ပထမဆံုးအႏုပညာလုပ္ရွားမႈအျဖစ္ခ်ာလီဘရုပ္ရွင္ဇာတ္ကားPress Show ကိုတက္ေရာက္လာတဲ့ မိုးေအာင္ရင္
သရုပ္ေဆာင္ မိုးေအာင္ရင္ကို ဒီဇင္ဘာ(၁၂) ရက္ေန႕ ခရိုင္တရားရံုးကေန မူးယစ္ေဆးဝါးေရာင္းဝယ္မႈ ပုဒ္မ ၁၉(က)နဲ႕ ေထာင္ဒဏ္(၁၂)ႏွစ္ ခ်မွတ္ခဲ့တာ ပရိသတ္ေတြသိျပီး ျဖစ္မွာပါ ။ နိုဝင္ဘာ(၂၆) ရက္ေန႕ကလည္း ပုဇြန္ေတာင္ တရားရံုးကေန မူးယစ္ေဆးဝါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ ၁၅/၁၆(ဂ)ျဖင့္ အလုပ္နဲ႕ေထာင္ဒဏ္ (၅)ႏွစ္ က်ခံဖို႕ အမိန္႕ခ်ခဲ့ပါေသးတယ္။ဒါေၾကာင့္ မိုးေအာင္ရင္ဟာ စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ က်ခံခဲ့ရပါတယ္။
မၾကာေသးမီက ကံေကာင္းစြာနဲ႔ ႔ ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္ဆိုၿပီး ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား အက်ဥ္းသူ ၆၅၂၀ဦးအား လြတ္ျငိမ္းခြင့္ရခဲ့တဲ့ထဲမွာ ျပည္သူခ်စ္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မိုးေအာင္ရင္ပါဝင္ခဲ့ပါတယ္ ။
လတ္တေလာမွာေတာ့ မိုးေအာင္ရင္ဟာအႏုပညာလုပ္ငန္းေတြကို ျပန္လည္လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ မိုးေအာင္ရင္ဟာ ခ်ာလီဘ ႐ုပ္ရွင္ဇာတ္ကားႀကီး Press Show ပြဲႀကီးကိုတက္ေရာက္လာတာ႔ပဲျဖစ္ပါတယ္။ မိုးေအာင္ရင္ကေတာ့ ျပစ္ဒဏ္ကလြတ္ေျမာက္ၿပီး ပထမဆံုးအႀကိမ္ ပြဲၸတက္လာတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ မိုးေအာင္ရင္ရဲ႕ပြဲတက္ပံုရိပ္ေတြက္ုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Photo Source : Cele Gabar
Credit \\ original
Unicode
သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခဲ့တာ ပရိသတ်တွေသိပြီး ဖြစ်မှာပါ ။ နိုဝင်ဘာ(၂၆) ရက်နေ့ကလည်း ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။
မကြာသေးမီက ကံကောင်းစွာနဲ့ ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ဦးအား လွတ်ငြိမ်းခွင့်ရခဲ့တဲ့ထဲမှာ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ပါဝင်ခဲ့ပါတယ် ။လတ်တလောမှာတော့ မိုးအောင်ရင်ဟာအနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိုးအောင်ရင်ဟာ ချာလီဘ ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲကြီးကိုတက်ရောက်လာတာ့ပဲဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ ပြစ်ဒဏ်ကလွတ်မြောက်ပြီး ပထမဆုံးအကြိမ် ပွဲ္ပတက်လာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိုးအောင်ရင်ရဲ့ပွဲတက်ပုံရိပ်တွေက်ုဖော်ပြပေးလိုက်ပါတယ်နော်။
Photo Source : Cele Gabar
Credit \\ original




