Ameican GOT Talent မှာ မြန်မာကိုယ်စားပြု ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မယ့် Junior Creative
GOT Talent ဆိုတဲ့ ပြိုင်ပွဲဟာဆိုရင်လည်း ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုယ်ပိုင်ဗားရှင်းတွေ ကျင်းပပြုလုပ်ပြီး ထုတ်လွှင့်ပြသနေတာကို အားလုံးလည်းသိကြပြီးသားဖြစ်မှာပါ ။အဲ့ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းအပါဝင်ဖြစ်ပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့ သတင်းလေးတစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က Myanmar GOT Talent မှာ Winner ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တဲ့ Creative Junior အဖွဲ့ရဲ့ American GOT Talent ကိုသွားရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းလေးပါ။ Junior Creative ဆိုတဲ့ နာမည်ကိုမသိရင်တောင်မှ ပိတ်ကားနောက်ကွယ်ကနေ အရိပ်တွေနဲ့ သရုပ်ဖော်ကပြတဲ့ Shadow Dance ကပြတဲ့အဖွဲ့ကိုတော့သိကြမယ်ထင်ပါတယ်။ အဲ့ဒါက Junior Creative ပဲဖြစ်ပါတယ်။
သူတို့American GOT Talent ကိုသွားရောက်ယှဉ်ပြိုင်မယ့်အကြောင်းကို Sunday Journal နဲ့အင်တာဗျူးမှာ “ ကျနော့်တိုသွားရောက်ယှဉ်ပြိုင်မယ့် American GOT Talent ကကျတော့ စက်တင်ဘာ ၊အောက်တိုဘာလောက်ဖြစ်မှာပေါ့ ။ ပြိုင်ရမှာက Audition အဆင့်လာမယ်၊ ဆီမီးဖိုင်နယ်အဆင့်လာမယ်၊ ဖိုင်နယ် လာမယ် သုံးဆင့် ရှိတယ်။ ကျနော်တို့လောလောဆယ် ပြင်ဆင်နေတာကတော့ ပါဖော့မန်စ်တွေတွေးပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ကမ္ဘာကသိအောင် တွေးပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ရိုးရာအကြောင်းအရာတွေကို တွေးပါတယ်။ ပြီးတော့ ကျနော်သွားပြိုင်တာကို မြန်မာနိုင်ငံကလူတွေသိပြီးတော့ Voteပေးတာကိုလို ချင်ပါတယ်။ ဖိလစ်ပိုင် ကအဖွဲ့တွေလာပြိုင်ရင် ဖိလစ်ပိုင်ကလူတွေက Support လုပ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ သွားပြိုင်တာကိုလည်း မြန်မာနိုင်ငံကလူတွေ Support လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်။
ဖိအားတွေကတော့ရှိတယ်ခင်ဗျ ။ကျနော်တို့ကမြန်မာနိုင်ငံကိုယ်စားပြုဆိုတဲ့ပုံစံနဲ့သွားပြိုင်ရမှာဖြစ်တဲ့အတွက် ကျနော်တို့လုပ်သမျှလုပ်ရပ်တွေက ကမ္ဘာကိုရောက်မှာပါ ။ကျနော်တို့ အဖွဲ့ကအမှားလုပ်ခဲ့တယ်ဆိုရင်တောင် ကျနော်တို့သာမကပဲ မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပါထိမှပါ။ ဒါပေမယ့်ကျနော်တို့အဖွဲ့တွေလုံးဝ အကောင်းဆုံးပြင်ဆင်ပြီးတော့ အဘက်ဘက်ကစဉ်းစားပြီးတော့ ဘယ်ဟာအဆင်ပြေမလဲ ဆိုပြီးမြန်မာနိုင်ငံကဘာလဲဆိုတာပြနိုင်ဖို့သေချာစီစဉ်နေပါတယ်။ American GOT Talent မှာ အဓိကက MR ဆိုင်မွန်ပေါ့ ကျနော်သူ့တိုကြည့်သလောက်တော့ တခြားဒိုင်တွေလိုမဟုတ်ဘဲ တကယ်ကြိုက်မှတကယ်ကြိုက်တယ်ပြောတယ်။ အဲ့ဒီလိုလူဆီက Commentကောင်းတွေရရင်တော့ကျနော်တို့အဖွဲ့အတွက်အရမ်းကိုဂုဏ်ယူစရာဖြစ်မှာပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Credit \ original





