတ်ကလည်း အမှိုက်တွေဖုံးနေလို့ ဆွဲမရနဲ့ နောက်ဆုံး မတော်တဆမှု ဖြစ်ပါတော့တယ်။ ကားထဲမှာ အမှိုက်တွေ ဘယ်လောက်ရှုပ်ပွနေတယ်ဆိုတာ ပုံကိုကြည့်တာနဲ့ ရှင်းပြစရာ မလိုလောက်ပါဘူး။ ရဲစခန်းက ပြောတာတော့ ကားကို ပါကင်ထိုးရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာတဲ့။
ကားကို သွားကြည့်လိုက်တဲ့အချိန်မှာ လူမသေတာ ကံကောင်းတယ်လို့ မှတ်ချက်ချရမယ့်သဘော ဖြစ်ပါတယ်။ တကယ်တော့ သူက နောက်ဆုတ်ဖို့ ကြိုးစားချိန်မှာ တစ်ခြားရပ်ထားတဲ့ ကားတစ်စီးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့မိတာပါ။
Hants Road Policing
အခင်းဖြစ်နေရာကို Hampshire Police ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားခဲ့ပါတယ်။ ကားကိုတွေ့လိုက်တာနဲ့ ရဲတပ်ဖွဲ့ပိုင် Facebook Page မှာ “ Boris Johnson ရဲ့ကားကို ပြိုင်မယ့်သူ ပေါ်လာပြီ ”လို့ ရေးခဲ့တာပါ။ ဗြိတိန်ပါလီမန်အမတ် Boris ကလည်း ကားကို ရှုပ်ပွနေအောင်ထားတဲ့နေရာမှာ နာမည်ကြီးလို့ သရော်လိုက်တာ ဖြစ်ပါတယ်။
View image on TwitterView image on Twitter
Hants Roads Policing
@HantsPolRoads
Boris Johnson’s car is a dream compared to this one! Driver couldn’t get the hand brake on and rolled back into a parked vehicle. I wonder why?🤔
105
2:13 AM - Jun 27, 2019 · Southampton, England
72 people are talking about this
Twitter Ads info and privacy
အခုမတော်တဆမှုမှာ ကားပိုင်ရှင်က ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြမထားပါဘူး။ ဒါ့အပြင် ဒီမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရတာမျိုးလည်းမရှိကြောင်း သိရပါတယ်။ နောက်ပြီး ကားပိုင်ရှင်ကို ဘယ်လိုအမှုဖွင့်ထိန်းသိမ်းထားတယ်ဆိုတာ ရဲတပ်ဖွဲ့က အသေးစိတ် ပြောမထားပါဘူး။
Credit \\ original



