လူမိုက္ငွား၍ အလုပ္သမားမ်ားကို ဓားႏွင့္ခုတ္ခိုင္းသည့္ အလုပ္ရွင္အား ေလ်ာ္ေၾကး သိန္း ၂၀၀၀ ေတာင္းမည္
01-Jul-2019
ရန္ကုန္၊ ဇူလိုင္ ၁
လႈိင္ယာသာရွိ Hong Ri ပိုက္ဆံအိတ္စက္႐ုံတြင္ ဆႏၵျပေနေသာ အလုပ္သမားမ်ားကို လူမိုက္ငွားကား ဓားႏွင့္ ခုတ္ခိုင္းသည့္အတြက္ အဆိုပါအလုပ္ရွင္ကို ေလ်ာ္ေၾကးအျဖစ္ သိန္း ၂၀၀၀ ေတာင္းမည္ျဖစ္ေၾကာင္း ဆႏၵျပလုပ္သမားမ်ားက ဇူလိုင္ ၁ ရက္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေတာင္းဆိုလိုက္သည္။
ဆႏၵျပေနေသာ အလုပ္သမားမွာ ဇြန္ ၂၈ ရက္ ည ၁၂ နာရီအခ်ိန္တြင္ ဓားျဖင့္ အခုတ္ခံရျခင္းျဖစ္ၿပီး မိန္းကေလး ၁၈ ဦးႏွင့္ အမ်ိဳးသား ၂ ဦးမွာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး လႈိင္သာယာေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရေၾကာင္း စက္႐ုံလုပ္သားတစ္ဦးျဖစ္သည့္ ကိုဝဏၰထြန္းက ေျပာသည္။
“ည ၁၂ နာရီေလာက္မွာ ကား ၂ စီးနဲ႔ လူႏွစ္ဆယ္ေလာက္ေရာက္တယ္။ စက္႐ုံထဲကဂိတ္ေစာင့္နဲ႔ အျပန္အလွန္စကားေျပာၿပီး အလုပ္သမားေတြကို ရန္စၿပီးဓားနဲ႔ခုတ္တယ္ ဒုတ္နဲ႔႐ိုက္တယ္။ ဆႏၵျပရာမွာပါတဲ့ ဗိုက္ႀကီးသည္ရဲ႕ ဗိုက္ကို ကန္တယ္။ ဝင္တားတဲ့ ေယာက်ၤားကို ဓားနဲ႔ ခုတ္တယ္။ အခု ကိုယ္ဝန္လည္း ပ်က္က်သြားတယ္။ ေယာက်ၤားကလည္း ေဆး႐ုံေရာက္ေနတယ္”ဟု ၎က ေျပာသည္။
အဆိုပါ စက္႐ုံလုပ္သားမ်ား ဆႏၵျပျခင္းမွာ အိမ္သာျပသာနာ၊ ေသာက္ေရျပသာနာ၊ လူမႈဖူလုံေရး၊ ေရွာင္တခြင္ခြင့္၊ ဖယ္ရီကားစေသာကိစြရပ္မ်ား အားအလုပ္ရွင္အား အႀကိမ္ႀကိမ္တင္ျပေတာင္းဆိုေသာ္လည္း ျပန္လည္ေျပလည္ေအာင္ ေျဖရွင္းေပးျခင္းမရွိသျဖင့္ ဇြန္ ၂၇ ရက္ စတင္ဆႏၵျပခဲ့ၿပီး ဇြန္လ ၂၈ ရက္ ညပိုင္းတြင္ လူမိုက္မ်ားက ဓားျဖင့္ခုတ္ျခင္း တုတ္ျဖင့္႐ိုက္ျခင္း၊ ေလးခြျဖင့္ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ကိုဝဏၰထြန္းက ေျပာသည္။
အဆိုပါကိစၥႏွင့္ ပတ္သက္၍ လိုက္ပါကူညီေဆာင္႐ြက္ေပးသူ လႈိင္သာယာၿမိဳ႕နယ္ ခ်ည္မွ်င္ႏွင့္ အထည္အလိပ္အလုပ္သမားအဖြဲ႔ အစည္းဥကၠ႒ ကိုရဲသူရက “အျငင္းပြားမႈျဖစ္ေအာင္ ဖန္တီးတယ္ ေၾကးစားလူမိုက္မ်ားကိုေခၚၿပီး ႐ိုက္ႏွက္ခိုင္းတယ္ နစ္နာလို႔ ေလ်ာ္ေၾကးေတာင္းတာ အလုပ္ရွင္မွာ တာဝန္ရွိတယ္။ ဒါတရားဥပေဒစိုးမိုးေရးကို စိန္ေခၚလိုက္တာ” ဆိုသည္။
အလုပ္သမားကို ဓားႏွင့္ခုတ္ဒုတ္ႏွင့္႐ိုက္ခဲ့သည့္ ျပစ္မႈက်ဴးလြန္သူမ်ားကို လႈိင္သာယာၿမိဳ႕မ ရဲစခန္းမွ ပ/၃၈၃၀/၁၉ ပုဒ္မ ၃၂၄/၃၂၃/၂၉၄/၅၀၆/၁၁၄ ျဖင့္အမႈဖြင့္ထားၿပီး လက္တေလာအေျခအေနတြင္မူ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း စခန္းမွဴး ဒုရဲမွဴးစန္းယုက ေျပာသည္။
Credit \\ original
Unicode
လူမိုက်ငှား၍ အလုပ်သမားများကို ဓားနှင့်ခုတ်ခိုင်းသည့် အလုပ်ရှင်အား လျော်ကြေး သိန်း ၂၀၀၀ တောင်းမည်
01-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁
လှိုင်ယာသာရှိ Hong Ri ပိုက်ဆံအိတ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို လူမိုက်ငှားကား ဓားနှင့် ခုတ်ခိုင်းသည့်အတွက် အဆိုပါအလုပ်ရှင်ကို လျော်ကြေးအဖြစ် သိန်း ၂၀၀၀ တောင်းမည်ဖြစ်ကြောင်း ဆန္ဒပြလုပ်သမားများက ဇူလိုင် ၁ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။
ဆန္ဒပြနေသော အလုပ်သမားမှာ ဇွန် ၂၈ ရက် ည ၁၂ နာရီအချိန်တွင် ဓားဖြင့် အခုတ်ခံရခြင်းဖြစ်ပြီး မိန်းကလေး ၁၈ ဦးနှင့် အမျိုးသား ၂ ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး လှိုင်သာယာဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း စက်ရုံလုပ်သားတစ်ဦးဖြစ်သည့် ကိုဝဏ္ဏထွန်းက ပြောသည်။
“ည ၁၂ နာရီလောက်မှာ ကား ၂ စီးနဲ့ လူနှစ်ဆယ်လောက်ရောက်တယ်။ စက်ရုံထဲကဂိတ်စောင့်နဲ့ အပြန်အလှန်စကားပြောပြီး အလုပ်သမားတွေကို ရန်စပြီးဓားနဲ့ခုတ်တယ် ဒုတ်နဲ့ရိုက်တယ်။ ဆန္ဒပြရာမှာပါတဲ့ ဗိုက်ကြီးသည်ရဲ့ ဗိုက်ကို ကန်တယ်။ ဝင်တားတဲ့ ယောင်္ကျားကို ဓားနဲ့ ခုတ်တယ်။ အခု ကိုယ်ဝန်လည်း ပျက်ကျသွားတယ်။ ယောင်္ကျားကလည်း ဆေးရုံရောက်နေတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ စက်ရုံလုပ်သားများ ဆန္ဒပြခြင်းမှာ အိမ်သာပြသာနာ၊ သောက်ရေပြသာနာ၊ လူမှုဖူလုံရေး၊ ရှောင်တခွင်ခွင့်၊ ဖယ်ရီကားစသောကိစွရပ်များ အားအလုပ်ရှင်အား အကြိမ်ကြိမ်တင်ပြတောင်းဆိုသော်လည်း ပြန်လည်ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသဖြင့် ဇွန် ၂၇ ရက် စတင်ဆန္ဒပြခဲ့ပြီး ဇွန်လ ၂၈ ရက် ညပိုင်းတွင် လူမိုက်များက ဓားဖြင့်ခုတ်ခြင်း တုတ်ဖြင့်ရိုက်ခြင်း၊ လေးခွဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကိုဝဏ္ဏထွန်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ လိုက်ပါကူညီဆောင်ရွက်ပေးသူ လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ်အလုပ်သမားအဖွဲ့ အစည်းဥက္ကဋ္ဌ ကိုရဲသူရက “အငြင်းပွားမှုဖြစ်အောင် ဖန်တီးတယ် ကြေးစားလူမိုက်များကိုခေါ်ပြီး ရိုက်နှက်ခိုင်းတယ် နစ်နာလို့ လျော်ကြေးတောင်းတာ အလုပ်ရှင်မှာ တာဝန်ရှိတယ်။ ဒါတရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တာ” ဆိုသည်။
အလုပ်သမားကို ဓားနှင့်ခုတ်ဒုတ်နှင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို လှိုင်သာယာမြို့မ ရဲစခန်းမှ ပ/၃၈၃၀/၁၉ ပုဒ်မ ၃၂၄/၃၂၃/၂၉၄/၅၀၆/၁၁၄ ဖြင့်အမှုဖွင့်ထားပြီး လက်တလောအခြေအနေတွင်မူ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စခန်းမှူး ဒုရဲမှူးစန်းယုက ပြောသည်။
Credit \\ original


