ပြင့္ေသာပန္းတိုင္းလန္းႏိုင္ေစဖို႔ ေမွ်ာ္မွန္းတယ္လို႔ ဆိုလာတဲ့ ခိုင္ႏွင္းေဝ





ပြင့္ေသာပန္းတိုင္းလန္းႏိုင္ေစဖို႔ ေမွ်ာ္မွန္းတယ္လို႔ ဆိုလာတဲ့ ခိုင္ႏွင္းေဝ

ကေလးသူငယ္မ်ားဘဝ လွပေအာင္ တတ္ႏိုင္တဲ့ ဘက္ကေန ကူညီပံ့ပိုးေပးၾကဖို႕ကိုလည္း သူမက တိုက္တြန္းထားပါေသးတယ္။ခိုင္ႏွင္းေဝက

ဒီေန႕(ဇူလိုင္၁၀ရက္)မွာ ပ်ဥ္းမကုန္းေက်းရြာမွ ရွိတဲ့ ကိုယ္ထူကိုယ္ထ မူလတန္းေက်ာင္းက ကေလးမ်ားကို ေက်ာင္းဝတ္စံုေတြနဲ႕ လိုအပ္တာေတြ သြားေရာက္လွဴဒါန္းခဲ့ပါတယ္။

“သံုးခြၿမိဳ႕နယ္ ပ်ဥ္းမကုန္းေက်းရြာရွိ ကိုယ္ထူကိုယ္ထ မူလတန္းေက်ာင္းမွာရွိတဲ့ ေက်ာင္းသား/သူ ၄၆ဦးအတြက္ ေက်ာင္းဝတ္စံုမ်ား၊ ထီး၊ ဖိနပ္၊ ဆပ္ျပာ၊ တို႔ကိုလွဴဒါန္းခဲ့ၿပီး



ကေလးမ်ားေပ်ာ္ရႊင္ေစဖို႔ အ႐ုပ္မ်ားကံစမ္းမဲေဖာက္ေပးခဲ့ပါတယ္ရွင္။ ပြင့္ေသာပန္းတိုင္းလန္းႏိုင္ေစဖို႔ေမွ်ာ္မွန္းရင္း ” ဆုိၿပီး ဇူလိုင္(၁၀) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာေရးသားထားတာေတြ႕ရပါတယ္။

ဆက္လက္ၿပီးေတာ့လည္း ကေလးသူငယ္မ်ား ဘဝလွပေအာင္ တတ္ႏိုင္တဲ့ ဘက္ကေန ကူညီပံ့ပိုးေပးဖို႕အတြက္ကိုလည္း တိုက္တြန္းေပးထားပါေသးတယ္။

“အနာဂတ္ကိုယံုၾကည္သူတိုင္း ကေလးသူငယ္မ်ားဘဝလွပေအာင္ မိမိတတ္ႏိုင္သည့္ဘက္မွ ကူညီပ့ံပိုးေပးၾကဖို႔တိုက္တြန္းခ်င္ပါတယ္” ဆုိၿပီး ေျပာထားပါတယ္။



ပရဟိတမင္းသမီးေခ်ာေလး ခုိင္ႏွင္းေဝက လက္ရွိမွာ မိဘမဲ့ ကေလးငယ္ေတာ္ေတာ္ မ်ားမ်ားကုိ ျပဳစု ေစာင့္ေရွာက္ေနတာ ေတြ႔ရပါတယ္။

သူမကုိယ္တုိင္ကလည္း ဒီကေလးေတြအေပၚ သားသမီးအရင္းသဖြယ္ ခ်စ္ခင္လွပါတယ္။

ပရဟိတအလုပ္ေတြ၊ ကုသုိလ္ေရးေတြမွာ လက္မေႏွးတဲ့ မင္းသမီးေခ်ာေလး ခုိင္ႏွင္းေဝကေတာ့ ဆင္းရဲသားျပည္သူေတြကုိလည္း တစ္ဖက္ တစ္လမ္းက

ကူညီေစာင့္ေရွာက္ တတ္သလုိ ဘုရား၊ တရားကုိလည္း မေမ့မေလွ်ာ့ ေဆာင္ရြက္တတ္သူတစ္ဦးပါ။ ဘာသာေရး၊ သာသနာေရး ေတြလည္း အဆက္မျပတ္ေဆာင္ရြက္ေလ့ရွိပါတယ္။



အဲဒီေနာက္ ထုိင္းႏုိင္ငံ ခုိလၿမိဳ႕မွာရွိတဲ့ ခိုင္ႏွင္းေဝ ပရ ဟိတအသင္းသားေတြနဲ႔ အတူတူ ပရဟိတအလုပ္ေတြနဲ႔ အတူတူမၾကာခဏ အလွဴအတန္းေတြ သြားေရာက္လုပ္ကုိင္ ေဆာင္ရြက္ေပးျဖစ္တယ္လုိ႔ သိရပါတယ္။

Source – Celeyatkwat

Unicode

ပွင့်သောပန်းတိုင်းလန်းနိုင်စေဖို့ မျှော်မှန်းတယ်လို့ ဆိုလာတဲ့ ခိုင်နှင်းဝေ

ကလေးသူငယ်များဘဝ လှပအောင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးကြဖို့ကိုလည်း သူမက တိုက်တွန်းထားပါသေးတယ်။ခိုင်နှင်းဝေက

ဒီနေ့(ဇူလိုင်၁ဝရက်)မှာ ပျဉ်းမကုန်းကျေးရွာမှ ရှိတဲ့ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းက ကလေးများကို ကျောင်းဝတ်စုံတွေနဲ့ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

“သုံးခွမြို့နယ် ပျဉ်းမကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသား/သူ ၄၆ဦးအတွက် ကျောင်းဝတ်စုံများ၊ ထီး၊ ဖိနပ်၊ ဆပ်ပြာ၊ တို့ကိုလှူဒါန်းခဲ့ပြီး

ကလေးများပျော်ရွှင်စေဖို့ အရုပ်များကံစမ်းမဲဖောက်ပေးခဲ့ပါတယ်ရှင်။ ပွင့်သောပန်းတိုင်းလန်းနိုင်စေဖို့မျှော်မှန်းရင်း ” ဆိုပြီး ဇူလိုင်(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားတာတွေ့ရပါတယ်။

ဆက်လက်ပြီးတော့လည်း ကလေးသူငယ်များ ဘဝလှပအောင် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးဖို့အတွက်ကိုလည်း တိုက်တွန်းပေးထားပါသေးတယ်။

“အနာဂတ်ကိုယုံကြည်သူတိုင်း ကလေးသူငယ်များဘဝလှပအောင် မိမိတတ်နိုင်သည့်ဘက်မှ ကူညီပ့ံပိုးပေးကြဖို့တိုက်တွန်းချင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက လက်ရှိမှာ မိဘမဲ့ ကလေးငယ်တော်တော် များများကို ပြုစု စောင့်ရှောက်နေတာ တွေ့ရပါတယ်။

သူမကိုယ်တိုင်ကလည်း ဒီကလေးတွေအပေါ် သားသမီးအရင်းသဖွယ် ချစ်ခင်လှပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက

ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။

Source – Celeyatkwat

Recent Updates

Recent Posts Widget