WISDOM HILL ကျောင်းမှာ တိုက်ကွမ်ဒို နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မင်းထွန်း ရေးတဲ့စာ




ကျွန်တော်ပြောချင်ပါတယ် ဆရာဦးပညာ ။မပြောသင့်ဘူးလို့ ထင်ပြီးနေခဲ့တာ အခုတော့ ဆရာနဲ့ အတူ ၊ တခြား ဆရာ/ဆရာမတွေ ၊ ကျောင်းသိက္ခာတွေ လုံးပါးပါးတော့မယ် ။

WISDOM HILLဆိုတာ ဒီကိစ္စမတိုင်ခင်က အရမ်းအောင်မြင်ခဲ့တဲ့ကျောင်းပါ ။WISDOM HILLမှာ တိုက်ကွမ်ဒို နည်းပြအဖြစ် ဧပြီလကုန်ထိ သင်ကြားပေးခဲ့ပါတယ်။ဆရာကိုယ်တိုင် ကျွန်တော့်ကို နည်းပြအဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့လို့ ၊ ကျောင်း သိက္ခာနဲ့ ဆရာတို့ရဲ့ သိက္ခ္ဒာအတွက် ၊ ကျွန်တော် ဝင်ပြောမှဖြစ်မယ်ထင်တယ်။


နေ့လည်က ဆရာ့ အင်တာဗျူး ကြည့်လိုက်ရတယ် ။ကားသမား အောင်ကြီး မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိလိုက်တယ်။ တကယ့်တရားခံအစစ်ကို ဆရာဖြေဖို့ခက်ခဲနေတယ်ဆိုတာ ရိပ်မိလိုက်တယ်။ တရားခံအစစ်မိသားစုနဲ့ ဆရာတို့ ၊ အချိန်ကုန်ငွေကုန် လူပင်ပန်းခံတည်ဆောက်ထားတဲ့ ကျောင်းနဲ့ မိသားစုများစွာအတွက် ၊ အလုပ်လုပ်နေတဲ့ ဆရာ/ဆရာမတွေ သိက္ခာ ၊ ကျောင်းကိုယုံကြည်စွာအပ်နှံထားတဲ့ ကလေးမိဘတွေရဲ့ သိက္ခာ ကို ၊ ငဲ့ညှာသောအားဖြင့် တရားခံအစစ်ကို ဖော်ထုတ်ပေးပါ ကျေးဇူးပြု၍။

တကယ်ဆို မူကြိုကျောင်းအုပ်ကို အစစအရာရာ တာဝန်အပြည့် ယူခိုင်းပါ ။ ဆရာဦးပညာတို့ဘက်က အမှန်တရားအတွက် ဖြေဖို့မခက်ခဲပါနဲ့လို့ အကြံပေးပါရစေ ။ ခံလိုက်ရတဲ့ ကလေးမိဘနေရာမှာ ဝင်ပြီး ခနလောက် ခံစားပေးပါ။ စွပ်စွဲခံရသူရဲ့ မိသားစုနေရာမှာ ဝင်ပြီး စာနာပေးပါ။

လေးစားစွာဖြင့်

#ဦးဇော်မင်းထွန်း

Credit  \\  original


Recent Updates

Recent Posts Widget