လားရှိုးတွင် မူကြိုသွားပို့ သည့်် ကလေးငယ်အား ၀င်လုသူအား ဖမ်းဆီး
မူကြိုကျောင်းသို့ ပို့ဆောင်ရာလမ်း၌ အသက်(၄)နှစ်အရွယ်ကလေးငယ်အား လုယူခံရမှုဖြစ်ပွား
ဇူလိုင်(၈)
လားရှိုးမြို့၊ ရပ်ကွက်(၇)အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ(၈)ရက် နံနက်က အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
နံနက်(၈း၄၀)နာရီခန့်က ရပ်ကွက်(၇)၊ နယ်မြေ(၇)နေ ဒေါ်နန်းဆိုင်နွမ်းသည် အသက်(၄)နှစ်အရွယ်သားဖြစ်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မူကြိုကျောင်းသို့ ပို့ဆောင်စဉ် ကျောင်းအနီးလမ်းမပေါ်အရောက်တွင် သူမ၏သားဖြစ်သူအား အသက်(၃၀)အရွယ်ခန့် အမည်မသိအမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူနေသောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခဲ့ကြောင်းသိရသည်။
ကလေးလုယူသူအား အနီးပတ်ဝန်းကျင်ရှိ လူငယ်များက ၀ိုင်းဝန်း ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ပို့ဆောင်ပေးလိုက်ကြောင်းနှင့် ထိုမှတဆင့် လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။
” လုတဲ့ကောင်ပုံစံကြည့်ရတာ ဆေးသမားနဲ့တူတယ်၊ နာမည်မေးလဲ လျှောက်ပြောနေတယ်၊ ဘယ်မှာနေလဲမေးလဲ လျှောက်ပြောနေတယ်၊ အခု ရဲစခန်းသွားအပ်ပြီးပြန်လာတာ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦး ကပြောသည်။
လားရှိုးမြို့တွင် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူများ ဆေးကြောင်သူများ ယခင်ထက်ပေါများလာသည့်အတွက် သက်ဆိုင်ရာ မှ ထိရောက်သည့်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးစေ လိုကြောင်း ဒေသခံပြည်သူများထံမှသိရသည်။
Credit \\ original
Unicode
မူကြိုကျောင်းသိုိ့ ပို့ဆောင်ရာလမ်း၌ အသက်(၄)နှစ်အရွယ်ကလေးငယ်အား လုယူခံရမှုဖြစ်ပွား
ဇူလိုင်(၈)
လားရှိုိးမြို့၊ ရပ်ကွက်(၇)အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ(၈)ရက် နံနက်က အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအား အမည်မသိိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
နံနက်(၈း၄၀)နာရီခန့်က ရပ်ကွက််(၇)၊ နယ်မြေ(၇)နေ ဒေါ်နန်းဆိုင်နွမ်းသည် အသက်(၄)နှစ်အရွယ်သားဖြစ်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မူကြိုကျောင်းသို့ ပို့ဆောင်စဉ် ကျောင်းအနီးလမ်းမပေါ်အရောက်တွင် သူမ၏သားဖြစ်သူအား အသက်(၃၀)အရွယ်ခန့် အမည်မသိအမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူနေသောကြောင့့် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခဲ့ကြောင်းသိရသည်။
ကလေးလုယူသူအား အနီးပတ်ဝန်းကျင်ရှိိ လူငယ်များက ၀ုိင်းဝန်း ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ပို့ဆောင်ပေးလို်ိက်ကြောင်းနှင့် ထိုမှတဆင့် လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။
” လုတဲ့ကောင်ပုံစံကြည့်ရတာ ဆေးသမားနဲ့တူတယ်၊ နာမည်မေးလဲဲ လျှောက်ပြောနေတယ်၊ ဘယ်မှာနေလဲမေးလဲ လျှောက်ပြောနေတယ်၊ အခု ရဲစခန်းသွားအပ်ပြီးပြန်လာတာ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦး ကပြောသည်။
လားရှိုးမြို့တွင်် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲဲရောင်းချသူများ ဆေးကြောင်သူများ ယခင်ထက်ပေါများလာသည့််အတွက် သက်ဆိုင်ရာ မှ ထိရောက်သည့်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးစေ လိုကြောင်း ဒေသခံပြည်သူများထံမှသိရသည်။
Credit \\ original


