အေမရိကန္နိုင္ငံမွာ ႏွစ္ေပါင္း ၂၀ အတြင္း အင္အားျပင္ဆုံး ငလ်င္ႀကီးလႈပ္ခပ္




အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုနီးယားျပည္နယ္ေတာင္ပိုင္းမွာ ေသာၾကာေန႔က ျပင္းအား ရ.၁ magnitude ရွိတဲ့ ငလ်င္ တခု ထပ္မံ လႈပ္ခတ္ခဲ့ပါတယ္။

ငလ်င္ေၾကာင့္ အေဆာက္အအုံေတြ လမ္းေတြ ၿပိဳက်ပ်က္စီးခဲ့ၿပီး ဒဏ္ရာရတာေတြ ရွိခဲ့ေပမယ့္ ေသဆုံးတာေတာ့ မရွိခဲ့ပါဘူး။ ၾကာသပေတးေန႔တုန္းကလည္း Mojave သဲကႏၲာရထဲမွာ ျပင္းအား ၆.၄ magnitude ရွိတဲ့ ငလ်င္ တခု လႈပ္ခဲ့ၿပီးတဲ့ေနာက္ ထပ္ၿပီးလႈပ္ခဲ့တာပါ။


ေသာၾကာေန႔ ငလ်င္ျဖစ္ၿပီးတဲ့ေနာက္ ျပင္းအား ႏွစ္ ရွိတဲ့ ငလ်င္ငယ္ ငါး ခုလည္း ထပ္လႈပ္သြားတယ္လို႔ ငလ်င္ပညာရွင္ Lucy Jones က ေျပာပါတယ္။ ျပည္နယ္ေျမာက္ပိုင္းမွာ ရွိတဲ့ Sacremento အပါအဝင္ အေရွ႕ဘက္က Las Vegas နဲ႔ ေတာင္ဘက္ မကၠဆီကိုႏိုင္ငံေတြအထိ ငလ်င္လႈပ္တဲ့ ဒဏ္ကို ခံစားခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။



ကယ္လီဖိုးနီးယားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Gavin Newsom ကေတာ့ ျပည္နယ္မွာ အေရးေပၚအေျခအေနေၾကျငာဖို႔ အိမ္ျဖဴေတာ္ကို ပန္ၾကားထားတယ္လို႔ ေျပာပါတယ္။

ဒါဟာ အေမရိကန္ႏိုင္ငံ အေနာက္ပိုင္းျပည္နယ္ေတြမွာ ႏွစ္ေပါင္း ၂၀ အတြင္း အျပင္းထန္ဆုံးလႈပ္ခတ္ခဲ့တဲ့ ငလ်င္ျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာပါတယ္။

Source_VOA

Credit   \\   original

Unicode

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်တောင်ပိုင်းမှာ သောကြာနေ့က ပြင်းအား ရ.၁ magnitude ရှိတဲ့ ငလျင် တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတွေ လမ်းတွေ ပြိုကျပျက်စီးခဲ့ပြီး ဒဏ်ရာရတာတွေ ရှိခဲ့ပေမယ့် သေဆုံးတာတော့ မရှိခဲ့ပါဘူး။ ကြာသပတေးနေ့တုန်းကလည်း Mojave သဲကန္တာရထဲမှာ ပြင်းအား ၆.၄ magnitude ရှိတဲ့ ငလျင် တခု လှုပ်ခဲ့ပြီးတဲ့နောက် ထပ်ပြီးလှုပ်ခဲ့တာပါ။
သောကြာနေ့ ငလျင်ဖြစ်ပြီးတဲ့နောက် ပြင်းအား နှစ် ရှိတဲ့ ငလျင်ငယ် ငါး ခုလည်း ထပ်လှုပ်သွားတယ်လို့ ငလျင်ပညာရှင် Lucy Jones က ပြောပါတယ်။ ပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ Sacremento အပါအဝင် အရှေ့ဘက်က Las Vegas နဲ့ တောင်ဘက် မက္ကဆီကိုနိုင်ငံတွေအထိ ငလျင်လှုပ်တဲ့ ဒဏ်ကို ခံစားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကတော့ ပြည်နယ်မှာ အရေးပေါ်အခြေအနေကြေငြာဖို့ အိမ်ဖြူတော်ကို ပန်ကြားထားတယ်လို့ ပြောပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်တွေမှာ နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

Source_VOA

Credit   \\   original


Recent Updates

Recent Posts Widget