HIV ဗိုင္းရပ္စ္ကို မၾကာခင္ အျမစ္ျပတ္သုတ္သင္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရ
HIV ရွိေနတဲ့ ၾကြက္ေတြရဲ႕ DNA ထဲက HIV ဗိုင္းရပ္စ္ကို သုေတသနတစ္ခုအရ ေအာင္ျမင္စြာ ဖယ္ရွားႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း CNN သတင္းမွာ သိရပါတယ္။ ဒီသုေတသနဟာ HIV ဗိုင္းရပ္စ္ကူးစက္ခံေနရတဲ့ လူဦးေရ (၃၇) သန္းနီးပါးကို ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းလာေစခဲ့ပါတယ္။ သုေတသနကို Temple University’s Lewis Katz School of Medicine နဲ႔ the University of Nebraska Medical Center (UNMC) တို႔ကေန ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။
ပညာရွင္ေတြဟာ ေရာဂါပိုးကူးစက္ခံေနရတဲ့ ၾကြက္ေတြရဲ႕ DNA မ်ိဳးဗီဇကို နည္းပညာနဲ႔ ျပဳျပင္ခဲ့တာပါ။ HIV ဗိုင္းရပ္စ္တိုးပြားမႈကို ရပ္တန္႔ေစတဲ့အျပင္ ကုိယ္ထဲမွာက်န္ရွိေနေသးတဲ့ ဗိုင္းရပ္စ္ေတြကိုပါ ေသေစႏိုင္တဲ့ ေဆးကို ေဖာ္စပ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိေစ်းကြက္မွာ ေပၚေနတဲ့ HIV ကုထံုးေတြဟာ သူမ်ားဆီ ထပ္မကူးေအာင္သာတားေပးႏိုင္တာျဖစ္ၿပီး ဗိုင္းရပ္စ္ပိုးအျမစ္ျပတ္သြားေအာင္အထိေတာ့ မစြမ္းေဆာင္ႏိုင္ေသးပါဘူး။
သုေတသနအဖြဲ႔ဟာ ရက္သတၱပတ္ေပါင္းမ်ားစြာၾကာေအာင္ HIV ဗိုင္းရပ္စ္အကူးစက္ခံထားရတဲ့ ၾကြက္ေတြကို ေဆး၀ါးေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။ ၾကြက္ေတြရဲ႕ သရက္ရြက္၊ ရိုးတြင္းျခင္ဆီနဲ႔ ဦးေႏွာက္ေတြကို စစ္ေဆးပါတယ္။ ၄င္းေနရာေတြမွာ ဗိုင္းရပ္စ္ရွိေနေပမယ့္ သတၱိမျပေသးတဲ့ HIV ဆဲလ္ေတြကိုလည္း ရွာေဖြခဲ့ပါတယ္။ CRISPR-Cas9 လို႔အမည္ေပးထားတဲ့ ဗီဇျပဳျပဳင္တဲ့နည္းကို အသံုးခ်ၿပီး ၾကြက္ေတြရဲ႕ DNA ေတြထဲ က်န္ရွိေနေသးတဲ့ သတိၱမျပတဲ့ HIV ဆဲလ္ေတြကုိပါ အကုန္ဖယ္ရွားႏိုင္ဖို႔ ပညာရွင္ေတြက ၾကိဳးစားခဲ့တာ ျဖစ္ပါတယ္။
ဒီနည္းနဲ႔ ၾကြက္ေတြရဲ႕ ဗီဇအစိတ္အပိုင္းေတြကို သန္႔ရွင္းေစတဲ့အျပင္ HIV ခရိုမိုဇုမ္းေတြကိုပါ ဖယ္ရွားႏိုင္ခဲ့တယ္လုိ႔ ၀မ္းေျမာက္ဖြယ္သိရပါတယ္။ ဒီသုေတသနမွာ ၾကြက္(၂၃) ေကာင္ ပါ၀င္တဲ့အထဲ ၾကြက္(၉) ေကာင္ထဲက HIV ဗိုင္းရပ္စ္ေတြကို ေအာင္ျမင္စြာဖယ္ရွားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ၾကြက္ေတြကို စမ္းသပ္လို႔ ေအာင္ျမင္အၿပီးမွာေတာ့ ပညာရွင္ေတြက မၾကာခင္မွာ အလားတူပဲ လူေတြကိုလည္း HIV ဗိုင္းရပ္စ္ပိုး အျမစ္ျပတ္သြားေအာင္ ကုသေပးႏိုင္ဖို႔ ယံုၾကည္ထားေၾကာင္း သိရပါတယ္။
Credit \\ original
UNICODE
HIV ဗိုင်းရပ်စ်ကို မကြာခင် အမြစ်ပြတ်သုတ်သင်နိုင်တော့မည်ဖြစ်ကြောင်း သိရ
HIV ရှိနေတဲ့ ကြွက်တွေရဲ့ DNA ထဲက HIV ဗိုင်းရပ်စ်ကို သုတေသနတစ်ခုအရ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း CNN သတင်းမှာ သိရပါတယ်။ ဒီသုတေသနဟာ HIV ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ လူဦးရေ (၃၇) သန်းနီးပါးကို မျှော်လင့်ချက်ရောင်ခြည်သန်းလာစေခဲ့ပါတယ်။ သုတေသနကို Temple University’s Lewis Katz School of Medicine နဲ့ the University of Nebraska Medical Center (UNMC) တို့ကနေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ပညာရှင်တွေဟာ ရောဂါပိုးကူးစက်ခံနေရတဲ့ ကြွက်တွေရဲ့ DNA မျိုးဗီဇကို နည်းပညာနဲ့ ပြုပြင်ခဲ့တာပါ။ HIV ဗိုင်းရပ်စ်တိုးပွားမှုကို ရပ်တန့်စေတဲ့အပြင် ကိုယ်ထဲမှာကျန်ရှိနေသေးတဲ့ ဗိုင်းရပ်စ်တွေကိုပါ သေစေနိုင်တဲ့ ဆေးကို ဖော်စပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ ပေါ်နေတဲ့ HIV ကုထုံးတွေဟာ သူများဆီ ထပ်မကူးအောင်သာတားပေးနိုင်တာဖြစ်ပြီး ဗိုင်းရပ်စ်ပိုးအမြစ်ပြတ်သွားအောင်အထိတော့ မစွမ်းဆောင်နိုင်သေးပါဘူး။
သုတေသနအဖွဲ့ဟာ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် HIV ဗိုင်းရပ်စ်အကူးစက်ခံထားရတဲ့ ကြွက်တွေကို ဆေးဝါးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ကြွက်တွေရဲ့ သရက်ရွက်၊ ရိုးတွင်းခြင်ဆီနဲ့ ဦးနှောက်တွေကို စစ်ဆေးပါတယ်။ ၎င်းနေရာတွေမှာ ဗိုင်းရပ်စ်ရှိနေပေမယ့် သတ္တိမပြသေးတဲ့ HIV ဆဲလ်တွေကိုလည်း ရှာဖွေခဲ့ပါတယ်။ CRISPR-Cas9 လို့အမည်ပေးထားတဲ့ ဗီဇပြုပြုင်တဲ့နည်းကို အသုံးချပြီး ကြွက်တွေရဲ့ DNA တွေထဲ ကျန်ရှိနေသေးတဲ့ သတ္တိမပြတဲ့ HIV ဆဲလ်တွေကိုပါ အကုန်ဖယ်ရှားနိုင်ဖို့ ပညာရှင်တွေက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းနဲ့ ကြွက်တွေရဲ့ ဗီဇအစိတ်အပိုင်းတွေကို သန့်ရှင်းစေတဲ့အပြင် HIV ခရိုမိုဇုမ်းတွေကိုပါ ဖယ်ရှားနိုင်ခဲ့တယ်လို့ ဝမ်းမြောက်ဖွယ်သိရပါတယ်။ ဒီသုတေသနမှာ ကြွက်(၂၃) ကောင် ပါဝင်တဲ့အထဲ ကြွက်(၉) ကောင်ထဲက HIV ဗိုင်းရပ်စ်တွေကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကြွက်တွေကို စမ်းသပ်လို့ အောင်မြင်အပြီးမှာတော့ ပညာရှင်တွေက မကြာခင်မှာ အလားတူပဲ လူတွေကိုလည်း HIV ဗိုင်းရပ်စ်ပိုး အမြစ်ပြတ်သွားအောင် ကုသပေးနိုင်ဖို့ ယုံကြည်ထားကြောင်း သိရပါတယ်။
Credit \\ original




