လူေတာ္ေလးေတြကို ေျမေတာင္ေျမႇာက္ေပးဦးမယ့္ ပိုပို





ပိုပိုကေတာ့ သူမရဲ႕ အိမ္မက္ေတြကို တျဖည္းျဖည္းအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ႀကိဳးစားေနသူပါ။ သူမက အဆိုေတာ္ တစ္ေယာက္အေနနဲ႔သာမက ပ႐ိုဂ်ဴဆာအျဖစ္ပါ ရပ္တည္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။

ဂီတေလာကမွာ ေနရာတစ္ေနရာ ရရွိထားတဲ့ အဆိုေတာ္ ပိုပိုက ကိုယ္တိုင္ ပ႐ိုဂ်ဴဆာလုပ္ၿပီး လူငယ္ေလးေတြကို ေမြးထုတ္ေပးဖို႔ ႀကိဳးစားေနပါတယ္။ သူမရဲ႕ အိမ္အသစ္ႀကီးမွာ ကိုယ္ပိုင္စတူဒီယို ဖန္တီးထားၿပီး လူငယ္ေတြကို ေျမေထာင္ေျမႇာက္ေပးသြားမယ္လို႔ ဆိုပါတယ္။


“ပိုပိုက သီခ်င္းေတြလည္း လုပ္မယ္။ ပ႐ိုဂ်ဴဆာလည္း လုပ္မယ္။ အရမ္းေတာ္တဲ့ ကေလးေတြ ေခၚၿပီး ပ႐ိုဂ်ဴဆာလုပ္မယ္။ အရင္ဆုံး ဆုစႏၵီထြန္းကို ပ႐ိုဂ်ဴ လုပ္ေပးေနတယ္။ ေနာက္ပိုင္းက်ရင္ ပိုပိုအေျခအေနေကာင္းလာရင္ Entertainment အႀကီးႀကီးေတြလုပ္ဖို႔ ရွိပါတယ္” လို႔ ဇူလိုင္(၃) ရက္ေန႔က သူမရဲ႕ အိမ္တက္အလႉမွာ မီဒီယာေတြကို ေျပာခဲ့တာပါ။



သူမအေနနဲ႔ အစကတည္း ပ႐ိုဂ်ဴဆာပိုင္းကို ဝါသနာပါတာလို႔ ဆိုပါတယ္။ “ပိုပိုက အစကတည္းက ဝါသနာပါတာ။ Music ဖန္တီးေနရတဲ့သူဆိုေတာ့ေလ အဲ့ဒါဝါသနာပါရင္းနဲ႔ လုပ္တာပါ။ အမ်ားႀကီး မပံ့ပိုးေပးႏိုင္ရင္ေတာင္မွ ကိုယ္တတ္ႏိုင္သေလာက္ ေတာ္တဲ့ကေလးေတြကို လုပ္ေပးခ်င္တယ္” လို႔ သူမက ဆိုပါတယ္။



ပိုပိုက လက္ရွိမွာလည္း သီခ်င္းအသစ္ေတြ ဖန္တီးလ်က္ရွိတယ္လို႔ သိရပါတယ္။ ဂီတေလာကမွာ ေနရာတစ္ေနရာရရွိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားသူျဖစ္ပါတယ္။



သူမက ဂီတပိုင္းမွာသာမက ဇာတ္ကား႐ိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ သူမပါဝင္ထားတဲ့ ေၾကာက္ေၾကာက္ေၾကာက္ ႐ုပ္ရွင္ဇာတ္ကားႀကီး ဟာ လည္း ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

CRD-CELE YATKWAT

UNICODE

လူတော်လေးတွေကို မြေတောင်မြှောက်ပေးဦးမယ့် ပိုပို
ပိုပိုကတော့ သူမရဲ့ အိမ်မက်တွေကို တဖြည်းဖြည်းအကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးစားနေသူပါ။ သူမက အဆိုတော် တစ်ယောက်အနေနဲ့သာမက ပရိုဂျူဆာအဖြစ်ပါ ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ အဆိုတော် ပိုပိုက ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး လူငယ်လေးတွေကို မွေးထုတ်ပေးဖို့ ကြိုးစားနေပါတယ်။ သူမရဲ့ အိမ်အသစ်ကြီးမှာ ကိုယ်ပိုင်စတူဒီယို ဖန်တီးထားပြီး လူငယ်တွေကို မြေထောင်မြှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

“ပိုပိုက သီချင်းတွေလည်း လုပ်မယ်။ ပရိုဂျူဆာလည်း လုပ်မယ်။ အရမ်းတော်တဲ့ ကလေးတွေ ခေါ်ပြီး ပရိုဂျူဆာလုပ်မယ်။ အရင်ဆုံး ဆုစန္ဒီထွန်းကို ပရိုဂျူ လုပ်ပေးနေတယ်။ နောက်ပိုင်းကျရင် ပိုပိုအခြေအနေကောင်းလာရင် Entertainment အကြီးကြီးတွေလုပ်ဖို့ ရှိပါတယ်” လို့ ဇူလိုင်(၃) ရက်နေ့က သူမရဲ့ အိမ်တက်အလှူမှာ မီဒီယာတွေကို ပြောခဲ့တာပါ။

သူမအနေနဲ့ အစကတည်း ပရိုဂျူဆာပိုင်းကို ဝါသနာပါတာလို့ ဆိုပါတယ်။ “ပိုပိုက အစကတည်းက ဝါသနာပါတာ။ Music ဖန်တီးနေရတဲ့သူဆိုတော့လေ အဲ့ဒါဝါသနာပါရင်းနဲ့ လုပ်တာပါ။ အများကြီး မပံ့ပိုးပေးနိုင်ရင်တောင်မှ ကိုယ်တတ်နိုင်သလောက် တော်တဲ့ကလေးတွေကို လုပ်ပေးချင်တယ်” လို့ သူမက ဆိုပါတယ်။

ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

CRD-CELE YATKWAT


Recent Updates

Recent Posts Widget