“ေမေမ သက္ ကို ခ်စ္စရာေကာင္းေအာင္ စေနာက္လိုက္တဲ့ လဝန္းေမ”
လဝန္းေလးကေတာ့ ေမေမသက္မြန္ျမင့္ကုိ အျမဲတမ္း စတတ္၊ ေနာက္တတ္သူေလးပါ။ တစ္ခါတေလမွာလည္း လူႀကီးေလးလုိပဲ လုိ႔ သက္မြန္ျမင့္က ေျပာပါတယ္။
သက္မြန္ျမင့္တစ္ေယာက္ အႏုပညာအလုပ္ေတြ မ်ားေနတဲ့အခ်ိန္မွာ သားနဲ႔ သမီးေလးတုိ႔ရဲ႕ အျပဳအမူေလးေတြေၾကာင့္ အေမာေျပရသူျဖစ္ပါတယ္။ အခုလည္း သူမရဲ႕ သမီးငယ္ေလး လဝန္းေမရဲ႕ စတတ္၊ ေနာက္တတ္ပုံေတြကုိ ေျပာျပလာပါတယ္။
‘’အမေလး မလဝန္းေမရယ္။ ငါ့ ေရာင္းစားေတာ့မလားပဲ။ ၂ ႏွစ္မခဲြေသးဘူးဟယ္။ အတတ္က လြန္အားႀကီး။ ၂၄ နာရီ ကင္မရာ ဖြင့္ထားရမလိုပဲ.. မွတ္တမ္းတင္ဖို႔ကို’’ေမလ ၂၂ ရက္ေန႔ ည ၁၀ နာရီ က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ဓာတ္ပုံရုိက္ေနတဲ့ ေမေမ့ကုိ မ်က္ႏွာေျပာင္ေနတဲ့ လဝန္းေလးရဲ႕ ဓာတ္ပုံကုိလည္း တင္ခဲ့ပါေသးတယ္။
သမီးေလး လဝန္းေမရဲ႕ လည္ေၾကာင္း၊ တတ္ေၾကာင္းေတြကုိလည္း မၾကာခဏ သက္မြန္ျမင့္က ေျပာျပေလ့ရွိပါတယ္။ လူလည္မေလး လဝန္းကုိလည္း ပရိသတ္ေတြက တစ္ေန႔ထက္ တစ္ေန႔ အခ်စ္ပုိလုိ႔ေနပါတယ္။
” အငယ္ေလးက မိန္းကေလးဆုိေတာ့ မိန္းကေလးရဲ႕ သဘာဝက သြက္တယ္ေလ၊ အတတ္ျမန္တယ္။ အကုန္နားလည္ၿပီးေတာ့ သူ႔ပုံစံ ကုိက လူႀကီးပုံစံေလးျဖစ္ေနတာ။ သူ႔ရဲ႕ စိတ္၊ သူ႔ရဲ႕ လႈပ္ရွားမႈေတြက လုံးဝ လူႀကီး လုိျဖစ္ သြားေတာ့ ငါ့သမီးေလး လူႀကီးလုိ ျဖစ္သြားၿပီေပါ့ေနာ္။ ကုိယ္က ခ်စ္လုိ႔ မဝေသးဘူး သူကလူႀကီးေလးျဖစ္ေနၿပီ ဆုိၿပီးေတာ့ေတာင္ ေနာက္ေန ေသးတယ္”ဆုိျပီးေတာ့ Duwun Media အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။
သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။အကယ္ဒမီ သက္မြန္ ကေတာ့၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့ၿပီး အခုဆုိရင္ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။
Credit: DUuwn
Unicode Version
လဝန်းလေးကတော့ မေမေသက်မွန်မြင့်ကို အမြဲတမ်း စတတ်၊ နောက်တတ်သူလေးပါ။ တစ်ခါတလေမှာလည်း လူကြီးလေးလိုပဲ လို့ သက်မွန်မြင့်က ပြောပါတယ်။
သက်မွန်မြင့်တစ်ယောက် အနုပညာအလုပ်တွေ များနေတဲ့အချိန်မှာ သားနဲ့ သမီးလေးတို့ရဲ့ အပြုအမူလေးတွေကြောင့် အမောပြေရသူဖြစ်ပါတယ်။ အခုလည်း သူမရဲ့ သမီးငယ်လေး လဝန်းမေရဲ့ စတတ်၊ နောက်တတ်ပုံတွေကို ပြောပြလာပါတယ်။
‘’အမလေး မလဝန်းမေရယ်။ ငါ့ ရောင်းစားတော့မလားပဲ။ ၂ နှစ်မခွဲသေးဘူးဟယ်။ အတတ်က လွန်အားကြီး။ ၂၄ နာရီ ကင်မရာ ဖွင့်ထားရမလိုပဲ.. မှတ်တမ်းတင်ဖို့ကို’’မေလ ၂၂ ရက်နေ့ ည ၁၀ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်နေတဲ့ မေမေ့ကို မျက်နှာပြောင်နေတဲ့ လဝန်းလေးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
သမီးလေး လဝန်းမေရဲ့ လည်ကြောင်း၊ တတ်ကြောင်းတွေကိုလည်း မကြာခဏ သက်မွန်မြင့်က ပြောပြလေ့ရှိပါတယ်။ လူလည်မလေး လဝန်းကိုလည်း ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။
” အငယ်လေးက မိန်းကလေးဆိုတော့ မိန်းကလေးရဲ့ သဘာဝက သွက်တယ်လေ၊ အတတ်မြန်တယ်။ အကုန်နားလည်ပြီးတော့ သူ့ပုံစံ ကိုက လူကြီးပုံစံလေးဖြစ်နေတာ။ သူ့ရဲ့ စိတ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေက လုံးဝ လူကြီး လိုဖြစ် သွားတော့ ငါ့သမီးလေး လူကြီးလို ဖြစ်သွားပြီပေါ့နော်။ ကိုယ်က ချစ်လို့ မဝသေးဘူး သူကလူကြီးလေးဖြစ်နေပြီ ဆိုပြီးတော့တောင် နောက်နေ သေးတယ်”ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Credit: DUuwn
Post Comment