အိမ္မွာ အိပ္ေနတဲ့ ႏွစ္ႏွစ္သားအရြယ္ကေလး ေပ်ာက္လို႔ လိုက္ရွာရာ ကားအတြင္မွာ ေသဆံုးေန





အိမ္မွာ အိပ္ေနတဲ့ ႏွစ္ႏွစ္သားအရြယ္ကေလး ေပ်ာက္လို႔ လိုက္ရွာရာ ကားအတြင္မွာ ေသဆံုးေန

မဂၤလာပါ  ပရိတ္ၾကီးရွင့္။ Sarbesh Gurun လို႔အမည္ရတဲ့ Texas မွာေနထုိင္တဲ့ ႏွစ္ႏွစ္ေက်ာ္ေက်ာ္ အရြယ္ေကာင္ေလးဟာ ေန႔လည္ခင္းအခ်ိန္္မွာ ေပ်ာက္ဆံုးသြားခဲ့တာပါ။

ဆာဘက္ခ်္ ရဲ႕ မိခင္ဟာ ေန႔လည္ေန႔ခင္း သူ႔ကို တေရးအိပ္ေစခဲ့ပါတယ္။ ဒါေပမယ့္ ျပန္ေတြ႔တဲ့အခ်ိန္ကေတာ့ ေနာက္ေန႔မနက္ခင္းေလး

မွာပါ။ကံဆိုးစြာနဲ႔ ကားထဲမွာ အပူခ်ိန္အျမင့္ဆံုးနဲ႔ ပိတ္မိေနခဲ့တာေၾကာင့္ အသက္မရွိတဲ့ ခႏၶာကိုယ္ကေလးကိုသာ မိခင္အေနနဲ႔ ျ

ပန္လည္ရရွိခဲ့ရပါတယ္။



အမ်ားေျပာခ်က္အရ ကေလးဟာ တေရးႏိုးခ်ိန္မွာ ထျပီးကားထဲကို ဝင္သြားကာ သူ႔ဘာသာ

ေလာ့ခ္ခ်ရက္သားျဖစ္သြားတယ္လို႔သိရပါတယ္။

ကားထဲမွာ အပူခ်ိန္က 50C ရွိတဲ့အရွိန္ေၾကာင့္ ကေလးဟာမခံစားႏိုင္ျဖစ္သြားပါတယ္။ မိခင္ကေတာ့ ဒီျဖစ္ရပ္ကို သတိမျပဳလုိက္ဘဲ

သိသိခ်င္းမွာပဲ ရဲကို အေၾကာင္းၾကားခဲ့ပါတယ္။



ကေလးကို ၁၅ နာရီေလာက္ထိ ရွာခဲ့ၾကပါတယ္။ မနက္ေျခာက္နာရီမွာေတာ့ အလုပ္မသြားခင္ ကားထဲမွာ အသက္မဲ့ေနတဲ့

ဆာဘက္ခ်္ေလးရဲဲ့ ခႏၶာကိုယ္ကုိအိမ္နီးခ်င္းမ်ားက ရုတ္တရက္ ေတြ႔ရွိခဲ့တာပဲျဖစ္ပါတယ္။ မိိုးေလဝသအရ Denton, Texas မွာဆိုရင္

အျပင္အပူခ်ိန္က 34C ရွိတယ္လို႔သိရျပီး

ကားထဲမွာဆို အရမ္းပူျပီး ကေလးအေနနဲ႔ မြန္းၾကပ္ေနခဲ့မွာအေသအခ်ာပါပဲေနာ္။



ခုထိအေျဖရွာမရေသးတာကေတာ့ ကေလးအေနနဲ႔ တေရးအိပ္ႏိုးရာကေန ဘယ္လိုကားထဲကို ေရာက္သြားခဲ့လည္းဆိုတာပါဘဲ။

ရဲေတြအေနနဲ႔လညး္ ေတြ႔ရွိခ်ိန္မွာ စိတ္မေကာင္းျဖစ္ခဲ့ရသလို မိခင္အေနနဲ႔ကေတာ့ ယူက်ံဳးမရျဖစ္ျပီး

ေဆးေတြေသာက္ေနရတယ္လို႔သိရပါတယ္။

ရဲေတြစစ္ေဆးခ်က္အရ ထင္ထင္ရွားရွားျပင္းျပင္းထန္ထန္ ဒဏ္ရာမ်ိဳးကိုလည္း မေတြ႔ရဘူးလို႔ဆိုပါတယ္။ ဒါေၾကာင့္

အေလာင္းခြဲစိတ္မွဳျပဳလုပ္ေစခဲ့ေသာ္လည္း အေျဖရွာ မရႏိုင္ခဲ့ပါဘူး။

လူသတ္မွဳလို႔လည္းဆိုဖို႔ သတ္ေသအေထာက္အထားေတြလည္းမေတြ႔ရခဲ့ဘူးလို႔ဆိုပါတယ္။ ေျပာရရင္ေတာ့ Texas မွာရွိတဲ့ အပူခ်ိန္နဲ႔

ကားထဲမွာရွိေနတဲ့အပူခ်ိန္ဟာ ႏွစ္နစ္ေက်ာ္ကေလးငယ္ေလးတစ္ေယာက္အေနနဲ႔ ဘယ္လိုမွ ဒဏ္မခံႏိုင္ပါဘူး။



ပရိတ္သတ္ၾကီးေရာ ဆာဘက္ခ်္အတြက္

ဆုမြန္ေကာင္းေလး ေပးခဲ့ရေအာင္ေနာ္။ သင့္မွာ ကေလးရွိတယ္ဆိုရင္လည္း ဒီလိုအျဖစ္ဆိုးမ်ိဳး မၾကံဳရေအာင္ ေသခ်ာဂရုစိုက္ၾကရေအာင္ေနာ္။

Credit   \\  original

Unicode

အိမ်မှာ အိပ်နေတဲ့ နှစ်နှစ်သားအရွယ်ကလေး ပျောက်လို့ လိုက်ရှာရာ ကားအတွင်မှာ သေဆုံးနေ

 Sarbesh Gurun လို့အမည်ရတဲ့ Texas မှာနေထိုင်တဲ့ နှစ်နှစ်ကျော်ကျော် အရွယ်ကောင်လေးဟာ နေ့လည်ခင်းအချိန််မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ဆာဘက်ချ် ရဲ့ မိခင်ဟာ နေ့လည်နေ့ခင်း သူ့ကို တရေးအိပ်စေခဲ့ပါတယ်။ ဒါပေမယ့် ပြန်တွေ့တဲ့အချိန်ကတော့ နောက်နေ့မနက်ခင်းလေး မှာပါ။

ကံဆိုးစွာနဲ့ ကားထဲမှာ အပူချိန်အမြင့်ဆုံးနဲ့ ပိတ်မိနေခဲ့တာကြောင့် အသက်မရှိတဲ့ ခန္ဓာကိုယ်ကလေးကိုသာ မိခင်အနေနဲ့ ပြန်လည်ရရှိခဲ့ရပါတယ်။

အများပြောချက်အရ ကလေးဟာ တရေးနိုးချိန်မှာ ထပြီးကားထဲကို ဝင်သွားကာ သူ့ဘာသာ လော့ခ်ချရက်သားဖြစ်သွားတယ်လို့သိရပါတယ်။

ကားထဲမှာ အပူချိန်က 50C ရှိတဲ့အရှိန်ကြောင့် ကလေးဟာမခံစားနိုင်ဖြစ်သွားပါတယ်။ မိခင်ကတော့ ဒီဖြစ်ရပ်ကို သတိမပြုလိုက်ဘဲ သိသိချင်းမှာပဲ ရဲကို အကြောင်းကြားခဲ့ပါတယ်။

ကလေးကို ၁၅ နာရီလောက်ထိ ရှာခဲ့ကြပါတယ်။ မနက်ခြောက်နာရီမှာတော့ အလုပ်မသွားခင် ကားထဲမှာ အသက်မဲ့နေတဲ့ ဆာဘက်ချ်လေးရဲဲ့ ခန္ဓာကိုယ်ကို

အိမ်နီးချင်းများက ရုတ်တရက် တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ မိိုးလေဝသအရ Denton, Texas မှာဆိုရင် အပြင်အပူချိန်က 34C ရှိတယ်လို့သိရပြီး

ကားထဲမှာဆို အရမ်းပူပြီး ကလေးအနေနဲ့ မွန်းကြပ်နေခဲ့မှာအသေအချာပါပဲနော်။

ခုထိအဖြေရှာမရသေးတာကတော့ ကလေးအနေနဲ့ တရေးအိပ်နိုးရာကနေ ဘယ်လိုကားထဲကို ရောက်သွားခဲ့လည်းဆိုတာပါဘဲ။

ရဲတွေအနေနဲ့လညး် တွေ့ရှိချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရသလို မိခင်အနေနဲ့ကတော့ ယူကျုံးမရဖြစ်ပြီး ဆေးတွေသောက်နေရတယ်လို့သိရပါတယ်။

ရဲတွေစစ်ဆေးချက်အရ ထင်ထင်ရှားရှားပြင်းပြင်းထန်ထန် ဒဏ်ရာမျိုးကိုလည်း မတွေ့ရဘူးလို့ဆိုပါတယ်။ ဒါကြောင့် အလောင်းခွဲစိတ်မှုပြုလုပ်စေခဲ့သော်လည်း အဖြေရှာ မရနိုင်ခဲ့ပါဘူး။

လူသတ်မှုလို့လည်းဆိုဖို့ သတ်သေအထောက်အထားတွေလည်းမတွေ့ရခဲ့ဘူးလို့ဆိုပါတယ်။ ပြောရရင်တော့ Texas မှာရှိတဲ့ အပူချိန်နဲ့ ကားထဲမှာရှိနေတဲ့

အပူချိန်ဟာ နှစ်နစ်ကျော်ကလေးငယ်လေးတစ်ယောက်အနေနဲ့ ဘယ်လိုမှ ဒဏ်မခံနိုင်ပါဘူး။
ဆုမွန်ကောင်းလေး ပေးခဲ့ရအောင်နော်။ သင့်မှာ ကလေးရှိတယ်ဆိုရင်လည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် သေချာဂရုစိုက်ကြရအောင်နော်။


Credit   \\  original


Recent Updates

Recent Posts Widget