မြို့မှာ နာမည်ကြီးလူသိများတဲ့ ကုန်သည်သူဌေးမတစ်ဦးက ဆိုင်ပိုင်ရှင်မမြင်ဘူးအထင်နဲ့ ဆွဲကြိုးခိုးယူမှုဖြစ်
လွယ်လျှင် သန်းကြွယ်တောင် မနေဘူးဆိုတဲ့အတိုင်းပါပဲ။ အခုဖြစ်သွားတဲ့ ခိုးမှုကတော့ လွယ်မယ်အထင်နဲ့ ပိုင်ရှင်မမြင်ဘူးထင်ပြီး နှစ်ကျပ်သား ရွှေဆွဲကြိုးကို ခိုးယူသွားတဲ့ နာမည်ကြီးကုန်သည်တစ်ဦးဖြစ်ရုံတင်မကပဲ အိမ်တွေ ကားတွေနဲ့ အပြည့်အစုံ ပိုင်ဆိုင်ထားတဲ့ သူဌေးမတစ်ယောက်က ခိုးယူသွားတဲ့ ခိုးမှုဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ကျန်ထဘူးရီခရိုင်က သစ်သီးကုန်သည် ဖတ်ထရာဝတီဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရွှေအမြဲဝယ်ယူအားပေးနေတဲ့ ရွှေဆိုင်တစ်ဆိုင်ကနေပြီး နှစ်ကျပ်သားရွှေဆွဲကြိုးကို အစမ်းဝတ်ကြည့်ရင်းနဲ့ သူမဝတ်ထားတုန်း ဆိုင်ရှင်ကအလုပ်များနေချိန် သူမကို ဆိုင်ရှင် သတိမထားမိလောက်ဘူးအထင်နဲ့ ဆိုင်အတွင်းကနေပြီး မသိမသာထွက်သွားခဲ့တယ်လို့ သိရပါတယ်။
နောက်သုံးရက်လောက်အကြာမှာတော့ သူမဆီကို ရွှေဆိုင်ပိုင်ရှင်ရဲ့ အမှုဖွင့်တိုင်ကြားချက်နဲ့အတူ သူမအိမ်သို့ ရဲများရောက်ရှိလာပြီး ရှာဖွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အခုလို ခိုးမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးဟာ မရှိလို့ ခိုးယူခြင်းမဟုတ်ပဲ လွယ်မည်အထင်နဲ့ အလိုရမက်ကြီးပြီး ခိုးယူမှုကိုကျူးလွန်ရခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။
သူမဟာ သာမန်ဆင်းရဲသားတစ်ယောက်မဟုတ်ပဲ မြို့မှာ လူသိများပြီး နာမည်ကြီးတဲ့ ကုန်သည်တစ်ဦးဖြစ်ပါတယ်။ သူမ ခိုးယူသွားတဲ့ ရွှေနှစ်ကျပ်သားတန်ဖိုးဟာလည်း သူမပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိမ်တွေ ကားတွေနဲ့ ယှဉ်ရင်ဘာမှ မပြောပလောက်ဘူးလို့ သိရပါတယ်။
သူမဟာ မည်သည့်အခက်အခဲ မည်သည့်ပြသနာမှမရှိပဲ ငွေလိုတာမျိုး လိုအပ်တာမျိုး ဘာမှမရှိပဲနဲ့ အချောင်ရလိုစိတ်ဖြင့် ခိုးယူသွားတယ်လို့ ယူဆရပါတယ်။
Credit \\ original





