“ေခတ္ႀကီးက သမီးေမြးထားလို႔ စိတ္မခ်ရရင္ သားေမြးထားလို႔ေရာ စိတ္ခ်ရၿပီထင္လား..?”
“Justice for Victoria” စာတမ္းေတြနဲ႔အတူ ေနျပည္ေတာ္က အသက္ ၃ ႏွစ္မျပည့္ေသးတဲ့ သမီးငယ္ေလး Victoria လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေစာ္ကားခဲ့မွု႔ အတြက္ တရားမၽွတမွုရွိေရး အမွုမွန္ေပၚေပါက္ေရး လွုပ္ရွားမွုေတြနဲ႔
သတင္းေတြ လူမွုကြန္ယက္ရဲ့ News Feed ဖြင့္တိုင္းမွာ တက္လာေနတာေတြ ျမင္ေတြ႕ရေတာ့ သမီးမိန္းကေလး ေမြးထားၾကတဲ့ မိဘေတြ စိတ္ပူေသာကတက္ၾကရၿပီေပါ့။
နည္းပညာေတြ အၿပိဳင္အဆိုင္ထြန္းကားတိုးတက္ေနတဲ့ ယခုေခတ္ႀကီးမွာ ေျခာက္ျခားစရာေကာင္းတဲ့ အခုလို အျဖစ္ဆိုး၊ အက်င့္ဆိုးေတြကို မၾကဳံစဖူး မယုံၾကည္နိုင္ေလာက္ေအာင္ ၾကားေနရတဲ့အတြက္
မိန္းကေလးေတြဆိုရင္ ႀကီးသည္ငယ္သည္မဟူ အရြယ္သုံးပါးမေရြး အခ်ိန္အခါမလပ္ အႏၲရာယ္ရွိတယ္ဆိုတဲ့ အေတြးက မိဘေတြရဲ့ စိတ္ထဲမွာ ခိုင္က်ည္ေနပါၿပီ။
အခုလို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမွုေတြဟာ မိန္းကေလးေတြမွာ အျဖစ္မ်ားလို႔ သားေမြးထားၾကတဲ့ သားရွင္ မိဘေတြကေရာ စိတ္ခ်ရၿပီလို႔ ထင့္ပါသလား..?
ဆရာဝန္တစ္ဦး ျပန္လည္ေရးသားေဝမၽွထားတဲ့ ကိုယ္ေတြ႕ျဖစ္ရပ္မွန္ အေၾကာင္းေလးကို ဖတ္ၾကည့္ေစခ်င္ပါတယ္။
“အမေလး ေလာကႀကီးက သားေမြးထားလည္း ေၾကာက္စရာ”
တစ္ခါတေလမွာ ထင္မွတ္မထားတာေတြက တကယ္ႀကီး ျဖစ္လာတတ္ပါတယ္။ အဲဒီညေနကို ကၽြန္ေတာ္ ေမ့လို႔ ရမွာ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၆ႏွစ္ေလာက္ကပါ။
“မျဖစ္နိုင္ဘူး၊ လုံးဝ မျဖစ္နိုင္ဘူး”လို႔ ေအာ္ဟစ္ေနတဲ့ မိဘႏွစ္ပါး။“မျဖစ္နိုင္တာေတြ မေျပာပါနဲ႔”လို႔ ေဒါသတႀကီး ရန္ေတြ႕ေနတဲ့ အမ်ိဳးသမီး။သူတို႔ မိသားစု အားလုံးက အဲဒီ ကိစၥကို ခါးခါးသီးသီး ျငင္းဆန္ခဲ့ၾကတယ္။
သူတို႔မိသားစုနဲ႔ ကၽြန္ေတာ္ ေတြ႕ဆုံခဲ့ပုံက ရိုးရွင္းပါတယ္။
ကၽြန္ေတာ္က အခ်ိန္ပိုင္း ေဆးခန္း စထိုင္ေနတဲ့ ဆရာဝန္ေပါက္စပါ။ သူတို႔လာျပၾကတာ ဆယ္တန္းတက္ေနတဲ့ သူတို႔သားရဲ့ လက္နဲ႔ ေျခေထာက္က ယားနာဖုေလးေတြပါ။
ျပႆနာလား၊ စိတ္မေကာင္းစရာလို႔ပဲ ေျပာရမလား၊ ဒီ ဝမ္းနည္းစရာ အျဖစ္အပ်က္က အဲဒီအခ်ိန္မွာ စတင္ခဲ့တာပါ။ ကေလးေလးက အသားျဖဴျဖဴ၊ အရပ္ရွည္ရွည္၊မ်က္လုံးမ်က္ခုံး ေကာင္းေကာင္းနဲ႔ အေတာ္ေလး ျဖဴစင္ၿပီး ၾကည့္ေကာင္းပါတယ္။
သူ႔ရဲ့ လက္နဲ႔ ေျခေထာက္က ယားနာဖု အမည္းေလးေတြကို ကၽြန္ေတာ္က PPE (Pruritis Papular Eruptions )လို႔ သံသယ ရွိၿပီး ေသြးစစ္ဖို႔အတြက္ မိဘႏွစ္ပါးကို ေဆြးေႏြးေတာ့ မိဘႏွစ္ပါးစလုံးက ကၽြန္ေတာ့္ကို ရန္ေတြ႕ပါေရာ။
“လုံးဝ မျဖစ္နိုင္ဘူး။ ကၽြန္မတို႔သားကို မ်က္စိေအာက္ကေနေတာင္ အေပ်ာက္ခံတာ မဟုတ္ဘူး။ေက်ာင္းသြားရင္ ေက်ာင္းအထိ လိုက္ပို႔တယ္။
ထမင္းစားခ်ိန္ ေက်ာင္းျပင္ပကေန ေစာင့္ေကၽြးတယ္။ ညေန ေက်ာင္းဆင္းတာနဲ႔ အိမ္တန္းေခၚလာတာ။ က်ဴရွင္ေတာင္ အမ်ားသူငွာနဲ႔ ေရာေႏွာမထားဘူး။ ဆရာ၊ဆရာမ အားလုံး အိမ္ပဲ ေခၚသင္တာ”
ကေလးရဲ့ အေဖကေတာ့ ကၽြန္ေတာ့္ကို မၾကည္သလို ၾကည့္တယ္။ ကၽြန္ေတာ္ကေတာ့ မႏၲေလးေဆး႐ုံ၊ဖ်ားနာေဆာင္(၂)မွာ အလုပ္သင္ ဆင္းခဲ့သူမို႔ ကေလးရဲ့ လက္က ယားနာဖုေတြက PPE (Pruritis Papular Eruptions )ဆိုတာ ေသခ်ာသေလာက္ပဲလို႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ေနျပန္တယ္။
“ကၽြန္ေတာ္ ေဆးေပးလိုက္ရင္ ယားနာေတြက သက္သာသြားနိုင္ပါတယ္။ဒါေပမယ့္ဗ်ာ ငွက္ဖ်ားျဖစ္ေနတဲ့လူကို အဖ်ားက်ေဆးပဲ တိုက္ၿပီး ငွက္ဖ်ားေဆး မေပးဘဲ ေနသလို ျဖစ္မွာ စိုးရိမ္လို႔ပါ။ သတိဆိုတာ ပိုတယ္ မရွိပါဘူး။
မဟုတ္ဘူးဆိုရင္ေတာ့ ေကာင္းတာေပါ့။ ဟုတ္ေနရင္ေတာ့ ”
ကေလးရဲ့ အေမက ကၽြန္ေတာ့္စကားကို ဆုံးေအာင္ နားမေထာင္ဘဲ“အို..ေတြးေတာင္ မေတြးရဲတဲ့ေရာဂါပါ။ လုံးဝ မျဖစ္နိုင္ပါဘူး”
ကၽြန္ေတာ္တို႔ စကားေျပာေနခ်ိန္ ကေလးနဲ႔ သူ႔အေဒၚက ေဆးခန္းအျပင္ဘက္မွာ ေစာင့္လို႔ေနပါတယ္။ကေလးရဲ့ အေဖက ကေလးရဲ့ အေမကို တိုးတိုးတိုးတိုး ေျပာတယ္။ ျဖစ္လာခဲ့ရင္ ဆိုတဲ့ စကားသံ သဲ့သဲ့ ကို ၾကားရတယ္။ ခဏအၾကာ..
“ဆရာစစ္ခိုင္းတဲ့ HIV ရွိလာခဲ့ရင္ ကၽြန္ေတာ္တို႔ ဘာဆက္လုပ္ရမလဲ။ ကေလးရဲ့ ဘဝ ဆုံးၿပီလား”
အဲဒီအခ်ိန္က ေသြးစစ္လို႔ HIVေတြ႕တာနဲ႔ ပိုးထိန္းေဆး(ARVs)ေတြ တန္းေပးတဲ့ အခ်ိန္ မဟုတ္ေသးပါဘူး။ လူနာရဲ့ CD4 ကိုယ္ခံအား ကို အရင္စစ္၊ ၅၀၀ ေအာက္မွ ေဆးစေပးတဲ့ အခ်ိန္ပါ။
“ရွိလာခဲ့ရင္ ဒီေရာဂါေတြကို သီးသန႔္ကုေပးတဲ့ ခုခံက်ကာလသားေရာဂါဌာနကို ကၽြန္ေတာ္ လႊဲေပးပါ့မယ္။ ျဖစ္လာရင္ ဘဝမွာ ေရြးခ်ယ္စရာ တစ္ခုပဲ ရွိတယ္။အျမစ္ျပတ္ေစတဲ့ ေဆးေတြ မေပၚေသးတာမို႔ ပိုးထိန္းေဆးေတြ ေသာက္ၿပီး သက္တမ္းေစ့နီးပါး က်န္းမာစြာ ေနဖို႔ပါပဲ”
ကၽြန္ေတာ္နဲ႔ သူတို႔ ဒီေရာဂါအေၾကာင္း အမ်ားႀကီး ေဆြးေႏြး ျဖစ္ၾကတယ္။ ဒီေရာဂါမွာ အဆင့္ ေလးဆင့္ရွိေၾကာင္း၊ ဒီေရာဂါက လိင္ဆက္ဆံတာ၊ ေရာဂါပိုးပါတဲ့ ေသြးသြင္းမိတာ၊ ေရာဂါပိုးရွိသူနဲ႔ အပ္အတူ မၽွေဝသုံးစြဲတာ၊ေရာဂါပိုးရွိတဲ့မိခင္ကေန ကေလးကို
ကူးတာကေနသာ အဓိက ကူးေၾကာင္း၊ အတူေန၊အတူစား ေရခ်ိဳးခန္း အိမ္သာ အတူသုံးတာေတြကေန မကူးနိုင္ေၾကာင္း ေတြ အမ်ားႀကီး ေျပာၿပီး ေသြးစစ္ဖို႔ အတြက္ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲခန္းကို လႊတ္ရတယ္။
ကၽြန္ေတာ္ထင္တဲ့ အတိုင္းပါပဲ။ ကေလးရဲ့ ေသြးထဲမွာ HIV ပိုး ရွိတယ္ လို႔ အေျဖထြက္ခဲ့တယ္။ ကေလးရဲ့ မိဘေတြ ငိုၾကတယ္။ ဘာဆက္လုပ္ရမလဲ ေဆြးေႏြးထားေပမယ့္ ‘ဘာလုပ္ရမလဲဆရာ ဘာလုပ္ရမလဲ ဆရာ’လို႔ ေျပာၿပီး ငိုၾကတယ္။ ကၽြန္ေတာ္ စဥ္းစား မိတာက HIV ပိုးဝင္ၿပီး ဒီအဆင့္ ၂ ေရာက္ဖို႔က ႏွစ္ခ်ီၿပီး ၾကာတာ ေယ်ဘုယ်အားျဖင့္ ၅ ႏွစ္၈ ႏွစ္ေလာက္ အထိကို ၾကာနိုင္တာ။
ကေလးငယ္ရဲ့ မိဘေတြမွာသာ ဒီေရာဂါရွိၿပီး သူ႔ကို ေမြးကတည္းက ကူးခဲ့တာဆိုရင္ ဒီကေလးက ART မေသာက္ဘဲ ဒီအရြယ္ထိ ေရာက္ မလာနိုင္ဘူး။ ရွားရွားပါးပါး ေရာက္လာခဲ့ရင္ေကာ ဆိုတဲ့ အေတြးနဲ႔ ကေလးရဲ့ မိဘေတြကိုပါ ေသြးစစ္ခိုင္းေတာ့ ေရာဂါက ရွိမေနခဲ့ဘူး။
ဒီေရာဂါ ကေလးဆီကို ဘယ္ကေန ကူးခဲ့လဲ ဆိုတာ သိဖို႔ ေရာဂါရာဇဝင္ေတြ ေမးရေတာ့မယ္။ အဓိက ျဖစ္နိုင္တဲ့ ေသြးသြင္းတာလည္း မလုပ္ခဲ့ဖူးဘူး။ မူးယစ္ေဆးလည္း မသုံးခဲ့ဖူးဘူးဆိုေတာ့ လိင္ကိစၥသာ က်န္ေတာ့တယ္။ ကေလးရဲ့ အေမက ကေလးကို ေခ်ာ့ေမာ့ၿပီး ေမးတဲ့ အခါ ကၽြန္ေတာ္တို႔ လုံးဝ မထင္ထားတဲ့ အျဖစ္အပ်က္ တစ္ခုကို သိခဲ့ရတယ္။
ကေလး ငါးတန္းတုန္းကတဲ့…………….။အိမ္ကို က်ဴရွင္ေခၚသင္တဲ့ ဆရာက ကေလးရဲ့ အဂါကႋဳ ပါးစပ္နဲ႔ စုပ္သလို သူ႔စအိုထဲလည္း မၾကာခဏ ထိုးသြင္းခိုင္းေၾကာင္း သိရတယ္။ မိဘေတြကို ျပန္မေျပာရဘူးလို႔လည္း ေျပာထားတယ္တဲ့။
ၾကားစက မယုံၾကည္နိုင္ျခင္းနဲ႔ အတူ ေဒါသထြက္လိုက္တာ။ သူတို႔ အိမ္က သုံးထပ္တိုက္ အက်ယ္ႀကီးလို႔ သိရတယ္။ စာသင္တာက တတိယအထပ္မွာ သီးသန႔္လုပ္ေပးထားတယ္လို႔ သိရတယ္။ စိတ္မထိန္းနိုင္ၾကရင္ပညာတတ္လည္း ရြံရွာစရာေကာင္းပါတယ္။
ဝါးလုံးရွည္နဲ႔ေတာ့ ဒီ professional ကို မရမ္းေစခ်င္ပါဘူး။ လူယုတ္မာေတြကေတာ့ အသိုင္းအဝိုင္းမ်ိဳးစုံ၊ professional မ်ိဳးစုံမွာ စုန္းျပဴးအျဖစ္ ရွိေနတတ္ပါတယ္။ အဲဒီဆရာ အေၾကာင္းကို စုံစမ္းခိုင္းေတာ့ မႏွစ္ကပဲ ဆုံးသြားၿပီလို႔ သိရျပန္တယ္။ ငိုယိုေနတဲ့ မိဘနဲ႔ အေဒၚျဖစ္သူကို အားေပးစကားဆိုၿပီး ခုခံက်/ကာလသားဌာနဆီကို လႊဲစာေရးေပးရတယ္။
ဒီလိုစာေတြ မေရးခ်င္ဘူး။
သူယုတ္မာတစ္ေယာက္ေၾကာင့္ လူေကာင္းေတြပါ အေနက်ပ္တာမ်ိဳးေတြ မျဖစ္ေစခ်င္ဘူး။ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးလည္း အပုပ္ မခံနိုင္ဘူး။သူေတာ္ေကာင္း ဆရာ၊ဆရာမေတြရဲ့ လက္မွာ ႀကီးျပင္း၊ ပညာနို႔ရည္ေသာက္သုံးခဲ့သူမို႔ ဒီလိုမ်ိဳးေတြ ကိုယ္တိုင္ မၾကဳံရရင္ မယုံနိုင္ဘူး။
ဒီလိုစာေတြေၾကာင့္ ယုန္ထင္ေၾကာင္ထင္ေတြ မျဖစ္ေစခ်င္ခဲ့လို႔ မေရးခဲ့ေပမယ့္ ေနျပည္ေတာ္က ကေလးအေဖရဲ့ ရင္ဖြင့္စကားသံ ဖတ္ၿပီးတာနဲ႔ ဒီစာ ကို တန္းေရး ျဖစ္လိုက္တယ္။
ဟမ္စိုင္း(ေဆး-မန္း)
Credit − ဟမ္စိုင္း(ေဆး-မန္း)
Unicode Version
“Justice for Victoria” စာတမ်းတွေနဲ့အတူ နေပြည်တော်က အသက် ၃ နှစ်မပြည့်သေးတဲ့ သမီးငယ်လေး Victoria လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့မှု့ အတွက် တရားမျှတမှုရှိရေး အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှုတွေနဲ့
သတင်းတွေ လူမှုကွန်ယက်ရဲ့ News Feed ဖွင့်တိုင်းမှာ တက်လာနေတာတွေ မြင်တွေ့ရတော့ သမီးမိန်းကလေး မွေးထားကြတဲ့ မိဘတွေ စိတ်ပူသောကတက်ကြရပြီပေါ့။
နည်းပညာတွေ အပြိုင်အဆိုင်ထွန်းကားတိုးတက်နေတဲ့ ယခုခေတ်ကြီးမှာ ခြောက်ခြားစရာကောင်းတဲ့ အခုလို အဖြစ်ဆိုး၊ အကျင့်ဆိုးတွေကို မကြုံစဖူး မယုံကြည်နိုင်လောက်အောင် ကြားနေရတဲ့အတွက်
မိန်းကလေးတွေဆိုရင် ကြီးသည်ငယ်သည်မဟူ အရွယ်သုံးပါးမရွေး အချိန်အခါမလပ် အန္တရာယ်ရှိတယ်ဆိုတဲ့ အတွေးက မိဘတွေရဲ့ စိတ်ထဲမှာ ခိုင်ကျည်နေပါပြီ။
အခုလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ မိန်းကလေးတွေမှာ အဖြစ်များလို့ သားမွေးထားကြတဲ့ သားရှင် မိဘတွေကရော စိတ်ချရပြီလို့ ထင့်ပါသလား..?
ဆရာဝန်တစ်ဦး ပြန်လည်ရေးသားဝေမျှထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် အကြောင်းလေးကို ဖတ်ကြည့်စေချင်ပါတယ်။
“အမလေး လောကကြီးက သားမွေးထားလည်း ကြောက်စရာ”
တစ်ခါတလေမှာ ထင်မှတ်မထားတာတွေက တကယ်ကြီး ဖြစ်လာတတ်ပါတယ်။ အဲဒီညနေကို ကျွန်တော် မေ့လို့ ရမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပါ။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”လို့ အော်ဟစ်နေတဲ့ မိဘနှစ်ပါး။“မဖြစ်နိုင်တာတွေ မပြောပါနဲ့”လို့ ဒေါသတကြီး ရန်တွေ့နေတဲ့ အမျိုးသမီး။သူတို့ မိသားစု အားလုံးက အဲဒီ ကိစ္စကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြတယ်။
သူတို့မိသားစုနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပုံက ရိုးရှင်းပါတယ်။
ကျွန်တော်က အချိန်ပိုင်း ဆေးခန်း စထိုင်နေတဲ့ ဆရာဝန်ပေါက်စပါ။ သူတို့လာပြကြတာ ဆယ်တန်းတက်နေတဲ့ သူတို့သားရဲ့ လက်နဲ့ ခြေထောက်က ယားနာဖုလေးတွေပါ။
ပြဿနာလား၊ စိတ်မကောင်းစရာလို့ပဲ ပြောရမလား၊ ဒီ ဝမ်းနည်းစရာ အဖြစ်အပျက်က အဲဒီအချိန်မှာ စတင်ခဲ့တာပါ။ ကလေးလေးက အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊မျက်လုံးမျက်ခုံး ကောင်းကောင်းနဲ့ အတော်လေး ဖြူစင်ပြီး ကြည့်ကောင်းပါတယ်။
သူ့ရဲ့ လက်နဲ့ ခြေထောက်က ယားနာဖု အမည်းလေးတွေကို ကျွန်တော်က PPE (Pruritis Papular Eruptions )လို့ သံသယ ရှိပြီး သွေးစစ်ဖို့အတွက် မိဘနှစ်ပါးကို ဆွေးနွေးတော့ မိဘနှစ်ပါးစလုံးက ကျွန်တော့်ကို ရန်တွေ့ပါရော။
“လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်မတို့သားကို မျက်စိအောက်ကနေတောင် အပျောက်ခံတာ မဟုတ်ဘူး။ကျောင်းသွားရင် ကျောင်းအထိ လိုက်ပို့တယ်။
ထမင်းစားချိန် ကျောင်းပြင်ပကနေ စောင့်ကျွေးတယ်။ ညနေ ကျောင်းဆင်းတာနဲ့ အိမ်တန်းခေါ်လာတာ။ ကျူရှင်တောင် အများသူငှာနဲ့ ရောနှောမထားဘူး။ ဆရာ၊ဆရာမ အားလုံး အိမ်ပဲ ခေါ်သင်တာ”
ကလေးရဲ့ အဖေကတော့ ကျွန်တော့်ကို မကြည်သလို ကြည့်တယ်။ ကျွန်တော်ကတော့ မန္တလေးဆေးရုံ၊ဖျားနာဆောင်(၂)မှာ အလုပ်သင် ဆင်းခဲ့သူမို့ ကလေးရဲ့ လက်က ယားနာဖုတွေက PPE (Pruritis Papular Eruptions )ဆိုတာ သေချာသလောက်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေပြန်တယ်။
“ကျွန်တော် ဆေးပေးလိုက်ရင် ယားနာတွေက သက်သာသွားနိုင်ပါတယ်။ဒါပေမယ့်ဗျာ ငှက်ဖျားဖြစ်နေတဲ့လူကို အဖျားကျဆေးပဲ တိုက်ပြီး ငှက်ဖျားဆေး မပေးဘဲ နေသလို ဖြစ်မှာ စိုးရိမ်လို့ပါ။ သတိဆိုတာ ပိုတယ် မရှိပါဘူး။
မဟုတ်ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ဟုတ်နေရင်တော့ ”
ကလေးရဲ့ အမေက ကျွန်တော့်စကားကို ဆုံးအောင် နားမထောင်ဘဲ“အို..တွေးတောင် မတွေးရဲတဲ့ရောဂါပါ။ လုံးဝ မဖြစ်နိုင်ပါဘူး”
ကျွန်တော်တို့ စကားပြောနေချိန် ကလေးနဲ့ သူ့အဒေါ်က ဆေးခန်းအပြင်ဘက်မှာ စောင့်လို့နေပါတယ်။ကလေးရဲ့ အဖေက ကလေးရဲ့ အမေကို တိုးတိုးတိုးတိုး ပြောတယ်။ ဖြစ်လာခဲ့ရင် ဆိုတဲ့ စကားသံ သဲ့သဲ့ ကို ကြားရတယ်။ ခဏအကြာ..
“ဆရာစစ်ခိုင်းတဲ့ HIV ရှိလာခဲ့ရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ ကလေးရဲ့ ဘဝ ဆုံးပြီလား”
အဲဒီအချိန်က သွေးစစ်လို့ HIVတွေ့တာနဲ့ ပိုးထိန်းဆေး(ARVs)တွေ တန်းပေးတဲ့ အချိန် မဟုတ်သေးပါဘူး။ လူနာရဲ့ CD4 ကိုယ်ခံအား ကို အရင်စစ်၊ ၅၀၀ အောက်မှ ဆေးစပေးတဲ့ အချိန်ပါ။
“ရှိလာခဲ့ရင် ဒီရောဂါတွေကို သီးသန့်ကုပေးတဲ့ ခုခံကျကာလသားရောဂါဌာနကို ကျွန်တော် လွှဲပေးပါ့မယ်။ ဖြစ်လာရင် ဘဝမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။အမြစ်ပြတ်စေတဲ့ ဆေးတွေ မပေါ်သေးတာမို့ ပိုးထိန်းဆေးတွေ သောက်ပြီး သက်တမ်းစေ့နီးပါး ကျန်းမာစွာ နေဖို့ပါပဲ”
ကျွန်တော်နဲ့ သူတို့ ဒီရောဂါအကြောင်း အများကြီး ဆွေးနွေး ဖြစ်ကြတယ်။ ဒီရောဂါမှာ အဆင့် လေးဆင့်ရှိကြောင်း၊ ဒီရောဂါက လိင်ဆက်ဆံတာ၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိတာ၊ ရောဂါပိုးရှိသူနဲ့ အပ်အတူ မျှဝေသုံးစွဲတာ၊ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို
ကူးတာကနေသာ အဓိက ကူးကြောင်း၊ အတူနေ၊အတူစား ရေချိုးခန်း အိမ်သာ အတူသုံးတာတွေကနေ မကူးနိုင်ကြောင်း တွေ အများကြီး ပြောပြီး သွေးစစ်ဖို့ အတွက် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကို လွှတ်ရတယ်။
ကျွန်တော်ထင်တဲ့ အတိုင်းပါပဲ။ ကလေးရဲ့ သွေးထဲမှာ HIV ပိုး ရှိတယ် လို့ အဖြေထွက်ခဲ့တယ်။ ကလေးရဲ့ မိဘတွေ ငိုကြတယ်။ ဘာဆက်လုပ်ရမလဲ ဆွေးနွေးထားပေမယ့် ‘ဘာလုပ်ရမလဲဆရာ ဘာလုပ်ရမလဲ ဆရာ’လို့ ပြောပြီး ငိုကြတယ်။ ကျွန်တော် စဉ်းစား မိတာက HIV ပိုးဝင်ပြီး ဒီအဆင့် ၂ ရောက်ဖို့က နှစ်ချီပြီး ကြာတာ ယျေဘုယျအားဖြင့် ၅ နှစ်၈ နှစ်လောက် အထိကို ကြာနိုင်တာ။
ကလေးငယ်ရဲ့ မိဘတွေမှာသာ ဒီရောဂါရှိပြီး သူ့ကို မွေးကတည်းက ကူးခဲ့တာဆိုရင် ဒီကလေးက ART မသောက်ဘဲ ဒီအရွယ်ထိ ရောက် မလာနိုင်ဘူး။ ရှားရှားပါးပါး ရောက်လာခဲ့ရင်ကော ဆိုတဲ့ အတွေးနဲ့ ကလေးရဲ့ မိဘတွေကိုပါ သွေးစစ်ခိုင်းတော့ ရောဂါက ရှိမနေခဲ့ဘူး။
ဒီရောဂါ ကလေးဆီကို ဘယ်ကနေ ကူးခဲ့လဲ ဆိုတာ သိဖို့ ရောဂါရာဇဝင်တွေ မေးရတော့မယ်။ အဓိက ဖြစ်နိုင်တဲ့ သွေးသွင်းတာလည်း မလုပ်ခဲ့ဖူးဘူး။ မူးယစ်ဆေးလည်း မသုံးခဲ့ဖူးဘူးဆိုတော့ လိင်ကိစ္စသာ ကျန်တော့တယ်။ ကလေးရဲ့ အမေက ကလေးကို ချော့မော့ပြီး မေးတဲ့ အခါ ကျွန်တော်တို့ လုံးဝ မထင်ထားတဲ့ အဖြစ်အပျက် တစ်ခုကို သိခဲ့ရတယ်။
ကလေး ငါးတန်းတုန်းကတဲ့…………….။အိမ်ကို ကျူရှင်ခေါ်သင်တဲ့ ဆရာက ကလေးရဲ့ အဂါင်္ကို ပါးစပ်နဲ့ စုပ်သလို သူ့စအိုထဲလည်း မကြာခဏ ထိုးသွင်းခိုင်းကြောင်း သိရတယ်။ မိဘတွေကို ပြန်မပြောရဘူးလို့လည်း ပြောထားတယ်တဲ့။
ကြားစက မယုံကြည်နိုင်ခြင်းနဲ့ အတူ ဒေါသထွက်လိုက်တာ။ သူတို့ အိမ်က သုံးထပ်တိုက် အကျယ်ကြီးလို့ သိရတယ်။ စာသင်တာက တတိယအထပ်မှာ သီးသန့်လုပ်ပေးထားတယ်လို့ သိရတယ်။ စိတ်မထိန်းနိုင်ကြရင်ပညာတတ်လည်း ရွံရှာစရာကောင်းပါတယ်။
ဝါးလုံးရှည်နဲ့တော့ ဒီ professional ကို မရမ်းစေချင်ပါဘူး။ လူယုတ်မာတွေကတော့ အသိုင်းအဝိုင်းမျိုးစုံ၊ professional မျိုးစုံမှာ စုန်းပြူးအဖြစ် ရှိနေတတ်ပါတယ်။ အဲဒီဆရာ အကြောင်းကို စုံစမ်းခိုင်းတော့ မနှစ်ကပဲ ဆုံးသွားပြီလို့ သိရပြန်တယ်။ ငိုယိုနေတဲ့ မိဘနဲ့ အဒေါ်ဖြစ်သူကို အားပေးစကားဆိုပြီး ခုခံကျ/ကာလသားဌာနဆီကို လွှဲစာရေးပေးရတယ်။
ဒီလိုစာတွေ မရေးချင်ဘူး။
သူယုတ်မာတစ်ယောက်ကြောင့် လူကောင်းတွေပါ အနေကျပ်တာမျိုးတွေ မဖြစ်စေချင်ဘူး။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်း အပုပ် မခံနိုင်ဘူး။သူတော်ကောင်း ဆရာ၊ဆရာမတွေရဲ့ လက်မှာ ကြီးပြင်း၊ ပညာနို့ရည်သောက်သုံးခဲ့သူမို့ ဒီလိုမျိုးတွေ ကိုယ်တိုင် မကြုံရရင် မယုံနိုင်ဘူး။
ဒီလိုစာတွေကြောင့် ယုန်ထင်ကြောင်ထင်တွေ မဖြစ်စေချင်ခဲ့လို့ မရေးခဲ့ပေမယ့် နေပြည်တော်က ကလေးအဖေရဲ့ ရင်ဖွင့်စကားသံ ဖတ်ပြီးတာနဲ့ ဒီစာ ကို တန်းရေး ဖြစ်လိုက်တယ်။
ဟမ်စိုင်း(ဆေး-မန်း)
Credit − ဟမ်စိုင်း(ဆေး-မန်း)


