“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို တက်ရောက်လာတဲ့ နေတိုး





ပရိသတ်တွေချစ်တဲ့ မင်းသားချောနေတိုးက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း ချစ်ကြသလို လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။



မနေ့က ဇူလိုင်လ(၇) ရက်နေ့မှာတော့ နေတိုးက “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို တက်ရောက်ခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေတိုးရဲ့ Press Show ရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ဝတ်မှုံရွှေရည်တို့က အဓိကသရုပ်ဆောင်ထားပြီး အခြားသော သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်။



“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆေးထိုးရင်း ဘယ်လိုဟာသတွေ ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ (၁၈) ရက်နေ့ (ကြာသပတေး)နေ့မှ စတင်ပြီး တစ်ပြည်လုံးရုံတင်ပြသတော့မှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

credit  \\   original

Recent Updates

Recent Posts Widget