“ေနျပည္ေတာ္ရွိ Wisdom Hill မူၾကိဳေက်ာင္း ယာယီပိတ္ထားဖို႔ အမိန္႔ထုတ္ျပန္”




အသက္ ၃ နွစ္မျပည့္ေသးတဲ့ မိန္းကေလးတစ္ဦးကို မုဒိန္းက်င့္ခံတဲ့ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ေျဖရွင္းေနရတဲ့ ေနျပည္ေတာ္က နာမည္ႀကီး ပုဂၢလိက မူႀကိဳေက်ာင္း Wisdom Hill ဇူလိုင္လ ၁ ရက္ ၊ မေန့က စၿပီး ၂ ပတ္ခန့္ ယာယီပိတ္ထားမွာ ျဖစ္တယ္လို့ သိရပါတယ္။

ကေလးငယ္ Victoria ကို သက္ငယ္မုဒိမ္းက်ဴးလြန္ခံရမွဳကို စစ္ေဆးေနတာဟာ တစ္လေက်ာ္ ၾကာျမင့္ေနၿပီး ျဖစ္ေသာ္လည္း အခုထိ တရားခံအစစ္ကို မေဖာ္ထုတ္နိုင္ေသးတာေၾကာင့္ ျပည္သူေတက အစိုးရကို အဆိုပါ ကိစၥကို အျမန္ဆံုး ေဖာ္ထုတ္ေပးဖို့ ေတာင္းဆိုေနၾကပါတယ္။ နာမည္ၾကီး သရုပ္ေဆာင္ ၊ ေမာ္ဒယ္ ၊အဆိုေတာ္ ၊ဆယ္လီဘလယ္ရီ ၊ ဘေလာ့ဂါ အသိုင္းအဝိုင္းကလည္း သက္ငယ္မုဒိမ္းက်ဴးလြန္ခံရမွဳကို အမွဳမွန္ကို အျမန္ဆံုး ေဖာ္ထုတ္ၿပီး ျပင္းျပင္းထန္ထန္ အေရးယူဖို့ လိုလားေနၾကတာျဖစ္ပါတယ္။



ေနျပည္ေတာ္ရွိ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ေနျပည္ေတာ္က မူႀကိဳေက်ာင္းေတြကို ႏွစ္ပတ္ပိတ္ထားဖို႔ အေၾကာင္းၾကားလာလို႔ သူတို႔ေက်ာင္းကို ႏွစ္ပတ္ခန့္ ယာယီပိတ္ထားဖို့ ေက်ာင္းသာမိဘေတြကို ဇြန္လ ၃၀ ရက္က ေက်ာင္းတာဝန္ရွိသူေတြက အေၾကာင္းၾကားလိုက္တာ ျဖစ္ပါတယ္။ မူႀကိဳကိုပဲ ပိတ္မွာျဖစ္တာေၾကာင့္ တျခား Grade အတန္းေတြကိုေတာ့ ဆက္ဖြင့္ထားမွာ ျဖစ္ပါတယ္။



Wisdom Hill ေက်ာင္းဟာ ေနျပည္ေတာ္မွာနာမည္ႀကီး ပုဂၢလိကေက်ာင္းတခု ျဖစ္သလို ေက်ာင္းခြဲေတြ ဖြင့္လွစ္ထားတဲ့ေက်ာင္းလည္းျဖစ္ပါတယ္။ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းဟာ ေနျပည္ေတာ္မွာ နာမည္ႀကီးေက်ာင္း တခုျဖစ္ေပမဲ့ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနထံမွာ မွတ္ပုံတင္ေလွ်ာက္ထားဆဲ အေျခအေနနဲ႔ပဲ ေက်ာင္းဖြင့္ေနတာျဖစ္တယ္ လို့သိရပါတယ္။


ဒီအမႈနဲ႔ပတ္သက္လို႔မႈခင္းသတင္းဌာန CID က တာဝန္ယူ ေဆာင္႐ြက္ေနၿပီး ရဲတပ္ဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ကို မၾကာခင္ သတင္းထုတ္ျပန္သြားဖို႔ရွိတယ္လို႔လည္း ရဲတပ္ဖြဲ႕က ထိပ္တန္းအရာရွိေတြက ဆိုပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီအမႈနဲ႔ပတ္သက္တဲ့ သံသယရွိသူေတြကို ေခၚယူစစ္ေဆးေနၿပီး အခုခ်ိန္ထိေတာ့ တရားခံအစစ္ကိုမေဖာ္ထုတ္ႏိုင္ေသးပါဘူး။



ဒီအမွဳနဲ့ ပါတ္သတ္ၿပီး သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကလည္း ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြကို “ဒီအမႈ မေပၚ ေပၚေအာင္ ေဖာ္ပါ” လို႔ နႈတ္နဲ႔ မွာၾကားထားခဲ့လည္း သိရပါတယ္။

Credit  \\  original

Unicode Version

အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်ခံတဲ့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ဖြေရှင်းနေရတဲ့ နေပြည်တော်က နာမည်ကြီး ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill ဇူလိုင်လ ၁ ရက် ၊ မနေ့က စပြီး ၂ ပတ်ခန့် ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ် Victoria ကို သက်ငယ်မုဒိမ်းကျူးလွန်ခံရမှုကို စစ်ဆေးနေတာဟာ တစ်လကျော် ကြာမြင့်နေပြီး ဖြစ်သော်လည်း အခုထိ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးတာကြောင့် ပြည်သူတေက အစိုးရကို အဆိုပါ ကိစ္စကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ၊ မော်ဒယ် ၊အဆိုတော် ၊ဆယ်လီဘလယ်ရီ ၊ ဘလော့ဂါ အသိုင်းအဝိုင်းကလည်း သက်ငယ်မုဒိမ်းကျူးလွန်ခံရမှုကို အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုလားနေကြတာဖြစ်ပါတယ်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေပြည်တော်က မူကြိုကျောင်းတွေကို နှစ်ပတ်ပိတ်ထားဖို့ အကြောင်းကြားလာလို့ သူတို့ကျောင်းကို နှစ်ပတ်ခန့် ယာယီပိတ်ထားဖို့ ကျောင်းသာမိဘတွေကို ဇွန်လ ၃၀ ရက်က ကျောင်းတာဝန်ရှိသူတွေက အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။ မူကြိုကိုပဲ ပိတ်မှာဖြစ်တာကြောင့် တခြား Grade အတန်းတွေကိုတော့ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။
Wisdom Hill ကျောင်းဟာ နေပြည်တော်မှာနာမည်ကြီး ပုဂ္ဂလိကကျောင်းတခု ဖြစ်သလို ကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းဟာ နေပြည်တော်မှာ နာမည်ကြီးကျောင်း တခုဖြစ်ပေမဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှာ မှတ်ပုံတင်လျှောက်ထားဆဲ အခြေအနေနဲ့ပဲ ကျောင်းဖွင့်နေတာဖြစ်တယ် လို့သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့မှုခင်းသတင်းဌာန CID က တာဝန်ယူ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ရဲ့ တွေ့ရှိချက်ကို မကြာခင် သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိတွေက ဆိုပါတယ်။ လောလောဆယ်မှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး အခုချိန်ထိတော့ တရားခံအစစ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။
ဒီအမှုနဲ့ ပါတ်သတ်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့လည်း သိရပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget