ေနာက္႐ွစ္ႏွစ္ေလာက္မွ ကေလးယူမယ္ဆိုတဲ့ ေရႊမႈံရတီ
လူငယ္စံုတြဲေတြ အားက်ရတဲ့အျပင္ လူႀကီးတခ်ိဳ႕ကေတာင္ ခ်ီးက်ဴးေျပာဆိုၾကတာမ်ိဳး႐ိွေသာ္လည္း တဖက္က အဆိုးေျပာတဲ့သူေတြရဲ႕ ဒဏ္ေတြကို လည္းခံေနရတဲ့ ျပည္သူခ်စ္တဲ့ အႏုပညာ ႐ွင္စံုတြဲေလးကေတာ့ ေရႊေရႊစံုတြဲေလးပါပဲ ။ အခုေရြမႈံရတီက We မီဒီယာနဲ႔ ဆယ္လီရပ္ကြက္ တိုနဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့အေၾကာင္းေလးေတြကိုပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္ ။
အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ ေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီး ေရႊမံႈရတီက “ ပထမဦးဆံုးေျပာခ်င္တာက အန္တီခ်ိဳၿပံဳးကို ေက်းဇူးပါတယ္ ။ သမီးတို႔ကို appreciate လုပ္ေပးတဲ့အတြက္ ၊ သမီးတို႔ရဲ႕ Life နဲ႔ပဲျဖစ္ျဖစ္ သမီးတို႔ရဲ႕ အခ်စ္နဲ႔ပတ္သက္ၿပီးေတာ့ပဲျဖစ္ျဖစ္ appreciate လုပ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ ။ က်န္တာကေတာ့ ေထြေထြထူးထူး ေျပာစရာမ႐ိွပါဘူး ။ အဓိကကေတာ့ လူႀကီးေတြမ်က္စိမေနာက္ဘူးဆိုရင္ပဲ ေက်နပ္ပါၿပီ ။
လူတစ္ေယာက္နဲ႔တစ္ေယာက္မတူၾကဘူး အိမ္ေထာင္ေရးတစ္ခုနဲ႔တစ္ခုလည္း မတူၾကဘူး ။ ဒါကေတာ့ လူတိုင္းမွာ ကိုယ္ပိုင္ေတြးေခၚပိုင္ခြင့္႐ိွတယ္ ။ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္႐ိွတယ္ သူတို႔အျမင္မွာ မသင့္ေတာ္ဘူး တျခားလူအျမင္မွာလည္း သင့္ေတာ္ရင္ သင့္ေတာ္ေနလိမ့္မယ္ တစ္ေယာက္နဲ႔တစ္ေယာက္မတူတဲ့ အတြက္ေဝဖန္မႈေတြက ကြဲျပားႏိုင္တယ္ ။ အဲ့ဒီေတာ့ သဲက အားလံုးကို အဆင္ေျပပါတယ္ ။”ဆိုၿပီးေျပာျပသြားပါတယ္ ။
အိမ္ေထာင္ေရးကို ဘယ္လိုထိန္းသိမ္းလဲဆိုတဲ့ေမးခြန္းကို “ ဒီဟာကို သဲေျပာလိုက္ရင္ ကၽြန္မကဘယ္လိုထိန္းသိမ္းထားတာပါဘာညာ ေျပာလိုက္ရင္ အိမ္ေထာင္က်ထားၿပီးသား ေရႊရတု ေငြရတုေတြပိုင္ဆိုင္ထားၿပီးသား သူေတြက သဲကိုဆဲလိမ့္မယ္ ။ ဘာလို႔လဲဆိုေတာ့ သဲက လပိုင္းပဲ႐ိွေသးတယ္ ႏွစ္ေတာင္မျပည့္ေသးဘူးဆိုေတာ့ သဲအေနနဲ႔ စကားႀကီး စကားက်ယ္ေတြမေျပာခ်င္ဘူး ။သဲကိုေစာင့္ၾကည့္ေပးပါ ဘာပဲျဖစ္ျဖစ္ သဲသည္ ဘဝတစ္ခုကို အေကာင္းဆံုးတည္ေဆာက္မယ္” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။အဲ့ဒီေနာက္ ကေလးဘယ္ေတာ့ယူမလဲဆိုတဲ့ ေမးခြန္းကိုလည္း “ ဟာအေဝးႀကီးပါ ႐ွစ္ႏွစ္ေလာက္လိုေသးပါတယ္ ။ေနာက္ ေျခာက္ႏွစ္ ခုႏွစ္ႏွစ္ ၊ ႐ွစ္ႏွစ္ေလာက္မွ”လို႔ေျပာျပသြားပါတယ္။
CRD-Nanmalgyi
UNICODE
နောက်ရှစ်နှစ်လောက်မှ ကလေးယူမယ်ဆိုတဲ့ ရွှေမှုံရတီ
လူငယ်စုံတွဲတွေ အားကျရတဲ့အပြင် လူကြီးတချို့ကတောင် ချီးကျူးပြောဆိုကြတာမျိုးရှိသော်လည်း တဖက်က အဆိုးပြောတဲ့သူတွေရဲ့ ဒဏ်တွေကို လည်းခံနေရတဲ့ ပြည်သူချစ်တဲ့ အနုပညာ ရှင်စုံတွဲလေးကတော့ ရွှေရွှေစုံတွဲလေးပါပဲ ။ အခုရွေမှုံရတီက We မီဒီယာနဲ့ ဆယ်လီရပ်ကွက် တိုနဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေကိုပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ။
အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက “ ပထမဦးဆုံးပြောချင်တာက အန်တီချိုပြုံးကို ကျေးဇူးပါတယ် ။ သမီးတို့ကို appreciate လုပ်ပေးတဲ့အတွက် ၊ သမီးတို့ရဲ့ Life နဲ့ပဲဖြစ်ဖြစ် သမီးတို့ရဲ့ အချစ်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် appreciate လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ကျန်တာကတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး ။ အဓိကကတော့ လူကြီးတွေမျက်စိမနောက်ဘူးဆိုရင်ပဲ ကျေနပ်ပါပြီ ။
လူတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး အိမ်ထောင်ရေးတစ်ခုနဲ့တစ်ခုလည်း မတူကြဘူး ။ ဒါကတော့ လူတိုင်းမှာ ကိုယ်ပိုင်တွေးခေါ်ပိုင်ခွင့်ရှိတယ် ။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် သူတို့အမြင်မှာ မသင့်တော်ဘူး တခြားလူအမြင်မှာလည်း သင့်တော်ရင် သင့်တော်နေလိမ့်မယ် တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ အတွက်ဝေဖန်မှုတွေက ကွဲပြားနိုင်တယ် ။ အဲ့ဒီတော့ သဲက အားလုံးကို အဆင်ပြေပါတယ် ။”ဆိုပြီးပြောပြသွားပါတယ် ။
အိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းလဲဆိုတဲ့မေးခွန်းကို “ ဒီဟာကို သဲပြောလိုက်ရင် ကျွန်မကဘယ်လိုထိန်းသိမ်းထားတာပါဘာညာ ပြောလိုက်ရင် အိမ်ထောင်ကျထားပြီးသား ရွှေရတု ငွေရတုတွေပိုင်ဆိုင်ထားပြီးသား သူတွေက သဲကိုဆဲလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သဲက လပိုင်းပဲရှိသေးတယ် နှစ်တောင်မပြည့်သေးဘူးဆိုတော့ သဲအနေနဲ့ စကားကြီး စကားကျယ်တွေမပြောချင်ဘူး ။သဲကိုစောင့်ကြည့်ပေးပါ ဘာပဲဖြစ်ဖြစ် သဲသည် ဘဝတစ်ခုကို အကောင်းဆုံးတည်ဆောက်မယ်” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။အဲ့ဒီနောက် ကလေးဘယ်တော့ယူမလဲဆိုတဲ့ မေးခွန်းကိုလည်း “ ဟာအဝေးကြီးပါ ရှစ်နှစ်လောက်လိုသေးပါတယ် ။နောက် ခြောက်နှစ် ခုနှစ်နှစ် ၊ ရှစ်နှစ်လောက်မှ”လို့ပြောပြသွားပါတယ်။
CRD-Nanmalgyi




