၉ ႏွစ္အရြယ္ ကေလးတစ္ဦးကို လိမ္လည္ေခၚေဆာင္သြားျပန္တဲ့ သက္ငယ္မုဒိမ္းျဖစ္စဥ္
၉ ႏွစ္အရြယ္ ကေလးတစ္ဦးကို လိမ္လည္ေခၚေဆာင္သြားျပန္တဲ့ သက္ငယ္မုဒိမ္းျဖစ္စဥ္
မေန႔က ဇူလိုင္လ ၁ ရက္ေန႔မွာ အမရပူရ၊ ေရႊၾကက္ယက္တိုက္နယ္၊ စံေရြးရပ္က အသက္ ၉ ႏွစ္အရြယ္ သမီးငယ္ေလးတစ္ဦးကို ေအာင္ေအာင္ဆိုသူ အရြယ္ေရာက္အမ်ိဳးသားတစ္ဦးက အေမေခၚခိုင္းတယ္လို႔ေျပာဆိုၿပီး –
ေက်ာင္းဆင္းခ်ိန္ ေန႔လည္ ၃ နာရီဝန္းက်င္ခန္႔မွာ လိမ္လည္ေခၚေဆာင္သြားခဲ့ရာက သမီးေလးဟာ တစ္ရက္တိတိေပ်ာက္ဆံုးလို႔ သြားခ့ဲရပါတယ္။
ဒီေန႔ ဇူလိုင္လ ၂ ရက္ေန႔ မနက္မွာေတာ့ ကေလးကို လိမ္လည့္ေခၚေဆာင္သြားတဲ့ ေအာင္ေအာင့္ကို ႐ွမ္းေလးကြၽန္းထိပ္မွာ ရပ္ကြက္ကဖမ္းဆီးရမိခဲ့ပါတယ္။
လက္႐ွိမွာေတာ့ သမီးငယ္ေလးကိုေတာ့ ဘာတစ္ခြန္းမွေမးျမန္းလို႔မရႏိုင္ေသးဘဲ သမီးငယ္ေလးရဲ႕အေျခအေနဟာ ေမးျမန္းသမ်ွ ဘာတစ္ခုမွကို မေျပာဆိုႏိုင္ေသးတဲ့ အေျခအေနျဖစ္ေနတယ္လို႔ သိရပါတယ္။
ဒီလို သက္ငယ္ကေလးေတြကို လိမ္လည္လွည့္ဖ်ားေနတဲ့ သတင္းေတြကို မၾကာမခဏ ၾကားသိေနရတာဟာ ကေလးငယ္ေလးေတြ ထိန္းေက်ာင္းေမြးျမဴထားရတဲ့ မိဘေတြအတြက္ စိတ္အပူရဆံုး၊ အစိုးရိမ္ရဆံုးအေျခအေန တစ္ခုျဖစ္လာခဲ့ၿပီး ဒီျပသနာဟာ အျမန္ဆံုး နဲ႔ အထိေရာက္ဆံုး ဥပေဒနဲ႔ထိန္းကြပ္သြားဖို႔ လိုအပ္လာေနၿပီျဖစ္ပါတယ္။
သက္ငယ္မုဒိန္းနဲ႔ပတ္သက္ၿပီး ေသဒဏ္ေပးမယ့္ ဥပေဒမူၾကမ္းကိုလည္း ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးထားၿပီးျဖစ္သလို မိဘေတြအေနနဲ႔လည္း မိမိတို႔ကေလးငယ္ေလးေတြကို အခုလိုကာလဆိုးတစ္ခုမွာ ရင္အုပ္မကြာ၊ မ်က္စိေအာက္ကအေပ်ာက္မခံဘဲ ပိုျပီး သတိျကီးျကီးနဲ့ ထိန္းသိမ္းေစာင့္ေ႐ွာက္ေနဖို႔ လိုအပ္ေၾကာင္း သတိျပဳေစလိုပါတယ္။
မိမိရဲ႕ ရင္ေသြးငယ္မ်ားကို သတိထားေစာင့္ၾကည့္ၿပီး ေစာင့္ေရွာက္ကာကြယ္ႏုိင္ၾကဖုိ႔ အထူးသတိေပးလိုက္ပါရေစ…..
ApannPyay ၏ ခြင့္ျပဳခ်က္ျဖင့္ တင္ျပပါသည္။ Ganabia
Photo – Yu Dar Li /EFIL (ApannPyay)
Unicode
၉ နှစ်အရွယ် ကလေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်သွားပြန်တဲ့ သက်ငယ်မုဒိမ်းဖြစ်စဉ်
မနေ့က ဇူလိုင်လ ၁ ရက်နေ့မှာ အမရပူရ၊ ရွှေကြက်ယက်တိုက်နယ်၊ စံရွေးရပ်က အသက် ၉ နှစ်အရွယ် သမီးငယ်လေးတစ်ဦးကို အောင်အောင်ဆိုသူ အရွယ်ရောက်အမျိုးသားတစ်ဦးက အမေခေါ်ခိုင်းတယ်လို့ပြောဆိုပြီး –
ကျောင်းဆင်းချိန် နေ့လည် ၃ နာရီဝန်းကျင်ခန့်မှာ လိမ်လည်ခေါ်ဆောင်သွားခဲ့ရာက သမီးလေးဟာ တစ်ရက်တိတိပျောက်ဆုံးလို့ သွားခဲ့ရပါတယ်။
ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်မှာတော့ ကလေးကို လိမ်လည့်ခေါ်ဆောင်သွားတဲ့ အောင်အောင့်ကို ရှမ်းလေးကျွန်းထိပ်မှာ ရပ်ကွက်ကဖမ်းဆီးရမိခဲ့ပါတယ်။
လက်ရှိမှာတော့ သမီးငယ်လေးကိုတော့ ဘာတစ်ခွန်းမှမေးမြန်းလို့မရနိုင်သေးဘဲ သမီးငယ်လေးရဲ့အခြေအနေဟာ မေးမြန်းသမျှ ဘာတစ်ခုမှကို မပြောဆိုနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ဒီလို သက်ငယ်ကလေးတွေကို လိမ်လည်လှည့်ဖျားနေတဲ့ သတင်းတွေကို မကြာမခဏ ကြားသိနေရတာဟာ ကလေးငယ်လေးတွေ ထိန်းကျောင်းမွေးမြူထားရတဲ့ မိဘတွေအတွက် စိတ်အပူရဆုံး၊ အစိုးရိမ်ရဆုံးအခြေအနေ တစ်ခုဖြစ်လာခဲ့ပြီး ဒီပြသနာဟာ အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဥပဒေနဲ့ထိန်းကွပ်သွားဖို့ လိုအပ်လာနေပြီဖြစ်ပါတယ်။
သက်ငယ်မုဒိန်းနဲ့ပတ်သက်ပြီး သေဒဏ်ပေးမယ့် ဥပဒေမူကြမ်းကိုလည်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထားပြီးဖြစ်သလို မိဘတွေအနေနဲ့လည်း မိမိတို့ကလေးငယ်လေးတွေကို အခုလိုကာလဆိုးတစ်ခုမှာ ရင်အုပ်မကွာ၊ မျက်စိအောက်ကအပျောက်မခံဘဲ ပိုပြီး သတိကြီးကြီးနဲ့ ထိန်းသိမ်းစောင့်ရှောက်နေဖို့ လိုအပ်ကြောင်း သတိပြုစေလိုပါတယ်။
မိမိရဲ့ ရင်သွေးငယ်များကို သတိထားစောင့်ကြည့်ပြီး စောင့်ရှောက်ကာကွယ်နိုင်ကြဖို့ အထူးသတိပေးလိုက်ပါရစေ…..
ApannPyay ၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်။ Ganabia
Photo – Yu Dar Li /EFIL (ApannPyay)




