“အမည်မဖော်လိုရင် မဖော်ရဲရင် ‘ ရဲ ‘ မလုပ်နဲ့လို့ ဗစ်တိုးရီးယားလေး အမှုနဲ့ ပတ်သက်ပြီး လင်းလင်းပြော”
Victoria လေးရဲ့ အမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အမှုမှန်ပေါ်အောင် လှုပ်ရှားလှုံ့ဆော်နေကြတဲ့ အမှုတစ်ခုပဲဖြစ်ပါတယ်။
Social ပိုင်းမှာ နာမည်ကြီးနေကြတဲ့သူ အချို့နဲ့အတူ ပြည်သူများ၊ ပြည်သူချစ် အနုပညာရှင်များကလည်း ဗစ်တိုးရီးယားအမှုမှန်လေး အမြန်ဆုံးပေါ်ပေါက်လာအောင် ဝိုင်းဝန်းဖိအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။
အဆိုပါအမှုကို CID မှ လွှဲပြောင်းရယူထားပြီး တစ်လခွဲကြာသည့်တိုင်အောင် အမှုမှန်နှင့်တရားခံပေါ်မလာသည့်အတွက်ကြောင့် ပြည်သူအချို့ရဲ့ အားမလို အားမရဖြစ်မှုတွေက တစ်ဆထက်တစ်ဆ များပြားလာခဲ့တာပါ။ ဗစ်တိုးရီးယားလေးအမှုနဲ့ပတ်သက်ပြီး နိုင်ငံကျော်အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့ကလည်း အမှုမှန်ပေါ်အောင် ရပ်တည်ပေးခဲ့ကြတာပါ။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က CID အနေနဲ့ Wisdom Hill တွင်ဖြစ်ပွားခဲ့သော အမှုကိစ္စနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဒီအမှုဟာ ထင်သလောက် မရိုးစင်းဘူးလို့ မီဒီယာတစ်ခုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ တရားခံလို့ မှတ်ယူရေးသားနေကြသော ကျောင်းသား နှစ်ဦးနဲ့လည်း DNA ကိုက်ညီမှုမရှိဘူးဆိုတဲ့ အဖြေကြောင့် DNA ဟာ ပိုင်ရှင်မဲ့ DNA ဖြစ်နေပြန်ပြီလားဆိုတဲ့ မေးခွန်းထုတ်စရာတွေပါ ဖြစ်လာခဲ့ပြန်ပါတယ်။
အဆိုတော်လင်းလင်းကတော့ အမည်မဖော်လိုသူရဲတစ်ဦးရဲ့ ဖြေကြားချက်အပေါ်မှာ ယခုလိုပဲ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။
“အမည်မဖော်လိုသူ ရဲတစ်ဦးက မီဒီယာတစ်ခုကို ပြောတယ်ဆိုတာ တရားဝင်ပြောတာလား? တရားမဝင်ပြောတာလား? သိချင်တာ။
အဲဒီသတင်းအမှန်ဆိုရင် ပြောစရာတစ်ခုရှိတယ်။ အမည်မဖော်လိုဘူး အမည်မဖော်ရဲဘူး ဆိုရင် ခင်များ ‘ရဲ’ လုပ်မနေနဲ့လေ။ပြီးတော့ ဒီအမှုက ‘ မရိုးစင်းဘူး၊ မလွယ်ဘူး ‘ လို့ အဲဒီအမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောတယ်ဆိုတော့ လွယ်သွားအောင် ကျွန်တော်အကြံပေးကြည့်မယ်။” မတရားလုပ်ခံလိုက်ရတဲ့ ဗစ်တိုးရီးယားလေးနေရာမှာ ခင်များ သမီးနဲ့အစားထိုးလိုက်လေ ” ။
ဒါဆို အရမ်းခက်ခဲနေတဲ့ဒီအမှုဟာ အရမ်းလွယ်ကူသွားလိမ့်မယ်။ပြီးတော့,,ဟိုးတလောက မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့်၊ သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား။
အမှုလဲ လိုတာထပ်ပိုကြာနေသလို အမည်မဖော်လိုတဲ့ ရဲ တစ်ဦးကြောင့် အခြားတာဝန်ရှိ ရဲ တွေပါရောပြီး သိက္ခာကျနေတာ ရှက်စရာကြီး။ကြိုက်တဲ့ရှေ့နေ ၊ကြိုက်တဲ့တာဝန်ရှိသူတွေနဲ့ ကြိုက်သလောက်ရက်ကိုဆွဲ။ ဒီအမှုပြီးတဲ့ထိစောင့်မယ်။ လင်းလင်း အမည်ဖော် ရေးသည်။”
လင်းလင်းကတော့ ဒီအမှုကို ပြီးဆုံးတဲ့အထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်းနှင့် လင်းလင်းနဲ့အတူ တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမျှတမှုကိုလိုလားသူအားလုံးကလည်း စောင့်ကြည့်နေကြမှာတော့ အသေအချာပါပဲ။
ဗစ်တိုးရီးယားလေးရဲ့ အမှုလည်း အမှန်တိုင်း အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေလို့ မျှော်လင့်စောင့်စားနေမိပါတယ်။
Photos-Htwe Lynn Ko
Credit \\ original






