လွ်ပ္စစ္ မီးဖိုသံုးလ်ွင္ သိိထားရမည္႔ အခ်က္၅ခ်က္္
ဒီဂ်စ္တယ္ ္မီးဖို အသံုးျပဳသူမ်ား သိထားရမည့္္ အခ်က္(၅) ခ်က္္
အိမ္ရွင္မအိမ္ရွင္ထီးတို႔အတြက္္အသံုးတည့္မယ္လို႔ယံုၾကည္တာေလး ေရးေပးလိုက္ပါတယ္
၁။ ဒီဂ်စ္တယ္မီးဖို ေတာ္ေတာ္မ်ားမ်ားက 2000 W, 2200 W ရွိိလို႔ (လံုး၀) Extension ႀကိဳးေခြမ်ားနဲ႔ မသံုးသင့္ပါဘူး
၂။ ေတာ္္ေတာ္မ်ားမ်ားက“on/off” ႏွိပ္ၿပီးရင္တန္းၿပီးလာေပမယ့္တစ္ခ်ိဳ႕အလံုးေတြက “ON” ႏွိပ္ၿပီးတဲ့အျပင္“stand by”သို႔မဟုတ္ “Function”ခလုတ္တစ္ခုခုကိုပါႏွိပ္ဖို႔လိုပါတယ္။ေထြေထြထူးထူးမဟုတ္ေပမယ့္ဆိုင္က ေသခ်ာရွင္းျပလိုက္ရင္ေတာင္အိမ္ေရာက္မွ ျပန္လာတာမ်ိဳးဖုန္းဆက္ေမးတာမ်ိဳးျဖစ္ဖူးလို႔ပါ
၃။ ဒီဂ်စ္တယ္မီးဖိုတိုင္းမွာ“Function” ေတြအစံု ျပထား ေရးထားေပမယ့္တကယ္သံုးသင့္တာကကိုယ္ခ်က္တဲ့ဟင္းအေပၚဆီပူအေပၚမူတည္ၿပီး ‘(+ , -)’အတိုးအေလွ်ာ့လုပ္ေပးရင္း ခ်က္တာကကၽြန္ေတာ္တို႔အိမ္ရွင္ထီးအိမ္ရွင္မေတြအတြက္ပိုအဆင္ေျပသင့္ေတာ္ပါတယ္
၄။ “တရုတ္မိတ္ေတြကခဏ ခဏအပ်က္ျမန္တယ္” “အေကာင္း၀ယ္လည္းမထူးပါဘူး” ဆိုတဲ့အသံေတြအတြက္ေတာ့အေရးႀကီးဆံုး ဒီနည္းေလးကိုမေမ့ေစခ်င္ပါဘူး
၅။ ဒီဂ်စ္တယ္မီးဖို ေတာ္္ေတာ္မ်ားမ်ားက “Auto-Off”အလိုေလ်ာက္ပိတ္ေပးတဲ့ စနစ္ ပါ၀င္ပါတယ္။ ေစ်းကြက္ထဲက ေစ်းအေပါဆံုး ဒီဂ်စ္တယ္ဖိုကေတာ့မပါ၀င္ပါဘူး။သို႔ေသာ္ အခုေျပာမယ့္အခ်က္ေလးကိုေတာ့အလိုအေလ်ာက္ပိတ္တဲ့စနစ္ပါပါမပါပါအသံုးျပဳေပးဖို႔တိုက္တြန္းေပးခ်င္ပါတယ္
ခ်က္ၿပီးၿပီဆိုတာနဲ႔ပလပ္ကိုခ်က္ခ်င္း မျဖဳတ္ပါနဲ႔
“on/off” ခလုတ္ႏွိပ္ၿပီးသာပိတ္ပါ။ပန္ကာက ဆက္လည္ေနပါလိမ့္မယ္။အလိုေလ်ာက္ ပိတ္တဲ့စနစ္ပါ၀င္တဲ့မီးဖိုေတြကအခ်ိန္ၾကာလို႔ ေလပူျပန္ထုတ္တာ ‘၀’သြားရင္အလိုလိုပိတ္ သြားပါလိမ့္မယ္။ပန္ကာလည္တဲ့ ၾကာခ်ိန္ (အပူထုတ္တဲ့ၾကာခ်ိန္)ကမိမိခ်က္ခဲ့တဲ့အခ်ိန္ေပၚမူတည္ၿပီးကြာဟႏိုင္ပါတယ္။ပန္ကာရပ္ၿပီး အသံမၾကားေတာ့တဲ့အခ်ိန္မွာပလပ္ကိုျဖဳတ္ပါ
အကယ္္၍အလိုေလ်ာက္ပိတ္တဲ့စနစ္မပါရင္လည္း ေတာ္ေတာ္ၾကာၾကာထားၿပီးမွပလပ္ကိုျဖဳတ္ပါ။ဒီနည္းကတကယ္ေရရွည္သံုးမယ့္ အိမ္ရွင္ထီးအိမ္ရွင္မေတြအတြက္အေကာင္းဆံုးနည္းလမ္းေလးလို႔ ညႊန္ေပးခ်င္ပါတယ္
ခ်က္ၿပီးၿပီးခ်င္္း ေတာ့အလယ္မီးပူေနရာကို သြားမကိုင္ဖို႔ကေတာ့အထူးေျပာေနစရာမလိုဘူးထင္ေပမယ့္ေအးသြားလို႔သန္႔ရွင္းေရးလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေရစို၀တ္အေျခာက္(သို႔မဟုတ္) ေဖါ့ဖတ္ေလးကိုအသံုးျပဳေစခ်င္ပါတယ္
ကဲဲ ဒီေလာက္ဆိုအိမ္ရွင္မ ,အိမ္ရွင္ထီးမ်ား ဒီဂ်စ္တယ္မီးဖိုကိုဘယ္လို ေရရွည္ခံေအာင္သံုးမလဲဆိုတဲ့အသံုးျပဳပံုေလးေတြကိုသိသြားတတ္သြားၿပီလို႔အထူးယံုၾကည္ပါတယ္
ခုေရးသားထားတဲ့အေၾကာင္းရာေတြကမိတ္ေဆြသူငယ္ခ်င္းမ်ားအတြက္အက်ိဳးေက်းဇူးတစ္ခုရတယ္ဆိုရင္ပဲေက်နပ္ပါၿပီ
မိိတ္ေဆြလိုပဲအျခားမိတ္ေဆြေကာင္မ်ားလည္းသိခြင့္ရေအာင္shareလုပ္ေပးလိုက္ပါဦးလို႔ တိုက္တြန္းခ်င္ပါတယ္
Credit -New World Wholesale
Unicode
ဒီဂျစ်တယ် ်မီးဖို အသုံးပြုသူများ သိထားရမည့်် အချက်(၅) ချက််
အိမ်ရှင်မအိမ်ရှင်ထီးတို့အတွက််အသုံးတည့်မယ်လို့ယုံကြည်တာလေး ရေးပေးလိုက်ပါတယ်
၁။ ဒီဂျစ်တယ်မီးဖို တော်တော်များများက 2000 W, 2200 W ရှိိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး
၂။ တော််တော်များများက“on/off” နှိပ်ပြီးရင်တန်းပြီးလာပေမယ့်တစ်ချို့အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင်“stand by”သို့မဟုတ် “Function”ခလုတ်တစ်ခုခုကိုပါနှိပ်ဖို့လိုပါတယ်။ထွေထွေထူးထူးမဟုတ်ပေမယ့်ဆိုင်က သေချာရှင်းပြလိုက်ရင်တောင်အိမ်ရောက်မှ ပြန်လာတာမျိုးဖုန်းဆက်မေးတာမျိုးဖြစ်ဖူးလို့ပါ
၃။ ဒီဂျစ်တယ်မီးဖိုတိုင်းမှာ“Function” တွေအစုံ ပြထား ရေးထားပေမယ့်တကယ်သုံးသင့်တာကကိုယ်ချက်တဲ့ဟင်းအပေါ်ဆီပူအပေါ်မူတည်ပြီး ‘(+ , -)’အတိုးအလျှော့လုပ်ပေးရင်း ချက်တာကကျွန်တော်တို့အိမ်ရှင်ထီးအိမ်ရှင်မတွေအတွက်ပိုအဆင်ပြေသင့်တော်ပါတယ်
၄။ “တရုတ်မိတ်တွေကခဏ ခဏအပျက်မြန်တယ်” “အကောင်းဝယ်လည်းမထူးပါဘူး” ဆိုတဲ့အသံတွေအတွက်တော့အရေးကြီးဆုံး ဒီနည်းလေးကိုမမေ့စေချင်ပါဘူး
၅။ ဒီဂျစ်တယ်မီးဖို တော််တော်များများက “Auto-Off”အလိုလျောက်ပိတ်ပေးတဲ့ စနစ် ပါ၀င်ပါတယ်။ စျေးကွက်ထဲက စျေးအပေါဆုံး ဒီဂျစ်တယ်ဖိုကတော့မပါ၀င်ပါဘူး။သို့သော် အခုပြောမယ့်အချက်လေးကိုတော့အလိုအလျောက်ပိတ်တဲ့စနစ်ပါပါမပါပါအသုံးပြုပေးဖို့တိုက်တွန်းပေးချင်ပါတယ်
ချက်ပြီးပြီဆိုတာနဲ့ပလပ်ကိုချက်ချင်း မဖြုတ်ပါနဲ့
“on/off” ခလုတ်နှိပ်ပြီးသာပိတ်ပါ။ပန်ကာက ဆက်လည်နေပါလိမ့်မယ်။အလိုလျောက် ပိတ်တဲ့စနစ်ပါ၀င်တဲ့မီးဖိုတွေကအချိန်ကြာလို့ လေပူပြန်ထုတ်တာ ‘၀’သွားရင်အလိုလိုပိတ် သွားပါလိမ့်မယ်။ပန်ကာလည်တဲ့ ကြာချိန် (အပူထုတ်တဲ့ကြာချိန်)ကမိမိချက်ခဲ့တဲ့အချိန်ပေါ်မူတည်ပြီးကွာဟနိုင်ပါတယ်။ပန်ကာရပ်ပြီး အသံမကြားတော့တဲ့အချိန်မှာပလပ်ကိုဖြုတ်ပါ
အကယ််၍အလိုလျောက်ပိတ်တဲ့စနစ်မပါရင်လည်း တော်တော်ကြာကြာထားပြီးမှပလပ်ကိုဖြုတ်ပါ။ဒီနည်းကတကယ်ရေရှည်သုံးမယ့် အိမ်ရှင်ထီးအိမ်ရှင်မတွေအတွက်အကောင်းဆုံးနည်းလမ်းလေးလို့ ညွှန်ပေးချင်ပါတယ်
ချက်ပြီးပြီးချင််း တော့အလယ်မီးပူနေရာကို သွားမကိုင်ဖို့ကတော့အထူးပြောနေစရာမလိုဘူးထင်ပေမယ့်အေးသွားလို့သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ ရေစိုဝတ်အခြောက်(သို့မဟုတ်) ဖေါ့ဖတ်လေးကိုအသုံးပြုစေချင်ပါတယ်
ကဲဲ ဒီလောက်ဆိုအိမ်ရှင်မ ,အိမ်ရှင်ထီးများ ဒီဂျစ်တယ်မီးဖိုကိုဘယ်လို ရေရှည်ခံအောင်သုံးမလဲဆိုတဲ့အသုံးပြုပုံလေးတွေကိုသိသွားတတ်သွားပြီလို့အထူးယုံကြည်ပါတယ်
ခုရေးသားထားတဲ့အကြောင်းရာတွေကမိတ်ဆွေသူငယ်ချင်းများအတွက်အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲကျေနပ်ပါပြီ
မိိတ်ဆွေလိုပဲအခြားမိတ်ဆွေကောင်များလည်းသိခွင့်ရအောင်shareလုပ်ပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ်
Credit -New World Wholesale


