အောင်ရဲလင်းနဲ့မိုးဟေကိုပဲ ..ဆရာကိုဆရာမှန်းသိတယ်..ဆိုတဲ့ ဂျွန်လွင်
Credit- Nanmalgyi
Unicode Version
ဂျွ န် လွင် ဟာ ဆိုရင် အနုပညာရှင်တော်တော်များများကိုမွေးထုတ်ပေးခဲ့သူဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းကလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဂျွန်လွင်က တပည့်တွေထဲမှာ မိုးဟေကိုနဲ့အောင်ရဲလင်းပဲဆရာကိုဆရာမှန်းသိတတ်တယ်လို့ဖြေသွားပြီးမိုးဟေကိုကိုလည်းချီးကျူးသွားတာတွေ့ရပါတယ်
မိုးေ ဟ ကို သီလရှင်ဝတ်တာကိုဆံကိုင်လိုက်ပေးဖြစ်ကြောင်း “ဆရာတဲ့ အဖေနဲ့အမေရယ် အရမ်းရင်းနှီးတဲ့လူတွေရယ်နဲ့ပဲ သီလရှင်ဝတ်မှာ ဆံကိုင်လိုက်ပေးပါဆိုတော့အေးအေးပေါ့ လိုက်မယ်ပေါ့။ ဆံကိုင်ဆိုတော့ ကိုယ်ကသူ့ဘဝမှာ ဆရာလည်းဆရာ မိဘလိုလည်းဖြစ်နေတော့ သူ့ဘဝရဲ့အမှတ်တရအနေနဲ့ ဆံကိုင်ဖို့လေးတော့ လိုက်ခဲ့ပေးပါဆိုတာနဲ့ ကိုယ်လည်းမရောက်မနေသွားလိုက်တာပေါ့နော်”လို့ပြောသွားပါတယ်။
မိုးေ ဟ ကို ကို အရမ်းလေးစားသွားတဲ့အကြောင်းလည်း ဂျွန်လွင်က “အဲဒီအချိန်မှာကျွန်တော်သိလိုက်တဲ့အဖြေတစ်ခုက သူက ဘယ်လောက်တောင်ပြတ်သားနေလဲဆိုတော့ ဖုန်းပါတစ်ခါတည်းပိတ်ချလိုက်ပြီး အဖေနဲ့အမေ သုံးရက်နေ့မှပဲ ကားလွှတ်လိုက်ပါဆိုတော့ ကျွန်တော်ဘုန်းကြီးဝတ်ရင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက facebook တွေဒီလောက်ခေတ်မစားသေးပါဘူး။
ဒါေ ပ မယ့် ကျွန်တော်သိလိုက်တာက ငါ့အသက်ကြီးက သူ့ထက်လည်းကြီးပြီးတော့ ငါဒီလောက်တောင်မပြတ်သားနိုင်ဘူးပေါ့နော်။ သူကပြတ်သားပြီးရဲရင့်တယ်။ တော်တော်ချီးကျူးစရာကောင်းတယ်။ သူက သံယောဇဉ်ဖြတ်ပြီးတော့ ကိုးရက်တိတိသူလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်လေးလေးစားစားနဲ့တကယ်ချီးကျူးပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။
တ ပည့်တွေထဲမှာမိုးဟေကိုနဲ့ အောင်ရဲလင်းပဲ ဆရာကိုဆရာမှန်းသိတယ်လို့ “စိတ်ဓာတ်ပြောင်းလဲနေတဲ့အထဲမှာ သူနဲ့ အောင်ရဲလင်းကတော့ မပါဘူး။ တပည့်တွေထဲမှာပေါ့နော်။ ကျွန်တော် Fashion week ဆိုတာလုပ်ပါတယ်။ သူတို့ကိုကျွန်တော်ပိုက်ဆံအများကြီးမပေးနိုင်ဘူး။ Fashion week လုပ်တယ်ဆိုရင်လုပ်ခါနီးအချိန်တိုင်း အောင်ရဲလင်းကိုယ်တိုင်က သူုူကိုယ်တိုင် offer ပေးတာ။ ဆရာရေ ကျွန်တော်ပါပေးမယ်နော်။ ဘယ်နေ့ထည့်ပေးမလဲ
မိုးဟေကိုဆိုလည်းသမီးပါပေးမယ်နော် ။ကျန်တဲ့တပည့်တွေက ခေါ်ရင်တော့ လာတာပေါ့နော်။ ဒီလိုမျိုုး offer ကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲတစ်ခါမှမလာဘူး”လို့ ပြောပြသွားပါတယ်
Credit- Nanmalgyi