ကိုရီးယားယဥ္ေက်းမွဳနဲ႔ဘာသာစကားဆိုင္ရာ အဖြဲ႕အစည္းရဲ႕သံတမန္အျဖစ္ ခန္႔အပ္ခံလိုက္ရတဲ႔ Lee Min Ho
ျမန္မာပရိသတ္တို႔ရဲ႕ အသည္းစြဲကိုရီးယားမင္းသားတစ္လက္ျဖစ္တဲ႔ Lee Min Ho ဟာဆိုရင္ Boys Over Flower ဇာတ္လမ္းတြဲနဲ႔ ထိပ္တန္းမင္းသားအျဖစ္ကို ေရာက္ရွိခဲ႔သူျဖစ္ျပီး ေတာင္ကိုရီးယားႏိုင္ငံအတြင္းမွာသာမက ႏိုင္ငံတကာမွာပါ ေအာင္ျမင္ေက်ာ္ၾကားလူၾကိဳက္မ်ားတဲ႔သူ ျဖစ္ပါတယ္။
ႏိုင္ငံတကာပရိသတ္အခိုင္အမာရွိတဲ႔ Lee Min Ho ဟာ ဒီေန႔ ဇူလိုင္လ ၉ ရက္ေန႔မွေတာ႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ကိုရီးယားယဥ္ေက်းမွဳနဲ႔ ဘာသာစကားဆိုင္ရာ အဖြဲ႕အစည္းတစ္ခုရဲ႕ သံတမန္အျဖစ္ ခန္႔အပ္ခံလိုက္ရျပီလို႔ သိရပါတယ္။
ဆိုးလ္ျမိဳ႕ Plaza Hotel မွာ က်င္းပခဲ႔တဲ႔ ‘2019 World Conference of Korean Language Educators’ ပြဲအခမ္းအနားကို ကို Lee Min Ho က ကိုရီးယားယဥ္ေက်းမွဳနဲ႔ ဘာသာစကားဆိုင္ရာ အဖြဲ႕အစည္းတစ္ခုရဲ႕ သံတမန္အျဖစ္ ခန္႔အပ္ခံရဖို႔အတြက္ တက္ေရာက္ခဲ႔တာ ျဖစ္ပါတယ္။
သံတမန္အျဖစ္နဲ႔ ခန္႔အပ္ခံလိုက္ရျပီျဖစ္တဲ႔ Lee Min Ho ဟာ ကိုရီးယားယဥ္ေက်းမွဳနဲ႔ ပညာေရးအဖြဲ႔အစည္းကေန တစ္ကမာၻလံုးမွာ သင္ၾကားပို႔ခ်တဲ႔ ကိုရီးယားဘာသာစကားနဲ႔ ယဥ္ေက်းမွဳ အစီအစဥ္ေတြမွာ ပါ၀င္လွဳပ္ရွားရမွာျဖစ္တယ္လို႔ သိရပါတယ္။
Lee Min Ho ကေတာ႔ သူ႔အေနနဲ႔ အခုလိုမ်ိုး သံတမန္အျဖစ္ခန္႔အပ္ခံရျခင္းအေပၚကို အခုလိုမ်ိုး ထုတ္ေျပာျပခဲ႔ပါတယ္။ “ဒီလို အဖြဲ႕အစည္းရဲ႕ သံတမန္အေနနဲ႔ ခန္႔အပ္ခံရတဲ႔အတြက္ ဂုဏ္ယူမိပါတယ္။ တခ်ိဳ႕ေတြက ကၽြန္ေတာ္နဲ႔ အဖြဲ႕အစည္းဘယ္လုိမ်ိဳးဆက္စမ္မိသလဲဆိုတာကို သိခ်င္ေနၾကမွာျဖစ္ေပမယ္႔ ကၽြန္ေတ္ာပြဲထြက္ခ်ိန္ကတည္းေနဆို အဖြဲ႕အစည္းနဲ႔ လက္တြဲလာခဲ႔တာ အခုဆိုရင္ ၁၃ ႏွစ္ရွိေနပါျပီ။” လို႔ ေျပာခဲ႔ပါတယ္။
ဆက္လက္ျပီး “ဒီလိုမ်ိဳး ခန္႔အပ္ခံရတာက ႏိုင္ငံတကာက ပရိသတ္ေတြနဲ႔ ေတြ႕ဆံုခြင္႔ရမယ္႔ အခြင္႔အေရးတစ္ခုပါ။ ကိုရီးယားဘာသာသင္ၾကားေနတဲ႔ ပရိသတ္ေတြကို ဘယ္လိုမ်ိုးကူညီႏိုင္မလဲ၊ သူတို႔ေတြနဲ႔ ကိုရီးယားလိုမ်ိုး ေျပာဆိုဆက္ဆံရမယ္ ဆိုတာကိုလည္း ေတြးေနမိပါတယ္။” လို႔ ဆိုကာ ေျပာခဲ႔တာ ျဖစ္ပါတယ္။
Lee Min Ho နဲ႔ ေတြ႕ဆံုျပီး ကိုရီးယားဘာသာသင္ၾကားခြင္႔ရမယ္႔ ပရိသတ္ေတြကေတာ႔ တကယ္ကို ကံေကာင္းတဲ႔ ပရိသတ္ေတြပါပဲေနာ္။
Ref : KStarlive ,CRD-MOMOLAY
UNICODE
ကိုရီးယားယဉ်ကျေးမှုနဲ့ဘာသာစကားဆိုင်ရာ အဖွဲ့အစည်းရဲ့သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ Lee Min Ho
မြန်မာပရိသတ်တို့ရဲ့ အသည်းစွဲကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ဟာဆိုရင် Boys Over Flower ဇာတ်လမ်းတွဲနဲ့ ထိပ်တန်းမင်းသားအဖြစ်ကို ရောက်ရှိခဲ့သူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတကာပရိသတ်အခိုင်အမာရှိတဲ့ Lee Min Ho ဟာ ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရပြီလို့ သိရပါတယ်။
ဆိုးလ်မြို့ Plaza Hotel မှာ ကျင်းပခဲ့တဲ့ ‘2019 World Conference of Korean Language Educators’ ပွဲအခမ်းအနားကို ကို Lee Min Ho က ကိုရီးယားယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရဖို့အတွက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သံတမန်အဖြစ်နဲ့ ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ Lee Min Ho ဟာ ကိုရီးယားယဉ်ကျေးမှုနဲ့ ပညာရေးအဖွဲ့အစည်းကနေ တစ်ကမ္ဘာလုံးမှာ သင်ကြားပို့ချတဲ့ ကိုရီးယားဘာသာစကားနဲ့ ယဉ်ကျေးမှု အစီအစဉ်တွေမှာ ပါဝင်လှုပ်ရှားရမှာဖြစ်တယ်လို့ သိရပါတယ်။
Lee Min Ho ကတော့ သူ့အနေနဲ့ အခုလိုမျိုး သံတမန်အဖြစ်ခန့်အပ်ခံရခြင်းအပေါ်ကို အခုလိုမျိုး ထုတ်ပြောပြခဲ့ပါတယ်။ “ဒီလို အဖွဲ့အစည်းရဲ့ သံတမန်အနေနဲ့ ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တချို့တွေက ကျွန်တော်နဲ့ အဖွဲ့အစည်းဘယ်လိုမျိုးဆက်စမ်မိသလဲဆိုတာကို သိချင်နေကြမှာဖြစ်ပေမယ့် ကျွန်တေ်ာပွဲထွက်ချိန်ကတည်းနေဆို အဖွဲ့အစည်းနဲ့ လက်တွဲလာခဲ့တာ အခုဆိုရင် ၁၃ နှစ်ရှိနေပါပြီ။” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး “ဒီလိုမျိုး ခန့်အပ်ခံရတာက နိုင်ငံတကာက ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရမယ့် အခွင့်အရေးတစ်ခုပါ။ ကိုရီးယားဘာသာသင်ကြားနေတဲ့ ပရိသတ်တွေကို ဘယ်လိုမျိုးကူညီနိုင်မလဲ၊ သူတို့တွေနဲ့ ကိုရီးယားလိုမျိုး ပြောဆိုဆက်ဆံရမယ် ဆိုတာကိုလည်း တွေးနေမိပါတယ်။” လို့ ဆိုကာ ပြောခဲ့တာ ဖြစ်ပါတယ်။
Lee Min Ho နဲ့ တွေ့ဆုံပြီး ကိုရီးယားဘာသာသင်ကြားခွင့်ရမယ့် ပရိသတ်တွေကတော့ တကယ်ကို ကံကောင်းတဲ့ ပရိသတ်တွေပါပဲနော်။
Ref : KStarlive ,CRD-MOMOLAY




