Victoriaရဲ့ မိသားစုနဲ့ အတူတူ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နေပါတယ် ဆိုတဲ့ လင်းလင်း





နေပြည်တော် မူကြိုကျောင်းမှ ၂ နှစ် ၁၁လအရွယ် သမီးငယ်လေး လိင်အကြမ်းဖက်ခံရမှုနဲ့ ပက်သတ်ပြီး တရားခံကို ဖမ်းဆီးရရှိပြီလို့ ခရိုင်တရားရုံးပြန်ကြားရေးအရာရှိမှ ဇူလိုင်လ(၄) ရက်နေ့မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရားခံလို့ဆိုသူဟာ မူကြိုကျောင်းမှ ယာဉ်မောင်း အောင်ကျော်မျိုး(ခ)အောင်ကြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအမှုဟာ တစ်နိုင်ငံလုံးက ပြည်သူတွေ စောင့်ကြည့်နေကြတဲ့အမှုဖြစ်ပြီး အနုပညာရှင်တွေကပါ ဝန်းရံနေကြတာ ဖြစ်ပါတယ်။



နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ လင်းလင်းကလည်း ထိုအမှုနဲ့ ပက်သတ်ပြီး စိတ်ရော လူပါနစ်ပြီး ကူညီဆောင်ရွက်ပြီး အမှန်တရားကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ ဇူလိုင်လ (၅) ရက်နေ့မှာတော့ လင်းလင်းက နေပြည်တော်ခရိုင် တရားရုံးကို တက်ရောက်ခဲ့ပြီး လက်ရှိမှာလည်း Victoria အတွက် တရားမျှတမှုကိုရရှိဖို့.နေပြည်တော်မှာ နေထိုင်လျက်ရှိပါတယ်။

လင်းလင်းက သားသမီးချင်း ကိုယ်ချင်းစာတဲ့ စိတ်နဲ့ အနုပညာလုပ်ငန်းတွေကိုတောင် ရပ်နားပြီး Victoria အတွက် တရားမျှတမှု ရရှိဖို့ စိတ်ရောကိုယ်ပါနစ်ပြီး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ လင်းလင်းက ” သမီးလေး ဗစ်တိုးရီးယား အမှုအတွက် လိုအပ်သော လုပ်ဆောင်စရာများကို နေပြည်တော်တွင် တရားဥပဒေမူဘောင်အတွင်းမှ သမီးလေးမိသားစုနှင့်အတူ ကျွန်တော်တို့ အတက်နိုင်ဆုံး လုပ်ဆောင်လျက်ပါ။” ဆိုပြီး အားလုံးကို အသိပေးထားပါတယ်။



ဒါ့အပြင် ” ဖြည့်စွက်ပြောရရင် မတွေ့ဖြစ်တာက public ပိုစ့်မှာ သမီးလေးပို့စ်ကလွဲရင် ဘာမှမတင်ချင်လို့ပါ။ ပြောသင့်တဲ့အရာရှိရင်တော့ တင်ပါ့မယ် ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောပြထားပါတယ်။

သမီးလေး Victoria အတွက် လင်းလင်းတို့လို အနုပညာရှင်တွေသာမက ပြည်သူတွေကပါ ဝန်းရံကူညီနေကြတာပဲ ဖြစ်ပါတယ်။ Victoria အတွက်လည်း စစ်မှန်တဲ့ တရားမျှတမှု အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget