ထူးခြၽန္ထက္ျမက္တဲ့သားေလးက ေက်ာင္းမွာဆုရလို႔ သားေလးနဲ႔အတူတူ စင္ေပၚတက္ၿပီးဆုယူခဲ့တဲ့ ေမေမမိုးယုစံ
ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလးမိုးယုစံရဲ႕ ဇာတ္ကားေပါင္းမ်ားစြာကို ပရိသတ္ႀကီးလည္းၾကည့္ဖူးၾကမွာပါေနာ္။သူမရဲ႕ေအးခ်မ္းတဲ့အလွေလးကလည္း ျမင္ရသူတိုင္းစိတ္ခ်မ္းသာေစတဲ့အတြက္ ပရိသတ္ေတြကအားေပးခ်စ္ခင္ေနရတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ သူမနဲ႔တူတဲ့သားေလးတစ္ေယာက္ရယ္ ခ်စ္ခင္ပြန္းရယ္နဲ႔အတူတူ ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ မိသားစုဘဝေလးမွာ စိတ္ခ်မ္းေျမ့စြာေနထိုင္ေနတာျဖစ္ပါတယ္ေနာ္။
မိုးယုစံကေတာ့ လက္တေလာမွာ ပြဲအခမ္းအနားေတြကိုသာတက္ေရာက္ေနၿပီး အႏုပညာအလုပ္ေတြနဲ႔နည္းနည္းအလွမ္းေဝးေနေပမယ့္ ဇာတ္ကားေတြျပန္လည္႐ိုက္ကူးဖို႔ေတာ့ရွိပါတယ္ေနာ္။မိုးယုရဲ႕အလွအပေတြကလည္း ကေလးတစ္ေယာက္မိခင္လိုထင္ရက္စရာမရွိေအာင္ ပ်ိဳမ်စ္ႏုနယ္တဲ့အလွတရားေတြကို ပရိသတ္ႀကီးလည္းအတိုင္းသားျမင္ေတြ႕ရမွာပါ။ခ်စ္ခင္ပြန္းကလည္း မိုးယုကို အလိုလိုက္အႀကိဳက္ေဆာင္လို႔ အၿမဲတမ္းစိတ္ခ်မ္းသာေနရတဲ့အိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ေယာက္ပါေနာ္။
မိုးယုကသားေလးကိုလည္း ထူးခြၽန္တဲ့ကေလးျဖစ္ေအာင္ ေသခ်ာျပဳစုပ်ိဳးေထာင္ေနသလို သားေလးေဘးနားမွာလည္းတစ္ခ်ိန္လုံးေနေပးေနတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ သားသားတက္တဲ့ေက်ာင္းမွာ People impact myanmar ဆုေပးပြဲေလးကို မိုးယုကတက္ေရာက္ခဲ့ပါတယ္ေနာ္။ဆုေပးပြဲေလးမွာ သားသားလည္းဆုယူရတာေၾကာင့္ ေမေမမိုးယုကသားသားနဲ႔အတူစင္ေပၚတက္ၿပီး ဆုယူခဲ့တဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Credit \\ original
UNICODE
ထူးချွန်ထက်မြက်တဲ့သားလေးက ကျောင်းမှာဆုရလို့ သားလေးနဲ့အတူတူ စင်ပေါ်တက်ပြီးဆုယူခဲ့တဲ့ မေမေမိုးယုစံ
ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံရဲ့ ဇာတ်ကားပေါင်းများစွာကို ပရိသတ်ကြီးလည်းကြည့်ဖူးကြမှာပါနော်။သူမရဲ့အေးချမ်းတဲ့အလှလေးကလည်း မြင်ရသူတိုင်းစိတ်ချမ်းသာစေတဲ့အတွက် ပရိသတ်တွေကအားပေးချစ်ခင်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ သူမနဲ့တူတဲ့သားလေးတစ်ယောက်ရယ် ချစ်ခင်ပွန်းရယ်နဲ့အတူတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ စိတ်ချမ်းမြေ့စွာနေထိုင်နေတာဖြစ်ပါတယ်နော်။
မိုးယုစံကတော့ လက်တလောမှာ ပွဲအခမ်းအနားတွေကိုသာတက်ရောက်နေပြီး အနုပညာအလုပ်တွေနဲ့နည်းနည်းအလှမ်းဝေးနေပေမယ့် ဇာတ်ကားတွေပြန်လည်ရိုက်ကူးဖို့တော့ရှိပါတယ်နော်။မိုးယုရဲ့အလှအပတွေကလည်း ကလေးတစ်ယောက်မိခင်လိုထင်ရက်စရာမရှိအောင် ပျိုမျစ်နုနယ်တဲ့အလှတရားတွေကို ပရိသတ်ကြီးလည်းအတိုင်းသားမြင်တွေ့ရမှာပါ။ချစ်ခင်ပွန်းကလည်း မိုးယုကို အလိုလိုက်အကြိုက်ဆောင်လို့ အမြဲတမ်းစိတ်ချမ်းသာနေရတဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါနော်။
မိုးယုကသားလေးကိုလည်း ထူးချွန်တဲ့ကလေးဖြစ်အောင် သေချာပြုစုပျိုးထောင်နေသလို သားလေးဘေးနားမှာလည်းတစ်ချိန်လုံးနေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သားသားတက်တဲ့ကျောင်းမှာ People impact myanmar ဆုပေးပွဲလေးကို မိုးယုကတက်ရောက်ခဲ့ပါတယ်နော်။ဆုပေးပွဲလေးမှာ သားသားလည်းဆုယူရတာကြောင့် မေမေမိုးယုကသားသားနဲ့အတူစင်ပေါ်တက်ပြီး ဆုယူခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Credit \\ original








