“ေျခႏွစ္ဖက္ဆုံးရံႈးသြားလို႔ ခင္ပြန္းသည္က စြန္႔ပစ္သြားေပမဲ့ အကဆရာမအလုပ္နဲ႔ ေအာင္ျမင္ေနတဲ့ေကာင္မေလး”
လြန္ခဲ့တဲ့ ၂၀၀၈ခုႏွစ္ ေမလပိုင္းတုန္းက တ႐ုတ္နိုင္ငံ စီခၽြမ္းမွာ ငလ်င္အႀကီးအက်ယ္လွုပ္ခတ္မွုေၾကာင့္ အသက္ဆုံးရွုံးသူ အမ်ားအျပားနဲ႔ ထိခိုက္ဒဏ္ရာ ရရွိသူ အမ်ားအျပား ရွိခဲ့ပါတယ္။
အဲ့ဒီထဲမွာ ေဟာင္ေကာင္မင္းသမီးေခ်ာ Cecilia Cheung နဲ႔ ႐ုပ္ခ်င္းအရမ္းတူလြန္းတဲ့ Liao Zhi ဆိုတဲ့ အမ်ိဳးသမီးေလးလဲ ပါဝင္ခဲ့ပါတယ္။ သူမဟာ ထိုငလ်င္ဒဏ္ေၾကာင့္ သူမရဲ့ ေျခႏွစ္ဖက္နဲ႔အတူ ၁ႏွစ္အရြယ္ သမီးေလးကို ဆုံးရွုံးလိုက္ရပါတယ္။
ငလ်င္လွုပ္ခတ္မွုေၾကာင့္ ၿပိဳက်သြားတဲ့ အေဆာက္အဦးေအာက္မွာ သူမရဲ့ ေျခေထာက္တစ္စုံနဲ႔ သမီးေလးတစ္ေယာက္ကို စေတးလိုက္ရပါတယ္။ ဒါ့ေၾကာင့္ သူမရဲ့ ေျခေထာက္အတြင္းရွိ တစ္ရွူးဆဲလ္ေတြေသကုန္ၿပီး ဒူးေအာက္ပိုင္းကေန ျဖတ္ေတာက္လိုက္ရပါတယ္။
ေျခႏွစ္ဖက္မရွိေတာ့တာေၾကာင့္ ခင္ပြန္ျဖစ္သူကလည္း သူမကို စြန္႔ပစ္သြားခဲ့ပါတယ္။ ဒါေပမဲ့ Liao Zhi ဟာ ဘဝကို ဘယ္ေတာ့မွ အရွုံးမေပးခဲ့ဘဲ သူရဲ့ ရည္မွန္းခ်က္ကို မျဖစ္ျဖစ္ေအာင္ ဖန္တီးယူနိုင္ခဲ့ပါတယ္။
ေျခႏွစ္ဖက္မရွိေတာ့တဲ့ သူမရဲ့ ေျခေထာက္ကို ေျခတုတပ္ဆင္ၿပီး လူေတြလုံးဝထင္မွတ္မထားတဲ့ dancer ဆရာမအလုပ္ကို လုပ္ကိုင္နိုင္ခဲ့ပါတယ္။ ပထမ ငလ်င္လွုပ္ၿပီး ၅ႏွစ္အၾကာ Ya’an ျပည္နယ္မွာ ထပ္မံ ငလ်င္လွုပ္ခတ္ခဲ့ပါတယ္။
အဲ့ဒီအခ်ိန္မွာေတာ့ သူမရဲ့ ဘဝကို ကိုယ္ခ်င္းစာတဲ့အေနနဲ႔ ငလ်င္ဒဏ္ေၾကာင့္ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြဆီသြားၿပီး ေစတနာ့ဝန္ထမ္းအျဖင့္ သြားေရာက္အကူအညီေပးခဲ့ပါတယ္။
အခုလို ဒုကၡိတဘဝကို ေရာက္ေနတာေတာင္မွ အျခားသူေတြအတြက္ အကူအညီေတြ အေထာက္အပံ့ေတြ ေပးေနနိုင္တဲ့ သူမရဲ့ စိတ္ဓာတ္ကေတာ့ တကယ့္ကို ေလးစားခ်င္စရာပါ။
ဒီအေျခအေနဆိုးေတြက သူမ ကို ပိုၿပီး သန္မာလာေအာင္ ျပဳျပင္ေပးနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အခုဆိုသူမဟာ ေစတနာ့ဝန္ထမ္းအလုပ္ကို လုပ္ကိုင္ရင္း သူမရဲ့ dancer အကဆရာမအလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္ျပဳေနပါတယ္။
သူမရဲ့ ခင္ပြန္းေဟာင္းနဲ႔ တရားဝင္ကြာရွင္းခဲ့ၿပီးေနာက္သူမကို တကယ္ ျမတ္နိုးတန္ဖိုးထားတဲ့ သူ ေနာက္တစ္ေယာက္နဲ႔ လက္ထပ္ျဖစ္ခဲ့ၾကပါတယ္။
Credit: Lifestyle_Myanmar (#Thar_Nage)
Unicode Version
လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ် မေလပိုင်းတုန်းက တရုတ်နိုင်ငံ စီချွမ်းမှာ ငလျင်အကြီးအကျယ်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသူ အများအပြားနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ပါတယ်။
အဲ့ဒီထဲမှာ ဟောင်ကောင်မင်းသမီးချော Cecilia Cheung နဲ့ ရုပ်ချင်းအရမ်းတူလွန်းတဲ့ Liao Zhi ဆိုတဲ့ အမျိုးသမီးလေးလဲ ပါဝင်ခဲ့ပါတယ်။ သူမဟာ ထိုငလျင်ဒဏ်ကြောင့် သူမရဲ့ ခြေနှစ်ဖက်နဲ့အတူ ၁နှစ်အရွယ် သမီးလေးကို ဆုံးရှုံးလိုက်ရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးအောက်မှာ သူမရဲ့ ခြေထောက်တစ်စုံနဲ့ သမီးလေးတစ်ယောက်ကို စတေးလိုက်ရပါတယ်။ ဒါ့ကြောင့် သူမရဲ့ ခြေထောက်အတွင်းရှိ တစ်ရှူးဆဲလ်တွေသေကုန်ပြီး ဒူးအောက်ပိုင်းကနေ ဖြတ်တောက်လိုက်ရပါတယ်
ခြေနှစ်ဖက်မရှိတော့တာကြောင့် ခင်ပွန်ဖြစ်သူကလည်း သူမကို စွန့်ပစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Liao Zhi ဟာ ဘဝကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ သူရဲ့ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ဖန်တီးယူနိုင်ခဲ့ပါတယ်။
ခြေနှစ်ဖက်မရှိတော့တဲ့ သူမရဲ့ ခြေထောက်ကို ခြေတုတပ်ဆင်ပြီး လူတွေလုံးဝထင်မှတ်မထားတဲ့ dancer ဆရာမအလုပ်ကို လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ပထမ ငလျင်လှုပ်ပြီး ၅နှစ်အကြာ Ya’an ပြည်နယ်မှာ ထပ်မံ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာတော့ သူမရဲ့ ဘဝကို ကိုယ်ချင်းစာတဲ့အနေနဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီသွားပြီး စေတနာ့ဝန်ထမ်းအဖြင့် သွားရောက်အကူအညီပေးခဲ့ပါတယ်။
အခုလို ဒုက္ခိတဘဝကို ရောက်နေတာတောင်မှ အခြားသူတွေအတွက် အကူအညီတွေ အထောက်အပံ့တွေ ပေးနေနိုင်တဲ့ သူမရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားချင်စရာပါ။
ဒီအခြေအနေဆိုးတွေက သူမ ကို ပိုပြီး သန်မာလာအောင် ပြုပြင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုသူမဟာ စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ကိုင်ရင်း သူမရဲ့ dancer အကဆရာမအလုပ်နဲ့ အသက်မွေးဝမ်းကျောင်ပြုနေပါတယ်။
သူမရဲ့ ခင်ပွန်းဟောင်းနဲ့ တရားဝင်ကွာရှင်းခဲ့ပြီးနောက်သူမကို တကယ် မြတ်နိုးတန်ဖိုးထားတဲ့ သူ နောက်တစ်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။
Credit: Lifestyle_Myanmar (#Thar_Nage)








