ပြေတီဦးက လိုအပ်ချက်မရှိတဲ့ အိမ်ထောင်ဦးစီး လို့ ဆိုလိုက်တဲ့ အူဝဲ ။
ပြေတီဦးက လိုအပ်ချက်မရှိတဲ့ အိမ်ထောင်ဦးစီး လို့ ဆိုလိုက်တဲ့ အူဝဲ ။
ပြည်သူ့ အချစ်တော် မင်းသမီး ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ သူ့ရဲ့ ခင်ပွန်း ဖြစ်ချင်တဲ့ ပြေတီဦး အကြောင်းကို ပြောကြား သွားခဲ့ပါတယ်။
သူတို့ နှစ်ယောက်ကတော့ အိမ်ထောင် သက်လည်း တဖြည်းဖြည်း ကြာလာ တာနဲ့ အမျှ တယောက်နဲ့ တယောက် ပြသာနာ
တတ်တာတွေ မရှိပဲ ပိုပြီးတော့တောင် အဆင်ပြေ နေတာကြောင့်ပရိသတ်တွေလည်း အားကျရတဲ့ ဇနီး မောင်နှံဆိုလည်း မမှားပါဘူး။
အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးဟာ တကယ် အိမ်ထောင် ဦးစီးကောင်း တယောက်ဖြစ်ပြီး မိသားစု အပေါ်ကိုလည်း လိုလေသေး
မရှိအောင် ထားပေးကြောင်း ပြောကြား သွားခဲ့ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးက အူဝဲ အတွက် ဘယ်လို အိမ်ထောင် ဦးစီး မျိုးလဲ ဆိုတဲ့ မေးခွန်းကိုတော့ “လိုအပ်ချက် မရှိတဲ့
အိမ်ထောင်ဦးစီး တယောက်လို့ ပြောလို့ ရပါတယ်။
အစစ အရာရာ လိုအပ်ချက် မရှိအောင် ဖြည့်ဆည်း ပေးပါတယ်။ အစ်ကိုက သူ့အတွက် သူ ဖြည့်ဆည်းတာမျိုး သိပ်ပြီးတော့ မရှိပါဘူး။
သူက သူများ လိုအပ်ချက် တွေကိုလိုက်ပြီး ဖြည့်ဆည်းပေးတဲ့ လူမျိုးပါ။ အမြဲတမ်း ပေးဆပ် တတ်တဲ့ လူမျိုး ဆိုတော့ အဆင် ပြေတာပေါ့”
“အစ်ကိုနဲ့ အမနဲ့က အမြဲတမ်း နောက်နေကြတာ။ သူက စကား ၁၀ ခွန်းမှာ ၉ ခွန်း လောက်က နောက်တယ်။ စကား ကောင်းကောင်း
ပြောတာ သိပ် မရှိဘူး။ကလေးတွေနဲ့ ဆိုရင်တော့ မိသားစုတနေရာရာ သွားပြီး စားတာပဲ ဖြစ်ဖြစ် အိမ်မှာ မိသားစု တူတူ အနား ယူတာပဲ
ဖြစ်ဖြစ် အဲ့လိုတွေ့ဖြစ်ပါတယ်။
တခြား အချိန်တွေ ဆိုရင်တော့ သူလည်း အလုပ်သွား အမလည်း အလုပ် သွားတယ်ဆိုတော့ မတွေ့ ဖြစ်တာ များတယ်လေ။
ဘာရယ်တော့ မဟုတ်ပါဘူး။တခါတလေ ကျရင် လိုင်းပေါ်က လျှောက် နောက်ပြီး တင်တာတွေ ရှိတယ်။ ပြီးရင်လည်း တွေ့နေ
ရတာပဲလေ”။“ပရိသတ် အတွက် အမ လက်ရှိ မှာတော့ ဂျလေဘီ ဆိုတဲ့ ကားရိုက် နေပါတယ် ။ နောက်ကားကတော့ ကားနာမည် မပေး
ရသေးပါဘူး။အဲ့ကား ကတော့ ကိုနေတိုးနဲ့ ရိုက်မှာပါ ။ ပြီးတော့ ဒီကြားထဲမှာ ကြော်ငြာ ရိုက်ဖို့ ရှိပါတယ် ။
ဖွင့်ပွဲတွေလည်း အများကြီး လက်ခံ ထားပါတယ် ။ ပရိသတ် အတွက်တော့ အမ တတ်နိုင် သလောက် ရိုက်ပေး နေပြီး ကြိုးစားပေး
နေပါတယ် ။
ပရိသတ် တွေလည်း ကျေနပ် မယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျေးဇူး အများကြီး လည်း တင်ပါတယ်လို့ ပြောချင် ပါတယ်” ဟု ပြောကြား သွား ခဲ့ပါတယ် ။



