














Credit  \\  original

Unicode

လက်ရှိ့မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းနဲ့ပတ်သတ်ပြီး ပြည်သူလူထုသာမက အနုပညာရှင်များကပါ တက်ညီလက်ညီ မုဒိမ်းမှု့ ကျူးလွန်သူကို ဖမ်းမိဖို့ အရေး ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ် ။သက်ငယ်မုဒိမ်းမှုတွေကလည်း ပိုပိုများလာပြီး သမီးမိန်းကလေး မွေးထားတဲ့ မိဘများအနေဖြင့် ကိုယ့်သားသမီးလုံခြုံမှု့မရှိဟု ခံစားလာရမှာ အသေအချာပါပဲ။မိုမိုလေးပရိသတ်အတွက် သက်ငယ်မုဒိမ်းနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်က Myanmar Got Talent မှာပြိုင်ပွဲဝင်ခဲ့တဲ့ video လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။

သက်ငယ်မုဒိမ်းနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ နေပြည်တော်သက်ငယ်မုဒိမ်း ကျူးလွန်သူ တရားခံပေါ်ပေါက်ရေးအတွက် ပြည်သူများနှင့် အနုပညာရှင်များက သူတို့ရဲ့ facebook စာမျက်နှာများမှာ profile များချိန်းပြီး ကျူးလွန်ခံရတဲ့ သမီးငယ်လေးအတွက် ဝန်းရံရပ်တည်နေကြတာပဲ ဖြစ်ပါတယ်သက်ငယ်မုဒိမ်းကြောင့် ကလေးငယ်များ အသက်ဆုံးရှုံးမှုများစွာ ရှိနေသလို ဒီလို ပြစ်မှုကျူးလွန်သူများကိုလည်း လက်ရှိမှာ ထိထိရောက်ရောက် အရေးယူခြင်းတွေမရှိသေးပါဘူး။

ဒီတစ်ခါမှာတော့ နေပြည်တော် သက်ငယ်မုဒိမ်းမှုကြောင့် ပြန်လည်နာမည်ကြီးလာတဲ့ သက်ငယ်မုဒိမ်းမှုကို သရုပ်ဖော် တင်ဆက်သွားတဲ့ Myanmar Got Talent မှ video file လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။Myanmar Got Talent မှ video file လေးက ဒိုင်များနဲ့ ကြည့်ရူကြတဲ့ ပရိသတ်တွေကို မျက်ရည်ကျရလောက်အောင် သရုပ်ဖော်နိုင်ခဲ့ပြီး ချီးကျူးခြင်းများစွာကိုလည်း ရရှိခဲ့တာပါ။

သက်ငယ်မုဒိမ်း ကို ပုံဖော်ပြီး Myanmar Got Talent ယှဉ်ပြိုင်ခဲ့တဲ့ Video File

လက်ရှိဖြစ်နေတဲ့ နေပြည်တော်မှ သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ သူကိုလည်း အမြန်ဖမ်းမိပါစေလို့ ဆုတောင်းရင်း Myanmar Got Talent မှ video file ကို share သွားဖို့မမေ့နဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget