ကားတာယာေပၚမွာ …ပလက္စတစ္ဘူးခြံ တခု …ရွိေနတယ္ဆိုရင္ …ရဲကို… ခ်က္ခ်င္း အေၾကာင္းၾကားလိုက္ပါ
Zawgyi
ကားတာယာေပၚမွာ ပလက္စတစ္ဘူးခြံ တခု ရွိေနတယ္ဆိုရင္ ရဲကို ခ်က္ခ်င္း အေၾကာင္းၾကားလိုက္ပါ
ကားတာယာေပၚမွာ ပလက္စတစ္ဘူးခြံ တခုကို ေတြ႕ရင္ေတာ့ ရဲကို အေၾကာင္းၾကားဖို႔ အခ်ိန္ မဆြဲပါနဲ႔ေနာ္။ ဒီလို အျဖစ္အပ်က္မ်ိဳး ႀကဳံလာရင္ ရဲကို အေၾကာင္းၾကားဖို႔ ေတာင္အေမရိက ရဲေတြက တကမာၻလုံးက ကားေမာင္းသူေတြကို အသိ ေပးထား ပါတယ္။
ရာဇဝတ္မႈ က်ဳးလြန္သူေတြဟာ ပလက္စတစ္ဘူးခြံကို ကားတာယာေပၚမွာ ထားတတ္ ၾကပါတယ္။ ပလက္စတစ္ဘူးကို ကားေမာင္းသူ ထိုင္တဲ့ဘက္မွာ မထားဘဲ အဓိက အားျဖင့္ ခရီးသည္ေတြ ထိုင္တဲ့ဘက္မွာ ထားတတ္ ၾကပါတယ္။
သတိမျပဳမိတဲ့ ကားေမာင္းသူက ကားထဲဝင္ၿပီး စက္ႏႈိး လိုက္ပါလိမ့္မယ္။ ဘီးေတြ စေ႐ြ႕တဲ့အခါ ပလက္စတစ္ဘူးခြံကို ဖိမိၿပီး တကြၽတ္ကြၽတ္သံ ထြက္လာပါလိမ့္မယ္။ တကြၽတ္ကြၽတ္သံက ကားေနာက္ကေန ထြက္လာတဲ့အခါ ကားေမာင္းသူ လန႔္သြားပါလိမ့္မယ္။
ကားေမာင္းသူက ကားေပၚက ဆင္းၿပီး ခရီးသည္ေတြ ထိုင္တဲ့ဘက္ကို ဘာျဖစ္တာလဲ သိဖို႔ အေျပးအလႊား လာၾကည့္ ပါလိမ့္မယ္။ ဒီလို အေရးေပၚ အေျခအေနမ်ိဳးမွာ ကားေမာင္းသူ အမ်ားစုက ကားတံခါးကို ေသာ့ခတ္ခဲ့ ဖို႔နဲ႔ ကားေသာ့ ျဖဳတ္ခဲ့ဖို႔ကို ေမ့သြားတတ္ ၾကပါတယ္။
ကားေမာင္းသူက ကားေနာက္ဘက္နားကို ၾကည့္ဖို႔ ေရာက္သြားတဲ့ အခါ ျပစ္မႈ က်ဴးလြန္ဖို႔ ေစာင့္ေနတဲ့သူက ေမာင္းသူေနရာမွာ ဝင္ထိုင္ၿပီး ကားေမာင္းထြက္ သြားပါလိမ့္မယ္ ။ ႐ိုး႐ိုးေလးပါပဲ။
အဲဒါေၾကာင့္ ကားရဲ႕ ေဘးဘက္ေတြကို အၿမဲတမ္း စစ္ေဆးဖို႔ မေမ့ ပါနဲ႔ေနာ္။ ကားေပၚက ဆင္းမယ္ဆိုရင္ ကားစက္ကို ရပ္ၿပီး ေသာ့ကို ျဖဳတ္ျဖစ္ေအာင္ ျဖဳတ္ခဲ့ လိုက္ပါ။
Credit \\ original
Unicode Version
ကားတာယာပေါ်မှာ ပလက်စတစ်ဘူးခွံ တခု ရှိနေတယ်ဆိုရင် ရဲကို ချက်ချင်း အကြောင်းကြားလိုက်ပါ
ကားတာယာပေါ်မှာ ပလက်စတစ်ဘူးခွံ တခုကို တွေ့ရင်တော့ ရဲကို အကြောင်းကြားဖို့ အချိန် မဆွဲပါနဲ့နော်။ ဒီလို အဖြစ်အပျက်မျိုး ကြုံလာရင် ရဲကို အကြောင်းကြားဖို့ တောင်အမေရိက ရဲတွေက တကမ္ဘာလုံးက ကားမောင်းသူတွေကို အသိ ပေးထား ပါတယ်။
ရာဇဝတ်မှု ကျုးလွန်သူတွေဟာ ပလက်စတစ်ဘူးခွံကို ကားတာယာပေါ်မှာ ထားတတ် ကြပါတယ်။ ပလက်စတစ်ဘူးကို ကားမောင်းသူ ထိုင်တဲ့ဘက်မှာ မထားဘဲ အဓိက အားဖြင့် ခရီးသည်တွေ ထိုင်တဲ့ဘက်မှာ ထားတတ် ကြပါတယ်။
သတိမပြုမိတဲ့ ကားမောင်းသူက ကားထဲဝင်ပြီး စက်နှိုး လိုက်ပါလိမ့်မယ်။ ဘီးတွေ စရွေ့တဲ့အခါ ပလက်စတစ်ဘူးခွံကို ဖိမိပြီး တကျွတ်ကျွတ်သံ ထွက်လာပါလိမ့်မယ်။ တကျွတ်ကျွတ်သံက ကားနောက်ကနေ ထွက်လာတဲ့အခါ ကားမောင်းသူ လန့်သွားပါလိမ့်မယ်။
ကားမောင်းသူက ကားပေါ်က ဆင်းပြီး ခရီးသည်တွေ ထိုင်တဲ့ဘက်ကို ဘာဖြစ်တာလဲ သိဖို့ အပြေးအလွှား လာကြည့် ပါလိမ့်မယ်။ ဒီလို အရေးပေါ် အခြေအနေမျိုးမှာ ကားမောင်းသူ အများစုက ကားတံခါးကို သော့ခတ်ခဲ့ ဖို့နဲ့ ကားသော့ ဖြုတ်ခဲ့ဖို့ကို မေ့သွားတတ် ကြပါတယ်။
ကားမောင်းသူက ကားနောက်ဘက်နားကို ကြည့်ဖို့ ရောက်သွားတဲ့ အခါ ပြစ်မှု ကျူးလွန်ဖို့ စောင့်နေတဲ့သူက မောင်းသူနေရာမှာ ဝင်ထိုင်ပြီး ကားမောင်းထွက် သွားပါလိမ့်မယ် ။ ရိုးရိုးလေးပါပဲ။
အဲဒါကြောင့် ကားရဲ့ ဘေးဘက်တွေကို အမြဲတမ်း စစ်ဆေးဖို့ မမေ့ ပါနဲ့နော်။ ကားပေါ်က ဆင်းမယ်ဆိုရင် ကားစက်ကို ရပ်ပြီး သော့ကို ဖြုတ်ဖြစ်အောင် ဖြုတ်ခဲ့ လိုက်ပါ။
Credit \\ original




