ႏွလုံး ေရာဂါ ကင္ဆာေရာဂါ အတြက္ အံံ့မခမ္း ၾကက္သြန္ျဖဴ မီးဖုတ္အစြမ္း
ႏွလုံး ေရာဂါ ကင္ဆာေရာဂါ အတြက္ အံံ့မခမ္း ၾကက္သြန္ျဖဴ မီးဖုတ္အစြမ္း
ၾကက္သြန္ျဖဴကို ဟင္းလ်ာ၊ အ႐ြက္ေၾကာ္ေတြထဲမွာ ထည့္စားၾကသလို မီးဖုတ္ၿပီးေတာ့လည္း စားသုံးၾကပါတယ္။ ၾကက္သြန္ျဖဴမီးဖုတ္ရဲ႕ အနံ႔ဟာ အနံ႔ရရင္ မစားရမေနႏိုင္ကို ေမႊးလြန္းပါတယ္။
ဒီလို အနံ႔ေမႊးေမႊးေလးနဲ႔ အရသာလည္း ေကာင္းမြန္တဲ့ ၾကက္သြန္ျဖဴမီးဖုတ္မွာ က်န္းမာေရးကို ေကာင္းမြန္ေစတဲ့ အက်ိဳးေက်းဇူးေတြ မ်ားစြာ ပါဝင္ပါတယ္။
ၾကက္သြန္ျဖဴမီးဖုတ္မွာ ကယ္လိုရီ ပါဝင္မႈအားနည္းတာေၾကာင့္ စားသုံးမယ္ဆိုရင္ အဆီတက္တာေတြနဲ႔ အဝလြန္တာေတြ မျဖစ္ေစႏိုင္သလို ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ့ခ် ေနသူေတြအတြက္ အေကာင္းဆုံး အစားအစာတစ္မ်ိဳး ျဖစ္ပါတယ္။
ႏွလုံး ေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ ဓါတ္တိုးဆန႔္က်င္မႈေတြလည္း ပါဝင္ပါတယ္။ ခႏၶာကိုယ္ ကိုယ္ခံအား စနစ္ကို ေကာင္းမြန္ ေစၿပီး မလိုအပ္တဲ့ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။
ခႏၶာကိုယ္အတြင္း ေရာဂါပိုးမႊားဝင္ေရာက္ျခင္းနဲ႔ မႈိစြဲကပ္ျခင္း ေရာဂါေတြကိုလည္း သက္သာေစႏိုင္ပါတယ္။
ၾကက္သြန္ျဖဴကို မီးဖုတ္စားမယ္ဆိုရင္ ကင္ဆာေရာဂါ ျဖစ္ပြားမႈကို တားဆီးေပးႏိုင္ပါတယ္။ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ free radical ကို ေလ်ာ့က်ေစပါတယ္။
ၾကက္သြန္ျဖဴမီးဖုတ္ရဲ႕ အေကာင္းဆုံးစြမ္းရည္ကေတာ့ ႏွလုံးရဲ႕ က်န္းမာေရးကို အထူးေကာင္းမြန္ေစတာပါ။ ႏွလုံးေရာဂါထေဖာက္ျခင္းနဲ႔ ေလျဖတ္ေရာဂါကို မျဖစ္ေစႏိုင္ပါဘူး။
Credit \\ original
ေသြးခဲျခင္း၊ ေသြးပ်စ္ျခင္း ေတြကို မျဖစ္ေစတဲ့အျပင္ ေသြးလည္ပတ္မႈအားေကာင္းေစပါတယ္။ ၾကက္သြန္ျဖဴကို မီးဖုတ္စားသုံးျခင္းဟာ ၾကက္သြန္ျဖဴ မွာ ပါဝင္တဲ့ ပ႐ိုတင္းဓါတ္ကို အျပည့္အ၀ ရရွိေစႏိုင္ပါတယ္။
နှလုံး ရောဂါ ကင်ဆာရောဂါ အတွက် အံံ့မခမ်း ကြက်သွန်ဖြူ မီးဖုတ်အစွမ်း
ကြက်သွန်ဖြူကို ဟင်းလျာ၊ အရွက်ကြော်တွေထဲမှာ ထည့်စားကြသလို မီးဖုတ်ပြီးတော့လည်း စားသုံးကြပါတယ်။ ကြက်သွန်ဖြူမီးဖုတ်ရဲ့ အနံ့ဟာ အနံ့ရရင်
မစားရမနေနိုင်ကို မွှေးလွန်းပါတယ်။ ဒီလို အနံ့မွှေးမွှေးလေးနဲ့ အရသာလည်း ကောင်းမွန်တဲ့ ကြက်သွန်ဖြူမီးဖုတ်မှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ များစွာ ပါဝင်ပါတယ်။
ကြက်သွန်ဖြူမီးဖုတ်မှာ ကယ်လိုရီ ပါဝင်မှုအားနည်းတာကြောင့် စားသုံးမယ်ဆိုရင် အဆီတက်တာတွေနဲ့ အဝလွန်တာတွေ မဖြစ်စေနိုင်သလို ခန္ဓာကိုယ်အလေးချိန်လျော့ချ နေသူတွေအတွက် အကောင်းဆုံး
အစားအစာတစ်မျိုး ဖြစ်ပါတယ်။ နှလုံး ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံအား စနစ်ကို ကောင်းမွန် စေပြီး မလိုအပ်တဲ့ ဘက်တီးရီးယားတွေကို
တိုက်ထုတ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်ခြင်းနဲ့ မှိုစွဲကပ်ခြင်း ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူကို မီးဖုတ်စားမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ free radical ကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူမီးဖုတ်ရဲ့ အကောင်းဆုံးစွမ်းရည်ကတော့ နှလုံးရဲ့
ကျန်းမာရေးကို အထူးကောင်းမွန်စေတာပါ။ နှလုံးရောဂါထဖောက်ခြင်းနဲ့ လေဖြတ်ရောဂါကို မဖြစ်စေနိုင်ပါဘူး။ သွေးခဲခြင်း၊ သွေးပျစ်ခြင်း တွေကို မဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။
ကြက်သွန်ဖြူကို မီးဖုတ်စားသုံးခြင်းဟာ ကြက်သွန်ဖြူ မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်ကို အပြည့်အ၀ ရရှိစေနိုင်ပါတယ်။
Credit \\ original


