ရုပ္ရွင္ျပန္မရိုုက္ျဖစ္တဲ႔ အေၾကာင္းရင္းကို ေျပာျပတဲ႔ ခ်စ္သုေဝ
၂၀၀၀ ျပည့္ႏွစ္အေစာပိုင္းႏွစ္ေတြမွာ ဗြီဒီယိုဇာတ္လမ္းေတြ VCD သီခ်င္းေတြထဲမွာ အၿမဲလိုလိုပါတတ္တဲ့ ခ်စ္စရာ မ်က္ႏွာ ျပည့္ျပည့္ေလးနဲ႔ေကာင္မေလးကေန ေနာက္ပိုင္းသီခ်င္းေတြလည္းဆို သ႐ုပ္ေဆာင္ေတြလည္းလုပ္တဲ့သူ ၊ အခုေတာ့ အိမ္ေထာင္က်ၿပီးခ်စ္စရာသမီးအမႊာေလးႏွစ္ေယာက္ရဲ႕ ေမေမျဖစ္ေနတဲ့ခ်စ္သုေဝ ကေတာ့ 8Days မီဒီယာနဲ႔အင္တာဗ်ဴးတစ္ခုမွာသူရဲ႕လတ္တေလာ လႈပ္႐ွားမႈေလးေတြအေၾကာင္းေျပာျပသြားတာ႐ိွပါတယ္။ သူေျပာျပသြားတာေလးေတြကိုမိတ္ေဆြေတြမသိလိုက္ရမ႐ိွေလေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။
သူ႐ုပ္ရွင္ျပန္မ႐ိုက္ျဖစ္ေသးတဲ့အေၾကာင္းကိုလည္း “ဇာတ္ကားကေလ မမထရီဇာ ကံမေကာင္းဘူး ။ မထရီဇာ ျပန္႐ိုက္ခ်င္ပါတယ္။ ဒါေပမယ့္ေလ ငါးႏွစ္ေလာက္ရပ္လိုက္ၿပီးေတာ့ ျပန္႐ိုက္မယ့္ကားေလးမွာ မမထရီဇာ ကာ႐ိုက္တာလည္းအရမ္းေကာင္းခ်င္တယ္။ ဇာတ္ကားရဲ႕တစ္ခုလံုး Over All ကိုလည္းအရမ္းေကာင္းတဲ့ကားမ်ိဳးေတာ့ ျဖစ္ခ်င္တာေပါ့ ။ကံမေကာင္းစြာနဲ႔ မမထရီဇာဆီလာတဲ့ဇာတ္ထုပ္ေတြက မမထရီဇာရဲ႕စိတ္ကိုမစြဲေဆာင္ႏိုင္ဘူးျဖစ္သြားေတာ့ မမထရီဇာျပန္မ႐ိုက္ျဖစ္ေသးတာပါ”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။
ဇာတ္ကားအေရြးလြန္ေနတာလားဆိုတဲ့ေမးခြန္းကိုလည္း “ အေရြးလြန္တယ္ဆိုတာ ဥပမာဒီႏွစ္ဆိုရင္ႏွစ္ကားလာတယ္။ အေရွ႕ႏွစ္တုန္းကဆိုရင္ ကားႀကီးသံုးကားေလးကားလား(စဥ္းစားလ်က္)ေလးကား လာတယ္။ မမ်ားဘူးနည္းတယ္။နည္းတဲ့ဟာကိုမွ ကိုယ္ကအေရြးလြန္တာ”ဆိုၿပီးေျပာျပသြားတဲ့အျပင္ ပရိသတ္ေတြကိုအရမ္းခ်စ္တဲ့အေၾကာင္းနဲ႔ မိသားစုတစ္ခုလိုခ်စ္တဲ့အေၾကာင္းကိုလည္းေျပာျပသြားပါတယ္။
CRD-Nanmalgyi
UNICODE
ရုပ်ရှင်ပြန်မရိုက်ဖြစ်တဲ့ အကြောင်းရင်းကို ပြောပြတဲ့ ချစ်သုဝေ
၂၀၀၀ ပြည့်နှစ်အစောပိုင်းနှစ်တွေမှာ ဗွီဒီယိုဇာတ်လမ်းတွေ VCD သီချင်းတွေထဲမှာ အမြဲလိုလိုပါတတ်တဲ့ ချစ်စရာ မျက်နှာ ပြည့်ပြည့်လေးနဲ့ကောင်မလေးကနေ နောက်ပိုင်းသီချင်းတွေလည်းဆို သရုပ်ဆောင်တွေလည်းလုပ်တဲ့သူ ၊ အခုတော့ အိမ်ထောင်ကျပြီးချစ်စရာသမီးအမွှာလေးနှစ်ယောက်ရဲ့ မေမေဖြစ်နေတဲ့ချစ်သုဝေ ကတော့ 8Days မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာသူရဲ့လတ်တလော လှုပ်ရှားမှုလေးတွေအကြောင်းပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတာလေးတွေကိုမိတ်ဆွေတွေမသိလိုက်ရမရှိလေအောင်ပြန်ပြောပြပေးလိုက်ပါတယ်။
သူရုပ်ရှင်ပြန်မရိုက်ဖြစ်သေးတဲ့အကြောင်းကိုလည်း “ဇာတ်ကားကလေ မမထရီဇာ ကံမကောင်းဘူး ။ မထရီဇာ ပြန်ရိုက်ချင်ပါတယ်။ ဒါပေမယ့်လေ ငါးနှစ်လောက်ရပ်လိုက်ပြီးတော့ ပြန်ရိုက်မယ့်ကားလေးမှာ မမထရီဇာ ကာရိုက်တာလည်းအရမ်းကောင်းချင်တယ်။ ဇာတ်ကားရဲ့တစ်ခုလုံး Over All ကိုလည်းအရမ်းကောင်းတဲ့ကားမျိုးတော့ ဖြစ်ချင်တာပေါ့ ။ကံမကောင်းစွာနဲ့ မမထရီဇာဆီလာတဲ့ဇာတ်ထုပ်တွေက မမထရီဇာရဲ့စိတ်ကိုမစွဲဆောင်နိုင်ဘူးဖြစ်သွားတော့ မမထရီဇာပြန်မရိုက်ဖြစ်သေးတာပါ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဇာတ်ကားအရွေးလွန်နေတာလားဆိုတဲ့မေးခွန်းကိုလည်း “ အရွေးလွန်တယ်ဆိုတာ ဥပမာဒီနှစ်ဆိုရင်နှစ်ကားလာတယ်။ အရှေ့နှစ်တုန်းကဆိုရင် ကားကြီးသုံးကားလေးကားလား(စဉ်းစားလျက်)လေးကား လာတယ်။ မများဘူးနည်းတယ်။နည်းတဲ့ဟာကိုမှ ကိုယ်ကအရွေးလွန်တာ”ဆိုပြီးပြောပြသွားတဲ့အပြင် ပရိသတ်တွေကိုအရမ်းချစ်တဲ့အကြောင်းနဲ့ မိသားစုတစ်ခုလိုချစ်တဲ့အကြောင်းကိုလည်းပြောပြသွားပါတယ်။
CRD-Nanmalgyi





