ေက်ာင္းမုန္႔ေဈးတန္းမ်ားမွာ စားသုံးရန္မသင့္သည့္ အစားအေသာက္ ၂၀ ေက်ာ္ FDA ထုတ္ျပန္
အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန (FDA) က ေဈးကြက္အတြင္း ေရာင္းခ်လ်က္ရွိသည့္ အစားအေသာက္မ်ားကို ေဈးမ်ား၊ ေက်ာင္းမုန္႔ေဈးတန္းမ်ားမွ ဝယ္ယူစစ္ေဆးခဲ့ရာ အစားအေသာက္ အမ်ိဳး ၂၀ ေက်ာ္သည္ စားသုံးရန္မသင့္သည့္ အစားအေသာက္မ်ားျဖစ္ေၾကာင္း FDA က ထုတ္ျပန္သည္။
အဆိုပါ စားသုံးရန္မသင့္သည့္ အစားအေသာက္မ်ားမွာ ရွမ္းႀကီးတံဆိပ္ ပဲႀကီးေလွာ္၊ ေကာင္းေကာင္းတံဆိပ္ င႐ုတ္သီးခြဲၾကမ္းမႈန္႔ႏွင့္ အေရာင္တင္မႈန္႔၊ ႏိုင္တံဆိပ္ င႐ုတ္ဆီ၊ ႏိုင္အမွတ္တံဆိပ္ င႐ုတ္သီးအေရာင္တင္မႈန္႔၊ ေထာဘီတံဆိပ္ ဇီးထုပ္၊ တီေဆြတံဆိပ္ ၿမိတ္ငါးပိေထာင္း၊ နတ္သမီးတံဆိပ္ ေခါက္ဆြဲ၊ ဝင္းစတားတံဆိပ္ င႐ုတ္ဆီေဆာ့၊ ASA တံဆိပ္ ဂ်ယ္လီအစိမ္းႏွင့္ အဝါ၊ တိုးတက္ေအာင္တံဆိပ္ ဇီးထန္းလ်က္၊ ဆဲဗင္းစတားတံဆိပ္ င႐ုတ္ဆီ (အညိဳ)၊ ထြန္းမိသားစုတံဆိပ္ ဂ်င္းခ်ဥ္၊ Kywe Cho တံဆိပ္ Myanmar Ginger Energy Drink၊ ေဒၚႏြဲ႔တံဆိပ္ အေရာင္တင္မႈန္႔၊ သရဖူတံဆိပ္ အေရာင္တင္မႈန္႔၊ မင္းမင္းတံဆိပ္ င႐ုတ္သီးအႏုမႈန္႔၊ သင္းတံဆိပ္ င႐ုတ္သီးမႈန္႔၊ ေ႐ႊမင္းသားတံဆိပ္ ဇီးလုံး၊ DDK တံဆိပ္ င႐ုတ္သီးအစိမ္းမႈန္႔တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းအစားအေသာက္မ်ားသည္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ စားသုံးရန္မသင့္ဟု စစ္ေဆးေတြ႔ရွိၿပီး အမွတ္တံဆိပ္ပါသည့္ နမူနာစာရင္းမ်ားျဖစ္ေၾကာင္း၊ ယခုအစားအေသာက္မ်ားကို ေနာက္ထပ္ေၾကညာခ်က္ ထုတ္ျပန္သည္အထိ စားသုံးျခင္းမျပဳရန္ FDA က သတိေပးေၾကညာထားသည္။
Credit \\ original
Unicode
ကျောင်းမုန့်ဈေးတန်းများမှာ စားသုံးရန်မသင့်သည့် အစားအသောက် ၂၀ ကျော် FDA ထုတ်ပြန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက် အမျိုး ၂၀ ကျော်သည် စားသုံးရန်မသင့်သည့် အစားအသောက်များဖြစ်ကြောင်း FDA က ထုတ်ပြန်သည်။အဆိုပါ စားသုံးရန်မသင့်သည့် အစားအသောက်များမှာ ရှမ်းကြီးတံဆိပ် ပဲကြီးလှော်၊ ကောင်းကောင်းတံဆိပ် ငရုတ်သီးခွဲကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ နိုင်တံဆိပ် ငရုတ်ဆီ၊ နိုင်အမှတ်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့်၊ ထောဘီတံဆိပ် ဇီးထုပ်၊ တီဆွေတံဆိပ် မြိတ်ငါးပိထောင်း၊ နတ်သမီးတံဆိပ် ခေါက်ဆွဲ၊ ဝင်းစတားတံဆိပ် ငရုတ်ဆီဆော့၊ ASA တံဆိပ် ဂျယ်လီအစိမ်းနှင့် အဝါ၊ တိုးတက်အောင်တံဆိပ် ဇီးထန်းလျက်၊ ဆဲဗင်းစတားတံဆိပ် ငရုတ်ဆီ (အညို)၊ ထွန်းမိသားစုတံဆိပ် ဂျင်းချဉ်၊ Kywe Cho တံဆိပ် Myanmar Ginger Energy Drink၊ ဒေါ်နွဲ့တံဆိပ် အရောင်တင်မှုန့်၊ သရဖူတံဆိပ် အရောင်တင်မှုန့်၊ မင်းမင်းတံဆိပ် ငရုတ်သီးအနုမှုန့်၊ သင်းတံဆိပ် ငရုတ်သီးမှုန့်၊ ရွှေမင်းသားတံဆိပ် ဇီးလုံး၊ DDK တံဆိပ် ငရုတ်သီးအစိမ်းမှုန့်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ယင်းအစားအသောက်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိပြီး အမှတ်တံဆိပ်ပါသည့် နမူနာစာရင်းများဖြစ်ကြောင်း၊ ယခုအစားအသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA က သတိပေးကြေညာထားသည်။
Credit \\ original
Post Comment