“၇ ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း – 23.5.2019 မွ 29.5.2019 အထိ”




တနဂၤေႏြ

ဒီကာလဟာ မိမိတုိ႔အတြက္အဘက္ဘက္ကအခက္အခဲေတြနည္းပါးပါတယ္။ လုပ္သမွ်အဆင္ေျပျခင္း၊ ႀကံ စည္သမွ်ေအာင္ျမင္ျခင္းေတြကိုအထူးႀကံဳရပါလိမ့္မယ္။ မိတ္ေဆြေပါမ်ားပါလိမ့္မယ္။ ေ၀းကြာေနတဲ့သူငယ္ခ်င္း ေတြနဲ႔ျပန္လည္ဆံုဆည္းရတတ္ပါတယ္။ျပန္႔က်ဲေနတဲ့ေငြေၾကးေတြကိုေကာင္းစြာျပန္စုနိုင္ပါလိမ့္မယ္။

ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္မ်ား၊ အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာမ်ားကိုအထူးအေလးေပးေဆာင္ရြက္ႏုိင္ပါလိမ့္မယ္။ ဌာနဆိုင္ ရာႏွင့္ပက္သက္ေသာကိစၥမ်ားလိုက္ပါေဆာင္ရြက္လုိ႔အထူးေကာင္းပါတယ္။ လုပ္ငန္းအတြက္လုိအပ္ခ်က္ေတြကို အထက္ကိုတင္ျပေတာင္းခံလုိ႔အထူးေကာင္းတဲ့ကာလပါပဲ။

အလုပ္ေလွ်ာက္ထားတာေတြရွိရင္ ဒီကာလမွာအလုပ္ ရတတ္ပါတယ္။ေငြကုန္ေနတာေတြရွိရင္ရပ္တန္႔သြားပါလိမ့္မယ္။ က်န္းမာေရးကေတာ့အညံ့အဆိုးနည္းပါတယ္။ ေရာဂါကင္းၿပီးစိတ္ခ်မ္းသာပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူအေၾကာင္းကိုမိဘေတြအားဖြင့္ေျပာသင့္တဲ့ေန႔ ပါပဲ။

အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ အထူးညံ့တာမ်ိဳးရွိေနပါလိမ့္မယ္။ ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အထူးကံ ေကာင္းေနပါလိမ့္မယ္။ ႀကိဳးစားထားသည္ထက္ပိုမိုေအာင္ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/5/8 အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။ ယၾတာ ပန္းကန္တစ္ခ်ပ္ထဲ လက္ဖက္ကိုးပံုပံုၿပီး ဘုရားကပ္လွဴလိုက္ပါ။

တနလၤာ

စိတ္လြတ္လက္လြတ္ေနခ်င္မိေနတတ္ပါတယ္။ ဒါကလဲေကာင္းပါတယ္။ ဒီကာလက အလုပ္ေတြကိုခဏ ေမ့ၿပီး အနားယူခ်ိန္ကို သပ္သပ္ေပးလိုက္ဖုိ႔လုိပါတယ္။ဒါမွပဲစိတ္လန္း၊လူလန္းပါလိမ့္မယ္။ စန္းပြင့္ေနတဲ့ေန႔ရက္လဲ ျဖစ္ပါတယ္။ လူခ်စ္လူခင္မ်ားပါလိမ့္မယ္။

ေငြေၾကးန႔ဲပက္သက္ၿပီး ေငြေပးျခင္း၊ေငြယူျခင္းေတြ ေငြေၾကးရင္းႏွီးျမဳပ္ ႏွံျခင္းေတြ စတင္လို႔ေကာင္းတ့ဲကာလပါပဲ။ အႏုပညာလုပ္ငန္းလုပ္ကိုင္သူမ်ား ဖန္တီးမႈအသစ္ေတြကိုလုပ္ကိုင္ႏုိင္ ပါလိမ့္မယ္။အေပ်ာ္ခရီးသြားျခင္းေတြအထူးေကာင္းပါတယ္။ မိမိမသိနားမလည္တဲ့ကိစၥေတြကို သိခြင့္ရလာပါလိမ့္ မယ္။

လုပ္ငန္းခြင္အတြင္းေနရာေကာင္းရတာမ်ိဳးေတြအထူးႀကံဳရတတ္ပါတယ္။က်န္းမာေရးကိုေတာ့ အညံ့မရွိသ ေလာက္္ကိုနည္းပါတယ္။ ကိုယ္က်န္းမာစိတ္ခ်မ္းသာေနပါလိမ့္မယ္။ စပ္တူအလုပ္မ်ားရွယ္ယာအလုပ္မ်ား ဒီထက္ ေကာင္းမြန္ပါလိမ့္မယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီးလိုင္းေပၚကေနခ်စ္သူသစ္ရည္းစားသစ္ရတတ္ပါတယ္။

အိမ္ ေထာင္ေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အထူးကံေကာင္းေနခ်ိန္ကာလပါပဲ။ ပညာေရးကေတာ့ ဆရာေကာင္းေတြဆီ မွာသင္ယူခြင့္ေတြရလာတတ္ပါတယ္။ အက်ိဳးေပးဂဏန္း 2/5/6 အထူးေဟာ ေပ်ာ္စရာေတြမ်ားေနပါလိ္မ့္မယ္။ ယၾတာ ငွက္ေပ်ာသီးမွည့္ ဘုရားကပ္လွဴလုိက္ပါ။

အဂၤါ

ဒီကာလအတြင္း ေရွ႕တုိးေဆာင္ရြက္စရာကိစၥေတြကို တတ္ႏိုင္သေလာက္ေရွာင္ေစခ်င္ပါတယ္။ မလုပ္မ ျဖစ္လုပ္ရမယ္ဆုိရင္လဲ နားလည္တတ္ကၽြမ္းသူေတြနဲ႔တိုင္ပင္ၾကည့္ေစခ်င္ပါတယ္။ မိမိစိတ္ကူးအတုိင္းခၽြန္ၿပီးလုပ္ ေလအမွားမ်ားေလျဖစ္ရတတ္ပါတယ္။ ေျခလြန္လက္လြန္ေပးကမ္းမႈေတြကိုေရွာင္ပါ။

တစ္ခုခုကိုေပးလိုက္ၿပီးမွာ ႏွေမ်ာေနသလုိျဖစ္ရတတ္တဲ့ကာလပါပဲ။ လိင္မတူသူေတြနဲ႔ဆက္ဆံေရးကိုလိုတာထက္မပိုပါေစနဲ႔။ ေဘးအျမင္မွာ ကဲ႔ရဲ႕စရာျဖစ္တတ္ပါတယ္။ လက္၀ယ္ရွိတဲ့ စက္ပစၥည္းေတြကိုျပဳျပင္ျခင္း၊ထိန္းသိမ္းျခင္းေတြကုိအထူးေဆာင္ရြက္ သင့္တဲ့ကာလပါပဲ။

ေအာက္လက္ငယ္သားေတြရဲ့အဆင္မေျပမႈေလးေတြကိုလဲ မိမိတတ္ႏိုင္တဲ့ဘက္ကကူညီခြင့္ ေတြရလာတတ္ပါတယ္။ မိမိယံုၾကည္ရတဲ့သူေတြက မိမိကိုသစၥာေဖာက္သြားတတ္ပါတယ္။ လုိတာထက္ပိုၿပီး အတြင္းေရးေတြကိုသူမ်ားကိုထုတ္မေျပာလုိက္ပါနဲ႔။ က်န္းမာေရးကေတာ့ မတ္တပ္ဖ်ား၊မတ္တပ္နာေလာက္ပါပဲ။

အခ်စ္ေရးမွာေတာ့ ၾကား၀င္ေႏွာက္ယွက္သူေတြရွိေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ေဖးေဖးမမနဲ႔ သာယာ ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အားနည္းေနတတ္တာကိုေတြ႔ရပါတယ္။ အက်ိဳးေပးဂဏန္း 3/6/0 အထူးေဟာ အရာရာခ်င့္ခ်င့္ခ်ိန္ခ်ိန္လုပ္ပါ။ ယၾတာ မီးေခ်ာင္း၊မီးလုံုးအကၽြမ္းေတြရွိရင္ စြန္႔ပစ္လုိက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းရန္အတိုက္အခံနဲ႔ယွဥ္တဲ့ ေအာင္ျမင္မႈေတြရတတ္ပါတယ္။ အဆင္ေျပတိုးတတ္ေလေလ ရန္မ်ားေလပါပဲ။တုိက္ခိုက္သူေတြကို ဂရုမစိုက္ဘဲမိမိလုပ္သင့္တာကိုလုပ္ကိုင္ေဆာင္ရြက္သြားလိုက္ပါ။ အလုပ္န႔ဲ ပက္သက္ၿပီး လက္ရွိအေနအထားထက္ျမင့္တဲ့ေနရာမ်ိဳးရတတ္ပါတယ္။

ကံေၾကာင့္မဟုတ္ဘဲ ဥာဏ္၀ီရိယေတြကို စိုက္ထုတ္လုပ္ကိုင္လို႔ အဆင္ေျပတဲ့ကာလပါ။ ပ်င္းေနတဲ့သူေတြကေတာ့ အခက္အခဲမ်ားႏုိင္တဲ့ကာလပါပဲ။ က်န္းမာေရးကိုေတာ့ အထူးအာရံုစိုက္ပါ။စိတ္ၾကည္လင္လန္းဆန္းေနေပမဲ့ ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္ေနတတ္ပါ တယ္။တစ္ကိုယ္လံုးေညာင္းညာကိုက္ခဲေနတတ္ပါတယ္။

စိတ္ကူးထားတာေလးေတြကိုအေကာင္အထည္ေဖာ္ပါ။ အေရးႀကီးတာေတြကိုဦးစားေပးလုပ္တတ္ေလ အဆင္ေျပေလပါပဲ။ တတ္သိထားသမွ်ေတြကို အေျခခံၿပီး ဒီကာလ မွာအားထည့္လုပ္ကို္င္ေစခ်င္ပါတယ္။ မိတ္ေဆြ နယ္ပယ္၊အေပါင္းအသင္းနယ္ပယ္က်ယ္ျပန္႔ႀကီးမားေနတတ္ပါ တယ္။ အခ်စ္ေရးမွာမခ်စ္သင့္သူကိုခ်စ္မိတတ္ပါတယ္။

အိမ္ေထာင္ေရးမွာအညံ့မရွိေပမဲ့ အေစးမကပ္သလုိျဖစ္ရ တတ္ပါတယ္။ပညာကံအထူးေကာင္းေနမည္။အက်ိဳးေပးဂဏန္း 1/0/4 အထူးေဟာ ႀကိဳးစားသမွ်အရာထင္သည္ ယၾတာ ၂၄ပစၥည္းသက္ေစ့ရြတ္ပြားပါ။

ၾကာသပေတး

ဒီကာလအတြင္းအလုပ္နဲ႔ပက္သက္ၿပီး လက္ထဲေငြရွိရင္အဆင္ေျပမဲ့ပစၥည္းတစ္ခုခုကိုရင္းႏွီးျမဳပ္နွံလုိက္ပါ။ အျခားကံထက္ အလုပ္ကံကသိသိသာသာေကာင္းေနတတ္ပါတယ္။ ဒိြဟေတြ၊ေတြေ၀ျခင္းေတြကိုရင္ထဲမထည့္ ထားမိဖို႔လိုအပ္ပါတယ္။ လုပ္ခ်င္တာေတြကိုရဲရဲေရွ႕တိုးလုပ္ကိုင္ေလေအာင္ျမင္မႈတိုးေလပါပဲ။

အလုပ္နဲ႔ပက္သက္ ၿပီးအစည္းအေ၀းက်င္းပတာမ်ိဳးေတြ၊ ရွယ္ယာ၀င္ေတြနဲ႔တိုင္ပင္ၿပီးလုပ္ငန္းတိုးခ်ဲ႕တာမ်ိဳးေတြေဆာင္ရြက္လုိ႔ေကာင္း တဲ့ကာလပါပဲ။ ေအာက္ေျခ၀န္ထမ္းေတြအတြက္ လုိအပ္တဲ့သင္တန္းေတြေပးသင့္တဲ့ကာလပါပဲ။ ပြဲစားအလုပ္မ်ား ၊မီဒီယာအလုပ္မ်ားလုပ္ကိုင္ေနသူေတြအဆင္ေျပတုိးတတ္ပါလိမ့္မယ္။

ဆရာအျဖစ္အသက္ေမြးသူဆုိသင္တန္း သစ္၊တန္းခြဲသစ္စတင္ဖြင့္လွစ္လို႔ေကာင္းတဲ့ကာလပါပဲ။ မိတ္ေကာင္းေဆြေကာင္းေတြရဲ့ အကူအညီေတြအမ်ားႀကီး ရပါလိမ့္မယ္။ ဆရာသမားအထက္လူႀကီးေတြဆီကေန ေဖးမကူညီေပးမႈေတြကိုရရွိပါလိမ့္မယ္။ က်န္းမာေရး အလြန္ေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ စိတ္ရႈပ္စရာေတြမ်ားေနတတ္ပါတယ္။

ပညာေရးမွာေတာ့ စီးပြားေရး ႏြယ္ေသာပညာေတြသင္ယူပါ။အက်ိဳးေပးဂဏန္း 1/2/5 အထူးေဟာ အလုပ္ေတြေကာင္းေနပါလိမ့္မယ္။ ယၾတာ ပဲေၾကာ္ငါးခုဘုရားကပ္လွဴပါ။

ေသာၾကာ

ဒီကာလအတြင္း မိမိအတြက္ခရီးကိစၥေတြစီစဥ္ထားရင္ရက္ေရႊ႕ရတတ္ပါတယ္။ မိတ္္ေဆြသူငယ္ခ်င္းေတြ ေၾကာင့္မိမိေငြကုန္ရတတ္ပါတယ္။ ကုန္သြယ္စီးပြားမ်ား အျမတ္အစြန္းနည္းေနပါလိမ့္မယ္။တစ္ပါးသူဆီကအကူအ ညီေတြရခဲတဲ့ကာလပါပဲ။ ကိုယ့္ဒူးကိုယ္ခၽြန္ႀကိဳးစားသင့္တဲ့ကာလပါပဲ။

အလုပ္နဲ႔ပက္သက္ရင္အခက္အခဲႀကံဳၿပီးမွအ ဆင္ေျပတတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ရင္ နယ္ေ၀းကအလုပ္ေတြအညံ့မ်ားေနလိမ့္မယ္။ ခရီးသြားလုပ္ငန္းမ်ား အလုပ္မ်ားေနပါလိမ့္မယ္။ အႏုပညာနဲ႔ပက္သက္ၿပီး တိုးတတ္ပါလိမ့္မယ္။ လူငယ္ေတြဆို မိဘေတြနဲ႔ အတိုက္အခံ လုပ္ၿပီးအေပ်ာ္ေနာက္လိုက္ေနမိပါတယ္။



ကာမမၾကဴးသင့္တဲ့ေန႔ပါ။ ရန္မ်ားတတ္ပါတယ္။ အရင္ကရန္စရွိသူေတြနဲ႔ ျပန္ေတြ႔ရတတ္ပါတယ္။ စိတ္ခ်မ္းသာစရာေတြရဖို႔ တရားနဲ႔ေပ်ာ္တတ္ဖို႔အေရးႀကီးပါတယ္။ က်န္းမာေရးကေတာ့ အည့ံအဆိုးနညး္ေနတတ္ပါတယ္။ အလြန္ဆံုးေခ်ာင္းဆိုးေခါင္းကိုက္ေလာက္ပဲျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးမွာလဲ ခ်စ္ သူခ်င္းအဆင္ေျပေပမဲ့ ေတြ႔ဖို႔ဆံုဖို႔ မအားလပ္ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပက္သက္ရင္ အဆင္ေျပေခ်ာ ေမြ႔ပါလိမ့္မယ္။

အိမ္ေထာင္ဘက္ရဲ့အကူအညီေတြရပါလိမ့္မယ္။ ပညာေရးကံအားနည္းေနတတ္ပါတယ္။အက်ိဳးေပးဂဏန္း 2/3/6 …အထူးေဟာ စကားနည္းေလကံေကာင္းေလပါ။ ယၾတာ ေခါက္ဆြဲေလးေၾကာ္ၿပီး ဘုရားကပ္ပါ

စေန

ဒီကာလအတြင္း ရပ္ေ၀းကဧည့္သည္ေတြေရာက္လာတတ္ပါတယ္။ အလုပ္ကလဲမ်ား၊အိမ္ကိစၥေတြကလဲ မ်ားဆိုတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့လဲ ရစရာရွိတာေတြကၾကန္႔ၾကာေနတတ္္ပါ တယ္။ ပစၥည္းတစ္ခုခုကို တစ္ပတ္ရစ္၀ယ္မယ္ဆိုနားလည္သူေတြနဲ႔တိုင္ပင္ၿပီးမွ၀ယ္ေစခ်င္ပါတယ္။

က်န္းမာေရး ကေတာ့ဒီကာလမွာအားနည္းေနတာေတြ႔ရပါတယ္။ အဘက္ဘက္ကက်န္းမာေရးျခဴျခာေနတတ္ပါတယ္။ ေရာဂါ ျဖစ္လာရင္ေဆးၿမီးတိုနဲ႔မကုဖို႔မွာခ်င္ပါတယ္။ေငြေၾကးနဲ႔ပက္သက္ၿပီး အလြယ္ေခ်းငွားလုိက္တာမ်ိဳးေတြမလုပ္ မိပါေစနဲ႔။ လူမ်ိိဳးျခား၊ဘာသာျခားေတြရဲ့ေခ်ာက္ခ်ျခင္းကိုခံရႏုိင္ပါတယ္။

အလုပ္နဲ႔႔ ပက္သက္ၿပီးေတာ့လဲကံေကာင္း ျခင္းေတြရွိပါလိမ့္မယ္။ဒါေပမဲ့အလုပ္မ်ားေနတာေၾကာင့္ပင္ပန္းရတာမ်ိဳးေတြေတာ့ရွိတတ္ပါတယ္။ ကိုယ္ပိုင္စီးပြား အလုပ္မ်ားအလုပ္မ်ား အလုပ္နဲ႔ပက္သက္ၿပီး အခ်ိတ္အဆက္ေတြရလာတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ နားလည္ မႈေတြကိုအခ်ိန္ေပးတည္ေဆာက္ရပါလိမ့္မယ္။

အိမ္ေထာင္ေရးသာယာမႈ အားနည္းေနတာေတြ႔ရပါတယ္။ ပညာ ေရးနဲ႔႔ပက္သက္ၿပီး စိတ္ခ်မ္းသာရပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 3/4/6 အထူးေဟာ အနည္းငယ္အလုပ္မ်ားရတတ္ပါတယ္။ ယၾတာ ဖိနပ္ျပတ္ေနတာေတြရွိရင္စြန္႔ပစ္လုိက္ပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ ) အမွတ္-၂၁၆၊ ေဇယ်ာေအာင္ေျမလမ္း၊ဟသၤာကုန္းရပ္ကြက္၊ပဲခူးၿမိဳ႕

09775555695 . . 09445555695

Unicode Version

တနင်္ဂနွေ

ဒီကာလဟာ မိမိတို့အတွက်အဘက်ဘက်ကအခက်အခဲတွေနည်းပါးပါတယ်။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံ စည်သမျှအောင်မြင်ခြင်းတွေကိုအထူးကြုံရပါလိမ့်မယ်။ မိတ်ဆွေပေါများပါလိမ့်မယ်။ ဝေးကွာနေတဲ့သူငယ်ချင်း တွေနဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ပြန့်ကျဲနေတဲ့ငွေကြေးတွေကိုကောင်းစွာပြန်စုနိုင်ပါလိမ့်မယ်။

ကြီးမားတဲ့ ဆုံးဖြတ်ချက်များ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကိုအထူးအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဌာနဆိုင် ရာနှင့်ပက်သက်သောကိစ္စများလိုက်ပါဆောင်ရွက်လို့အထူးကောင်းပါတယ်။ လုပ်ငန်းအတွက်လိုအပ်ချက်တွေကို အထက်ကိုတင်ပြတောင်းခံလို့အထူးကောင်းတဲ့ကာလပါပဲ။

အလုပ်လျှောက်ထားတာတွေရှိရင် ဒီကာလမှာအလုပ် ရတတ်ပါတယ်။ငွေကုန်နေတာတွေရှိရင်ရပ်တန့်သွားပါလိမ့်မယ်။ ကျန်းမာရေးကတော့အညံ့အဆိုးနည်းပါတယ်။ ရောဂါကင်းပြီးစိတ်ချမ်းသာပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအကြောင်းကိုမိဘတွေအားဖွင့်ပြောသင့်တဲ့နေ့ ပါပဲ။

အိမ်ထောင်ရေးကိစ္စတွေမှာတော့ အထူးညံ့တာမျိုးရှိနေပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကံ ကောင်းနေပါလိမ့်မယ်။ ကြိုးစားထားသည်ထက်ပိုမိုအောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/5/8 အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ ယတြာ ပန်းကန်တစ်ချပ်ထဲ လက်ဖက်ကိုးပုံပုံပြီး ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

စိတ်လွတ်လက်လွတ်နေချင်မိနေတတ်ပါတယ်။ ဒါကလဲကောင်းပါတယ်။ ဒီကာလက အလုပ်တွေကိုခဏ မေ့ပြီး အနားယူချိန်ကို သပ်သပ်ပေးလိုက်ဖို့လိုပါတယ်။ဒါမှပဲစိတ်လန်း၊လူလန်းပါလိမ့်မယ်။ စန်းပွင့်နေတဲ့နေ့ရက်လဲ ဖြစ်ပါတယ်။ လူချစ်လူခင်များပါလိမ့်မယ်။

ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးခြင်း၊ငွေယူခြင်းတွေ ငွေကြေးရင်းနှီးမြုပ် နှံခြင်းတွေ စတင်လို့ကောင်းတဲ့ကာလပါပဲ။ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ ဖန်တီးမှုအသစ်တွေကိုလုပ်ကိုင်နိုင် ပါလိမ့်မယ်။အပျော်ခရီးသွားခြင်းတွေအထူးကောင်းပါတယ်။ မိမိမသိနားမလည်တဲ့ကိစ္စတွေကို သိခွင့်ရလာပါလိမ့် မယ်။

လုပ်ငန်းခွင်အတွင်းနေရာကောင်းရတာမျိုးတွေအထူးကြုံရတတ်ပါတယ်။ကျန်းမာရေးကိုတော့ အညံ့မရှိသ လောက်ကိုနည်းပါတယ်။ ကိုယ်ကျန်းမာစိတ်ချမ်းသာနေပါလိမ့်မယ်။ စပ်တူအလုပ်များရှယ်ယာအလုပ်များ ဒီထက် ကောင်းမွန်ပါလိမ့်မယ်။ အချစ်ရေးနဲ့ပက်သက်ပြီးလိုင်းပေါ်ကနေချစ်သူသစ်ရည်းစားသစ်ရတတ်ပါတယ်။



အိမ် ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကံကောင်းနေချိန်ကာလပါပဲ။ ပညာရေးကတော့ ဆရာကောင်းတွေဆီ မှာသင်ယူခွင့်တွေရလာတတ်ပါတယ်။ အကျိုးပေးဂဏန်း 2/5/6 အထူးဟော ပျော်စရာတွေများနေပါလိမ့်မယ်။ ယတြာ ငှက်ပျောသီးမှည့် ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို တတ်နိုင်သလောက်ရှောင်စေချင်ပါတယ်။ မလုပ်မ ဖြစ်လုပ်ရမယ်ဆိုရင်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ကြည့်စေချင်ပါတယ်။ မိမိစိတ်ကူးအတိုင်းချွန်ပြီးလုပ် လေအမှားများလေဖြစ်ရတတ်ပါတယ်။ ခြေလွန်လက်လွန်ပေးကမ်းမှုတွေကိုရှောင်ပါ။

တစ်ခုခုကိုပေးလိုက်ပြီးမှာ နှမျောနေသလိုဖြစ်ရတတ်တဲ့ကာလပါပဲ။ လိင်မတူသူတွေနဲ့ဆက်ဆံရေးကိုလိုတာထက်မပိုပါစေနဲ့။ ဘေးအမြင်မှာ ကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေကိုပြုပြင်ခြင်း၊ထိန်းသိမ်းခြင်းတွေကိုအထူးဆောင်ရွက် သင့်တဲ့ကာလပါပဲ။

အောက်လက်ငယ်သားတွေရဲ့အဆင်မပြေမှုလေးတွေကိုလဲ မိမိတတ်နိုင်တဲ့ဘက်ကကူညီခွင့် တွေရလာတတ်ပါတယ်။ မိမိယုံကြည်ရတဲ့သူတွေက မိမိကိုသစ္စာဖောက်သွားတတ်ပါတယ်။ လိုတာထက်ပိုပြီး အတွင်းရေးတွေကိုသူများကိုထုတ်မပြောလိုက်ပါနဲ့။ ကျန်းမာရေးကတော့ မတ်တပ်ဖျား၊မတ်တပ်နာလောက်ပါပဲ။

အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ဖေးဖေးမမနဲ့ သာယာ ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းနေတတ်တာကိုတွေ့ရပါတယ်။ အကျိုးပေးဂဏန်း 3/6/0 အထူးဟော အရာရာချင့်ချင့်ချိန်ချိန်လုပ်ပါ။ ယတြာ မီးချောင်း၊မီးလုံးအကျွမ်းတွေရှိရင် စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းရန်အတိုက်အခံနဲ့ယှဉ်တဲ့ အောင်မြင်မှုတွေရတတ်ပါတယ်။ အဆင်ပြေတိုးတတ်လေလေ ရန်များလေပါပဲ။တိုက်ခိုက်သူတွေကို ဂရုမစိုက်ဘဲမိမိလုပ်သင့်တာကိုလုပ်ကိုင်ဆောင်ရွက်သွားလိုက်ပါ။ အလုပ်နဲ့ ပက်သက်ပြီး လက်ရှိအနေအထားထက်မြင့်တဲ့နေရာမျိုးရတတ်ပါတယ်။

ကံကြောင့်မဟုတ်ဘဲ ဉာဏ်ဝီရိယတွေကို စိုက်ထုတ်လုပ်ကိုင်လို့ အဆင်ပြေတဲ့ကာလပါ။ ပျင်းနေတဲ့သူတွေကတော့ အခက်အခဲများနိုင်တဲ့ကာလပါပဲ။ ကျန်းမာရေးကိုတော့ အထူးအာရုံစိုက်ပါ။စိတ်ကြည်လင်လန်းဆန်းနေပေမဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေတတ်ပါ တယ်။တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတတ်ပါတယ်။

စိတ်ကူးထားတာလေးတွေကိုအကောင်အထည်ဖော်ပါ။ အရေးကြီးတာတွေကိုဦးစားပေးလုပ်တတ်လေ အဆင်ပြေလေပါပဲ။ တတ်သိထားသမျှတွေကို အခြေခံပြီး ဒီကာလ မှာအားထည့်လုပ်ကိုင်စေချင်ပါတယ်။ မိတ်ဆွေ နယ်ပယ်၊အပေါင်းအသင်းနယ်ပယ်ကျယ်ပြန့်ကြီးမားနေတတ်ပါ တယ်။ အချစ်ရေးမှာမချစ်သင့်သူကိုချစ်မိတတ်ပါတယ်။

အိမ်ထောင်ရေးမှာအညံ့မရှိပေမဲ့ အစေးမကပ်သလိုဖြစ်ရ တတ်ပါတယ်။ပညာကံအထူးကောင်းနေမည်။အကျိုးပေးဂဏန်း 1/0/4 အထူးဟော ကြိုးစားသမျှအရာထင်သည် ယတြာ ၂၄ပစ္စည်းသက်စေ့ရွတ်ပွားပါ။

ကြာသပတေး

ဒီကာလအတွင်းအလုပ်နဲ့ပက်သက်ပြီး လက်ထဲငွေရှိရင်အဆင်ပြေမဲ့ပစ္စည်းတစ်ခုခုကိုရင်းနှီးမြုပ်နှံလိုက်ပါ။ အခြားကံထက် အလုပ်ကံကသိသိသာသာကောင်းနေတတ်ပါတယ်။ ဒွိဟတွေ၊တွေဝေခြင်းတွေကိုရင်ထဲမထည့် ထားမိဖို့လိုအပ်ပါတယ်။ လုပ်ချင်တာတွေကိုရဲရဲရှေ့တိုးလုပ်ကိုင်လေအောင်မြင်မှုတိုးလေပါပဲ။

အလုပ်နဲ့ပက်သက် ပြီးအစည်းအဝေးကျင်းပတာမျိုးတွေ၊ ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီးလုပ်ငန်းတိုးချဲ့တာမျိုးတွေဆောင်ရွက်လို့ကောင်း တဲ့ကာလပါပဲ။ အောက်ခြေဝန်ထမ်းတွေအတွက် လိုအပ်တဲ့သင်တန်းတွေပေးသင့်တဲ့ကာလပါပဲ။ ပွဲစားအလုပ်များ ၊မီဒီယာအလုပ်များလုပ်ကိုင်နေသူတွေအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

ဆရာအဖြစ်အသက်မွေးသူဆိုသင်တန်း သစ်၊တန်းခွဲသစ်စတင်ဖွင့်လှစ်လို့ကောင်းတဲ့ကာလပါပဲ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေအများကြီး ရပါလိမ့်မယ်။ ဆရာသမားအထက်လူကြီးတွေဆီကနေ ဖေးမကူညီပေးမှုတွေကိုရရှိပါလိမ့်မယ်။ ကျန်းမာရေး အလွန်ကောင်းပါတယ်။ အချစ်ရေးမှာတော့ စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။

ပညာရေးမှာတော့ စီးပွားရေး နွယ်သောပညာတွေသင်ယူပါ။အကျိုးပေးဂဏန်း 1/2/5 အထူးဟော အလုပ်တွေကောင်းနေပါလိမ့်မယ်။ ယတြာ ပဲကြော်ငါးခုဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်း မိမိအတွက်ခရီးကိစ္စတွေစီစဉ်ထားရင်ရက်ရွှေ့ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ကြောင့်မိမိငွေကုန်ရတတ်ပါတယ်။ ကုန်သွယ်စီးပွားများ အမြတ်အစွန်းနည်းနေပါလိမ့်မယ်။တစ်ပါးသူဆီကအကူအ ညီတွေရခဲတဲ့ကာလပါပဲ။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားသင့်တဲ့ကာလပါပဲ။

အလုပ်နဲ့ပက်သက်ရင်အခက်အခဲကြုံပြီးမှအ ဆင်ပြေတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင် နယ်ဝေးကအလုပ်တွေအညံ့များနေလိမ့်မယ်။ ခရီးသွားလုပ်ငန်းများ အလုပ်များနေပါလိမ့်မယ်။ အနုပညာနဲ့ပက်သက်ပြီး တိုးတတ်ပါလိမ့်မယ်။ လူငယ်တွေဆို မိဘတွေနဲ့ အတိုက်အခံ လုပ်ပြီးအပျော်နောက်လိုက်နေမိပါတယ်။



ကာမမကြူးသင့်တဲ့နေ့ပါ။ ရန်များတတ်ပါတယ်။ အရင်ကရန်စရှိသူတွေနဲ့ ပြန်တွေ့ရတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေရဖို့ တရားနဲ့ပျော်တတ်ဖို့အရေးကြီးပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းနေတတ်ပါတယ်။ အလွန်ဆုံးချောင်းဆိုးခေါင်းကိုက်လောက်ပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလဲ ချစ် သူချင်းအဆင်ပြေပေမဲ့ တွေ့ဖို့ဆုံဖို့ မအားလပ်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ရင် အဆင်ပြေချော မွေ့ပါလိမ့်မယ်။

အိမ်ထောင်ဘက်ရဲ့အကူအညီတွေရပါလိမ့်မယ်။ ပညာရေးကံအားနည်းနေတတ်ပါတယ်။အကျိုးပေးဂဏန်း 2/3/6 …အထူးဟော စကားနည်းလေကံကောင်းလေပါ။ ယတြာ ခေါက်ဆွဲလေးကြော်ပြီး ဘုရားကပ်ပါ

စနေ

ဒီကာလအတွင်း ရပ်ဝေးကဧည့်သည်တွေရောက်လာတတ်ပါတယ်။ အလုပ်ကလဲများ၊အိမ်ကိစ္စတွေကလဲ များဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ရစရာရှိတာတွေကကြန့်ကြာနေတတ်ပါ တယ်။ ပစ္စည်းတစ်ခုခုကို တစ်ပတ်ရစ်ဝယ်မယ်ဆိုနားလည်သူတွေနဲ့တိုင်ပင်ပြီးမှဝယ်စေချင်ပါတယ်။

ကျန်းမာရေး ကတော့ဒီကာလမှာအားနည်းနေတာတွေ့ရပါတယ်။ အဘက်ဘက်ကကျန်းမာရေးခြူခြာနေတတ်ပါတယ်။ ရောဂါ ဖြစ်လာရင်ဆေးမြီးတိုနဲ့မကုဖို့မှာချင်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီး အလွယ်ချေးငှားလိုက်တာမျိုးတွေမလုပ် မိပါစေနဲ့။ လူမျိုးခြား၊ဘာသာခြားတွေရဲ့ချောက်ချခြင်းကိုခံရနိုင်ပါတယ်။

အလုပ်နဲ့ ပက်သက်ပြီးတော့လဲကံကောင်း ခြင်းတွေရှိပါလိမ့်မယ်။ဒါပေမဲ့အလုပ်များနေတာကြောင့်ပင်ပန်းရတာမျိုးတွေတော့ရှိတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား အလုပ်များအလုပ်များ အလုပ်နဲ့ပက်သက်ပြီး အချိတ်အဆက်တွေရလာတတ်ပါတယ်။အချစ်ရေးမှာတော့ နားလည် မှုတွေကိုအချိန်ပေးတည်ဆောက်ရပါလိမ့်မယ်။

အိမ်ထောင်ရေးသာယာမှု အားနည်းနေတာတွေ့ရပါတယ်။ ပညာ ရေးနဲ့ပက်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။အကျိုးပေးဂဏန်း 3/4/6 အထူးဟော အနည်းငယ်အလုပ်များရတတ်ပါတယ်။ ယတြာ ဖိနပ်ပြတ်နေတာတွေရှိရင်စွန့်ပစ်လိုက်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) အမှတ်-၂၁၆၊ ဇေယျာအောင်မြေလမ်း၊ဟင်္သာကုန်းရပ်ကွက်၊ပဲခူးမြို့

09775555695 . . 09445555695

Recent Updates

Recent Posts Widget

Post Comment