“ထိုင္းႏိုင္ငံက… ႏိုင္ငံမဲ့ ရွမ္းမိန္းကေလး ..အေမရိကန္တြင္ ..သိပၸံတီထြင္ဆုရရွိ “




ထိုင္းႏိုင္ငံက ႏိုင္ငံမဲ့ ရွမ္းမိန္းကေလး အေမရိကန္တြင္ သိပၸံတီထြင္ဆုရရွိ

ေလဆိပ္မွာႀကိဳဆို(ရုပ္သံဖိုင္)

https://youtu.be/IxmCjyRF0ns

ထိုင္းႏိုင္ငံက ရြာငယ္ေလးတစ္ရြာျဖစ္တဲ့ ခ်ိဳင္ရိုင္း ဆိုတဲ့ရြာမွာေက်ာင္းတက္ေနတဲ့ ရွမ္းမိန္းကေလးဟာ အေမရိကန္၊ အရီဇိုးနားမွာက်င္းပျပဳလုပ္တဲ့ Intel International Science and Engineering Fair ယွဥ္ၿပိဳင္ပြဲမွာ ဒုတိယဆုရရွိခဲ့ပါတယ္။ ေအာင္ပြဲေတြနဲ႔အတူျပန္လာခဲ့တဲ့ အဖြဲ႔ကိုေတာ့ ေက်ာင္းသားေတြ၊မိဘေတြ နဲ႔ ဆရာေတြက Mae Fa Luang ေလဆိပ္မွာႀကိဳဆိုဂုဏ္ျပဳခဲ့ၾကပါတယ္။

စိုက္ပ်ိဳးေရးနည္းပညာတစ္ခုကိုယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အထူးဆုေပး ဒုတိယရခဲ့လို႔ USAID အဖြဲ႔ကေန အေမရိကန္ ေဒၚလာ $3000 ကိုလည္း စေကာလားဆုအျဖစ္ခ်ီးျမွင့္ခဲ့ပါတယ္ေသးတယ္။ သူမရဲ႕နာမည္ကေတာ့ Nampeung Panya လို႔သိရပါတယ္။

Nampeung Panya ဟာ အေစာပိုင္းကာလကတည္းက အေမရိကန္ကို ယွဥ္ၿပိဳင္ဖို႔ ႏွစ္ႀကိမ္သြားဖို႔ႀကိဳးစားခဲ့ေပမယ့္ သူမဟာႏိုင္ငံမဲ့ျဖစ္တဲ့အတြက္ေၾကာင့္ အေမရိကန္က ဗီဇာကို ႏွစ္ႀကိမ္လံုးပိတ္ပင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ထိုင္းႏိုင္ငံျပည္ထဲက ၀န္ႀကီးက သူမကို ႏိုင္ငံသားအျဖစ္ခြင့္ျပဳေပးခဲ့တာပဲျဖစ္ပါတယ္။ ပိုၿပီးစိတ္၀င္စားဖို႔ေကာင္းတဲ့အခ်က္ကေတာ့သူမဟာျမန္မာေရႊ႕ေျပာင္းလုပ္သားမိဘႏွစ္ပါးက ေမြးဖြားခဲ့တာလို႔လည္းသိရပါတယ္။

ခုဆိုရင္ သူမရဲ႕ ဂုဏ္သတင္းက ထိုင္းႏိုင္ငံမီဒီယာေတြၾကားမွာ ေရပန္းစားတဲ့သတင္းတစ္ပုဒ္ျဖစ္ေနၿပီး သူမရဲ႕ ဂုဏ္သတင္းေတြကိုလည္းေရးသားေနၾကပါတယ္။

Ref: The Chiangrai Times and Nation Multimedia
https://www.chiangraitimes.com/Chiangrai,ChiangRai,News,PressRelease/nampeung-panya
http://www.nationmultimedia.com/detail/national/30369396

Damrongrat Songkhroh Students Greeted at Chiang Rai’s Mae Fa Luang Airport after Win Awards at Intel International Science and Engineering Fair in Phoenix, Arizona

Unicode Version

ထိုင်းနိုင်ငံက နိုင်ငံမဲ့ ရှမ်းမိန်းကလေး အမေရိကန်တွင် သိပ္ပံတီထွင်ဆုရရှိ

လေဆိပ်မှာကြိုဆို(ရုပ်သံဖိုင်)

ထိုင်းနိုင်ငံက ရွာငယ်လေးတစ်ရွာဖြစ်တဲ့ ချိုင်ရိုင်း ဆိုတဲ့ရွာမှာကျောင်းတက်နေတဲ့ ရှမ်းမိန်းကလေးဟာ အမေရိကန်၊ အရီဇိုးနားမှာကျင်းပပြုလုပ်တဲ့ Intel International Science and Engineering Fair ယှဉ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ပါတယ်။ အောင်ပွဲတွေနဲ့အတူပြန်လာခဲ့တဲ့ အဖွဲ့ကိုတော့ ကျောင်းသားတွေ၊မိဘတွေ နဲ့ ဆရာတွေက Mae Fa Luang လေဆိပ်မှာကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

စိုက်ပျိုးရေးနည်းပညာတစ်ခုကိုယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အထူးဆုပေး ဒုတိယရခဲ့လို့ USAID အဖွဲ့ကနေ အမေရိကန် ဒေါ်လာ $3000 ကိုလည်း စကောလားဆုအဖြစ်ချီးမြှင့်ခဲ့ပါတယ်သေးတယ်။ သူမရဲ့နာမည်ကတော့ Nampeung Panya လို့သိရပါတယ်။

Nampeung Panya ဟာ အစောပိုင်းကာလကတည်းက အမေရိကန်ကို ယှဉ်ပြိုင်ဖို့ နှစ်ကြိမ်သွားဖို့ကြိုးစားခဲ့ပေမယ့် သူမဟာနိုင်ငံမဲ့ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်က ဗီဇာကို နှစ်ကြိမ်လုံးပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံပြည်ထဲက ဝန်ကြီးက သူမကို နိုင်ငံသားအဖြစ်ခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့သူမဟာမြန်မာရွှေ့ပြောင်းလုပ်သားမိဘနှစ်ပါးက မွေးဖွားခဲ့တာလို့လည်းသိရပါတယ်။
ခုဆိုရင် သူမရဲ့ ဂုဏ်သတင်းက ထိုင်းနိုင်ငံမီဒီယာတွေကြားမှာ ရေပန်းစားတဲ့သတင်းတစ်ပုဒ်ဖြစ်နေပြီး သူမရဲ့ ဂုဏ်သတင်းတွေကိုလည်းရေးသားနေကြပါတယ်။

Ref: The Chiangrai Times and Nation Multimedia
https://www.chiangraitimes.com/Chiangrai,ChiangRai,News,PressRelease/nampeung-panya
http://www.nationmultimedia.com/detail/national/30369396

Damrongrat Songkhroh Students Greeted at Chiang Rai’s Mae Fa Luang Airport after Win Awards at Intel International Science and Engineering Fair in Phoenix, Arizona

Recent Updates

Recent Posts Widget

Post Comment