ကြည်နူးစရာ မိသားစုအသွင်လေးနဲ့ ကြော်ငြာအတူရိုက်ကူးခဲ့ကြတဲ့ မနောနဲ့ယဉ်လတ်
MTV တွေအတူရိုက်ကူးရင်း ခင်မင်မှုရရှိခဲ့ကြတဲ့ အဆိုတော် မနောနဲ့ သရုပ်ဆောင် ဖိုက်တင်မင်းသမီးချော ယဉ်လတ်တို့ဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားလူကြိုက်များနေကြတဲ့ အနုပညာရှင်တွေပါ။ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ရယူပိုင်ဆိုင်ထားရှိခဲ့ကြတဲ့ သူတို့ကတော့ လတ်တလောမှာ A 1 သင်္ဃန်း အတွက် ကြော်ငြာအတူတူ ရိုက်ကူးထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိသားစုပုံစံမျိုးနဲ့ ကြော်ငြာရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုသူ ပရိသတ်အပေါင်းတို့က အရမ်းကို သဘောကျ ကြိုက်နှစ်သက်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
သင်္ဃန်းကြော်ငြာရိုက်ကွင်းပေါ်မှ မနောနဲ့ ယဉ်လတ်တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
ကြော်ငြာပုံရိပ်လေးတွေကိုတော့ မနောက မျှဝေပေးထားတာဖြစ်ပြီး ” အဲ မင်္ဂလာပါလို့ အဲ🤪ကြိုက်သလိုသာပြောတော့ ဒို့ကတော့ A 1 သင်္ဃန်းပဲ ဟဲဟဲ🏆 ” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
မနောနဲ့ ယဉ်လတ် တို့ရဲ့ ကြော်ငြာပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။ သူတို့နှစ်ယောက်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်ပေးနေကြတာပဲ ဖြစ်ပါတယ်။
A 1 သင်္ဃန်းကြော်ငြာရိုက်ကွင်းပေါ်မှ မနောနဲ့ ယဉ်လတ်တို့ရဲ့ ကြည်နူးစရာမိသားစု မြင်ကွင်းပုံရိပ်
မနောနဲ့ ယဉ်လတ်တို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျမိမယ်လို့ထင်ပါတယ်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Kay Kay
Ref: Manaaw’s Facebook
Credit \\ original






