1999 ခုနှစ်တုန်းက အသင်းဖော်တစ်ဦးကို ခေါ်ယူလို့ရမယ်ဆိုရင် ဘယ်သူ့ကို ခေါ်ယူဖြစ်မလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #ဂျပ်စတမ်း




ဒီတစ်ပါတ် မှာတော့ 1999 ခုနှစ် တုန်းက ဆုဖလား သုံးလုံး ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ ကစားသမားဟောင်း တွေဟာ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ကစားသမား ဟောင်း တွေနဲ့ နှစ် 20 ပြည့် အမှတ်တရ ပွဲစဉ် ကစားသွား ကြဖို့ ရှိနေ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း ဖြစ်သူ ဂျပ် စတမ်း က သူသာ အခွင့် အရေး ရှိ ပါက 1999 ခုနှစ် ယူနိုက်တက် အသင်းမှ ကစား သမား တစ်ဦး ကို ခေါ်ယူ ခွင့် ရရှိ မယ် ဆိုရင် အသင်း ဖော် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် စခိုးလ် ကို ခေါ်ယူ သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဂျပ် စတမ်း ဟာ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ ကာလ အတွင်း 1998 ခုနှစ် နဲ့ 2001 ခုနှစ် အကြား ပေါလ် စခိုးလ် နဲ့ အသင်း ဖော် အဖြစ် အတူ လက်တွဲ ကစား ဖူးသူပဲ ဖြစ် ပါတယ် ။ အဲ့ဒီ ကာလ အတွင်း မှာတော့ သူဟာ ယူနိုက်တက် နဲ့ အတူ ဆု ဖလား သုံးလုံး ဆွတ်ခူး ခဲ့တဲ့ စပါယ်ရှယ် ဘောလုံး ရာသီ ပိုင်ဆိုင် ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

အခုတော့ အသက် 46 နှစ် ရှိပြီ ဖြစ်တဲ့ ဂျပ် စတမ်း ဟာ နယ်သာလန် ကလပ် PEC Zwolle အသင်း ကို ကိုင်တွယ် နေပြီး အသင်းဖော် ဟောင်း ထဲက ဘယ်သူ တစ်ဦး တစ်ယောက် ကို ခေါ်ယူ လိုချင် သလဲ လို့ မေးခံ လိုက် ရတဲ့ အခါ မဆိုင်းမတွ ဖြေ ကြား သွားခဲ့ ပါတယ် ။

” ကျွန်တော် ကစား ခဲ့တဲ့ အသင်း တိုင်း က ကစားသမား တွေ ထဲမှာ ပေါလ် စခိုးလ် ဟာ အကောင်းဆုံး သော ကစားသမား တစ်ဦး ပါပဲ ။ သူဟာ လုံးဝ ကို အပြီး ပြည့်စုံ ဆုံး ကွင်းဘယ် လူ တစ်ဦး လို့တောင် ပြောလို့ ရကောင်း ရနိုင် ပါတယ် ။ သူ့ဆီ မှာ အရာရာ တိုင်း ရှိနေ ပါတယ် ”

” သူ့ရဲ့ ဂိုး သွင်းယူ ပုံ နဲ့ ဘောလုံး ပေးပို့ မှု တွေဟာ တစ်ကယ့် ကို အဆင့်အတန်း မြင့်လွန်း လှ ပါတယ် ။ နည်း စနစ် ပိုင်း အရ ဆိုရင် သူဟာ လုံးဝ ကို တစ်ဖက် ကမ်း ခပ်သူ ပဲ ဖြစ် ပါတယ် ။ သူဟာ များသော အားဖြင့် ပြေးလွှား နေတက် သလို ဘောလုံး ယှဉ်လု ဖို့လည်း ကြောက်ရွံ့ နေတက် သူ မဟုတ် ပါဘူး ”

” သေချာ ပါတယ် ။ ကျွန်တော် သူ့ကို ပဲ ခေါ်ယူ ချင်မှာ ပါ ။ သူဟာ အခု အချိန် တောင် အဲ့တာ မျိုးတွေ လုပ်ပြ နိုင်စွမ်း ရှိနေ သေးဆဲ ပါပဲ ။ တနင်္ဂနွေ နေ့မှာ ကျွန်တော် သူ့ကို ဘောလုံး ပေးဖြစ် မလား ? လုံးဝ သေချာ ပါတယ် ။ ကျွန်တော် အဲ့ဒီ လို အခွင့် အရေး ကို စောင့်မျှော် သွားမှာ ပါ ”

” ကျွန်တော် ယူနိုက်တက် မှာ ကစား နေ ခဲ့စဉ် တုန်းက ကျွန်တော် တစ်ခါတလေ ဘောလုံး ဆွဲပြီး ကွင်းလယ် အထိ တက်ရောက် သွားတဲ့ အခါ ဆိုရင် ဆာ အဲလပ်စ် က အော်လေ့ ရှိ ခဲ့ပြီး ‘ ဂျပ်ရေ ၊ အဲ့တာ မလုပ် နဲ့ ၊ ကွင်းလယ် ကစားသမား တွေ ဆီသာ ဘောလုံး ပေးလိုက် ၊ ကျန်တာ သူတို့ လုပ်ကြ လိမ့်မယ် ‘ လို့ ပြောလေ့ ရှိ ခဲ့တယ် ”

” ကျွန်တော် တို့ ဇာတ်လမ်း က အဲ့တာ ပါပဲ ။ လူတိုင်း လူတိုင်း အနေ နဲ့ အသင်း မှာ သူတို့ ရဲ့ အခန်း ကဏ္ဍ ၊ တာဝန် ကို သိရှိ သင့်တယ် လို့ ထင် ပါတယ် ။ ကျွန်တော် ဟာ ခံစစ် ကစားသ မား တစ်ဦး ဖြစ်တဲ့ အတွက် ခံစစ် တာဝန် ကိုပဲ အထူး ကျေပြွန် အောင် လုပ်ဆောင် ရ ပါ့မယ် ”

” တစ်ခါတရံ မှာတော့ ကျွန်တော် တို့ အသင်း အတွက် ပိုတဲ့ အရာ တွေ လုပ်ဆောင် တက်ကြ ပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အရှေ့ မှာ အဲ့တာ ကို လုပ်မဲ့ သူ ရှိနေ ရင် ကျွန်တော် လုပ်တာ တွေက အပို ပါပဲ ။ ဒါ့ကြောင့် ကျွန်တော့် အရှေ့ က စခိုးလ် ဆီ ဘောလုံး ပေး ရတာ ကျွန်တော် ကြည်နူး တဲ့ အရာ ဖြစ်ခဲ့ ရ ပါတယ် ”
” တစ်ခါတလေ မှာတော့ ကျွန်တော် ဘောလုံး ကိုင်ပြီး အရှေ့ ကို ပြေးတက် သွားလေ့ ရှိတက် ပါတယ် ။ တစ်စုံတခု ထူးခြား စေလို တဲ့ စိတ်ဓါတ် နဲ့ပေါ့ ။ ကျွန်တော် တို့ ဘောလုံး ကို တိုက်စစ် ဆီ ဆွဲပြေး သွား ကြတဲ့ အခါတိုင်း ပရိသတ် တွေ ဆီက သြဘာ ပေးမှု တွေ ရရှိ ခဲ့ကြ ပါတယ် ”

” ဘောလုံး ရရှိ တဲ့ အချိန် မှာ ကောင်းမွန် တဲ့ အရာ တွေ သေချာ ပေါက် လုပ်ဆောင် ပြနိုင် ဖို့ လိုအပ် လှ ပါတယ် ။ ပရိသတ် တွေ အော်ဟစ် အားပေး ကြတာ ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ခံစားချက် တစ်ရပ် ပါပဲ ။ တနင်္ဂနွေ နေ့ အိုးလ် ထရပ်ဖို့ဒ် မှာ အဲ့လို လုပ်နိုင် ဦးမယ် ဆိုရင် တော့ အဲ့တာ ဟာ တစ်ကယ့် ကို စပါယ်ရှယ် ခံစားချက် တစ်ခု ဖြစ်နေ ပါ လိမ့်မယ် ” လို့ စတမ်း က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

Sports_Myanmar
credit

Recent Updates

Recent Posts Widget

Post Comment