ကျနော့်ကိုချစ်ဖို့ တော်တော်လေးသည်းခံမှရမယ်ဆိုတဲ့ ရေမွန်….
လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ ကြိုက်ကြ အားပေးကြတဲ့ အဆိုတော် ရေမွန်ကိုတော့ သိကြမှာပါ။ အသံအားကောင်းကောင်းနဲ့ Idiots ပင်တိုင်အဆိုရှင်ဖြစ်တဲ့ အဆိုတော် ရေမွန်ကတော့ သိပ်မကြာသေးခင်ကပဲ သူ့ချစ်သူနဲ့ နားလည်မှုအရလမ်းခွဲခဲ့ပြီး လက်ရှိမှာတော့ တယောက်ထဲ နေနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ရဲ့အချစ်ရေးနဲ့ အချစ်ရေးအပေါ် သူ့ရဲ့ ခံယူချက်တွေအကြောင်း ပြောပြသွားခဲ့တာလည်း ဖြစ်ပါတယ်။
ရေမွန်ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး “အရင်ကလိုတော့ အသည်းအသန်ကြီးတွေ မဖြစ်တော့ဘူးပေါ့နော်။ အကယ်လို့ Date လုပ်တယ်ဆိုလည်း ကြိုပြောထားတယ်။ ငါတော့ မိန်းမယူလို့ ရမှာ မဟုတ်ဘူး။ အဆင်မပြေလောက်ဘူးပေါ့။ အဆင်မပြေဘူးဆိုတာကလည်း တာဝန်မကျေမှာဆိုးတာ။ ပြီးတော့ ကိုယ့်ရဲ့သဘာဝကလည်း အပြင်တွေကို လျှောက်ဒိုးချင်နေတာပေါ့။ ခရီးတွေသွားချင်တယ်။
နောက်ရည်မှန်းချက်တွေလည်း ရှိပါတယ်။ ပြီးတော့လည်း ဒီအချိန်က အရာရာကို စီမံရမယ့်အချိန်ဆိုတော့ နည်းနည်းတကိုယ်ကောင်းဆန်ပြီးတော့ လုပ်ဖြစ်နေတယ်ပေါ့။ ဒါပေမယ့် တခြားဘာရှိသေးလဲဆိုတော့ ဘဝမှာ ကိုယ့်ရဲ့ လုပ်ကိုင်တာတွေရှိမယ်။ သူငယ်ချင်းတွေရှိမယ်။ မိသားစုတွေရှိမယ်။ ပြီးရင် လျှောက်သွားမယ်”
“ရှိတော့ရှိပါတယ်။ ဒါပေမယ့်လည်း အရမ်း Serious ဖြစ်တဲ့ Relationship ကြီးတော့ မဟုတ်ဘူးပေါ့။ ဒီအရွယ်ကြီးရောက်မှတော့လည်း ကျနော်မရှိလို့ မဖြစ်သေးဘူးလေ။ ကိုယ့်ဘဝကိုယ်တည်ဆောက်နေတဲ့ သူတွေဆိုတော့ ကိုယ့်ဘဝကို အဆင်ပြေအောင်နေမယ်။ ဒါကို တယောက်နဲ့ တယောက် လက်ခံနိုင်လားပေါ့။ ကျနော့်ကိုဆို တော်တော်သည်းခံရမှာပါ။ ကျနော်ကတော့ လွတ်လပ်မှုကိုကြိုက်တယ်။
ကိုယ့်ကို ချုပ်ကိုင်ထားတယ်လို့ ထင်ရင် ကျနော် ဘာမှမကြိုက်ဘူး။ တကိုယ်ကောင်းဆန်တယ်လို့ပဲ ပြောပြော အဲ့လိုမျိုး ငယ်ငယ်လေးကတည်းက အဲ့လိုမျိုးပါပဲ။ အကယ်၍ မိသားစုတခုကို တည်ဆောက်ရင် မရဘူးကွာဆိုပြီး ထွက်သွားရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ကျနော်က အဲ့ဒါကိုကြောက်တာ။ ကိုယ့်ကိုကိုယ်မနိုင်တာ။ ကျနော်လုပ်ချင်တာ လုပ်မယ်။ ကျနော် လုပ်သင့်ရင်လုပ်မယ်။
ဘေးကနေလိုက်ပြောနေရင် ကျနော်အရွဲ့တိုက်ပြီ။ ကျနော်နဲ့ ပတ်သက်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ တခုခုကို ဖျော်ဖြေရင်လည်း ကျနော်တို့မပျော်ရင် သူများကိုလည်း ပျော်အောင် မထားတတ်ဘူး။ ပြောရရင်တော့ ကျနော်က နည်းနည်းလေး လွတ်နေတာပေါ့။ အနုပညာရှင်တွေက အဲ့လိုပါပဲ။ ဒါကြောင့် မဖြစ်နိုင်ဘူးထင်ပါတယ်။ တဘဝလုံးကျကြီးတော့များသွားပြီ။ တယောက်နဲ့ တယောက် ချုပ်ကိုင်ထားတာကို မလိုချင်တာ” ဟုဆိုပြီး သူ့ရဲ့ စိတ်ခံစားချက်အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။
Credit \\ original






